ယေဇကျေလ 23:46 - မြန်မာ့စံမီသမ္မာကျမ်း46 ဘုရားရှင်ထာဝရဘုရားက ‘သူတို့ထံသို့ လူအလုံးအရင်းကို ချီလာစေပြီး သူတို့ကို ထိတ်လန့်စေမည်၊ လုယူဖျက်ဆီးစေမည်။ အခန်းကိုကြည့်ပါ။Common Language Bible46 အရှင်ထာဝရဘုရားက``သူတို့အားကြောက်လန့် တုန်လှုပ်စေရန်နှင့်လုယက်စေရန် ရုန်းရင်းဆန် ခတ်ပြုသည့်လူအုပ်ကိုခေါ်ခဲ့လော့။- အခန်းကိုကြည့်ပါ။Garrad Bible46 ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် ပ ရိ သတ် ကို ခေါ်၍၊ ထိတ် လန့် ခံ၊ လု ယက် ခံ ထား သော ထို သူ တို့ ကို၊ အခန်းကိုကြည့်ပါ။Judson Bible46 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကို ငါချီစေ၍၊ လုယက်သိမ်းသွားစေခြင်းငှာ အခွင့်ပေးမည်။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။