အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 12:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တိုင်းပြည်​သည် မည်သည့်​အချိန်​ထိ ငိုကြွေးမြည်တမ်း​ရ​မည်နည်း​။ ကွင်းပြင်​ရှိ​မြက်​တို့​သည် မည်သည့်​အချိန်​ထိ ခြောက်သွေ့​ရ​မည်နည်း​။ “​ငါ​တို့​၏​အဆုံး​ကို ကိုယ်တော်​မ​မြင်​”​ဟု ပြောဆို​ကြ​သော ပြည်သား​တို့​၏​မကောင်းမှု​ကြောင့် တိရစ္ဆာန်​များ​၊ ငှက်​များ သေကျေပျက်စီး​ကုန်​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျွန်​တော်​မျိုး​တို့​၏​ပြည်​သည်​အ​ဘယ်​မျှ ကြာ​ကြာ ခြောက်​သွေ့​လျက်၊ လယ်​ကွင်း​များ​ရှိ​မြက်​တို့​သည်​လည်း၊အ​ဘယ်​မျှ ကြာ​ကြာ​ညှိုး​နွမ်း​လျက်​နေ​ရ​ပါ​မည်​နည်း။ `ငါ​တို့​ပြု​ကျင့်​ပုံ​ကို​ဘု​ရား​သ​ခင်​တွေ့​မြင်​တော် မမူ' ဟု​ပြော​ဆို​ကြ​သည့် ဤ​ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ငှက်​များ၊ တိ​ရစ္ဆာန်​များ​သည်​သေ​ကြေ​ပျက်​စီး​လျက်​ရှိ ပါ​၏။''

အခန်းကိုကြည့်ပါ။

Garrad Bible

နေ ပြည် သည် မြည် တမ်း လျက်၊ ကောက် ပင် ဟူ သ မျှ လည်း၊ သွေ့ ခြောက် လျက် နေ ရ မည် မှာ၊ မည် မျှ ကြာ အံ့ နည်း။ ငါ တို့၏ အ ဆုံး ကို ဆ ရာ မြင် ရ တော့ မည် မ ဟုတ် ဟု၊ ဆို သော ထို ပြည် သား တို့ ဆိုး သွမ်း မှု အ တွက် မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ တို့ ပင် ပ ပျောက် လျက် ရှိ သည် တ ကား ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ပြည်​သား​များ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ပြည်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မြည်​တမ်း​ရ​ပါ​အံ့​နည်း။ အ​ရပ်​ရပ်​တို့၌​ရှိ​သော မြက်​ပင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ညှိုး​နွမ်း​ရ​ပါ​အံ့​နည်း။ ငါ​တို့​ခံ​ရ​သော​အ​ကျိုး​အ​ပြစ် ကို ဘု​ရား​သ​ခင် မ​သိ​မ​မြင်​ဟု ပြည်​သား​များ ဆို​သော​ကြောင့်၊ သား​များ​နှင့် ငှက်​များ​တို့​သည် ပျောက်​ပျက်​ကြ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 12:4
22 ပူးပေါင်းရင်းမြစ်များ  

အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။


ဤ​အမှု​တို့​ကို​သင်​ပြု​၍ ငါ​သည် တိတ်ဆိတ်​စွာ​နေ​သဖြင့် ငါ​သည် သင်​နှင့်​တူ​သည်​ဟု သင်​ထင်မှတ်​၏​။ ငါ​သည် သင့်​ကို​ဆုံးမ​၍ သင်​၏​အပြစ်​ကို သင့်​ရှေ့မှောက်​၌​ခင်းပြ​မည်​။


ကမ္ဘာမြေကြီး​သည် ငိုကြွေးမြည်တမ်း​၍ ညှိုးနွမ်း​၏​။ ကမ္ဘာလောက​သည် အားလျော့​ချည့်နဲ့​၏​။ ဂုဏ်မြင့်​သူမြေကြီးသား​တို့​သည် အားလျော့​ကြ​၏​။


ထို့ကြောင့် ကျိန်​ခြင်း​သည် ကမ္ဘာမြေကြီး​ကို လောင်ကျွမ်း​လေ​ပြီ​။ မြေကြီးသား​တို့​အပေါ် အပြစ်​သက်ရောက်​လေ​ပြီ​။ မြေကြီးသား​တို့​ကို အမျက်မီး​လောင်ကျွမ်း​၍ လူ​အနည်းငယ်​သာ ကြွင်းကျန်​၏​။


သူ​တို့​သည် ငါ့​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​ပြီ​။ လူသူကင်းမဲ့​သော​လယ်မြေ​သည် ငါ့​အား ငိုကြွေးမြည်တမ်း​ပြ​ပြီ​။ မည်သူ​မျှ​အလေး​မ​ထား​ကြ​သောကြောင့် ပြည်​တစ်ပြည်လုံး​ပျက်စီး​သွား​လေ​ပြီ​။


ယုဒ​ပြည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ မြို့​တံခါး​တို့​လည်း အားလျော့​ကြ​ပြီ​။ မြေကြီး​ပေါ်တွင် ဝမ်းနည်း​ပူဆွေး​ကြ​လေ​ပြီ​။ ဂျေရုဆလင်​မြို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထွက်ပေါ်​လာ​ပြီ​။


အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်​သူ​တို့​နှင့် ပြည့်​လျက်​နေ​၏​။ အကျိန်​ခံရ​သောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်း​ကြ​၏​။ တောကန္တာရ​စားကျက်မြေ​များ​လည်း ခြောက်သွေ့​လျက်​ရှိ​၏​။ သူ​တို့​သည် ဆိုးညစ်​စွာ​အသက်ရှင်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို မမှန်မကန်​အသုံးချ​ကြ​၏​။


ငါ​ကြည့်​လိုက်​သော် လူ​တစ်ယောက်​မျှ​မ​ရှိ​။ မိုးကောင်းကင်​ရှိ​ငှက်​ရှိသမျှ​တို့​သည်​လည်း ပျံသန်း​သွား​လေ​ပြီ​။


ထို့ကြောင့် မြေကြီး​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ အထက်​ကောင်းကင်​သည် မှောင်မည်း​လိမ့်မည်​။ ငါ​မိန့်ဆို​ခဲ့​ပြီ​။ ကြံစည်​ခဲ့​ပြီ​။ စိတ်ပြောင်းလဲ​မည်​မ​ဟုတ်​။ နောက်ပြန်လှည့်​မည်​မ​ဟုတ်​။


ပရောဖက်​တို့​၏​စကား​သည် လေ​သက်သက်​ဖြစ်​၏​။ သူ​တို့​သည် ဗျာဒိတ်ရ​သည်​မ​ဟုတ်​။ သူ​တို့​ပြော​သည့်​အတိုင်း သူ​တို့​၌ ဖြစ်​ပါစေ​”​ဟု ဆို​တတ်​ကြ​၏​။


ပရောဖက်​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိ​တို့​သဘော​အတိုင်း အုပ်ချုပ်​ကြ​၏​။ ထိုသို့သော​အမှုအရာ​တို့​ကို ငါ့​လူမျိုး​တော်​သည် နှစ်သက်​ကြ​၏​။ အဆုံး​၌ သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ့​အမျက်​ဒေါသ​သည် ဤ​အရပ်​နှင့်တကွ လူ​၊ တိရစ္ဆာန်​၊ ကွင်းပြင်​ရှိ​သစ်ပင်​၊ မြေ​အသီးအနှံ​တို့​အပေါ် သွန်ချ​မည်​။ ငါ​၏​ဒေါသ​သည် မ​ငြိမ်း​ဘဲ​တောက်လောင်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် တောင်​များ​အတွက် ငိုကြွေး​မြည်တမ်း​မည်​။ စားကျက်​တောကြီး​များ​အတွက် ကြေကွဲဝမ်းနည်း​မည်​။ အကြောင်းမူကား ထို​နေရာ​တို့​ကို မီးလောင်​သွား​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ သိုးနွား​တို့​၏​အသံ​ကို​မ​ကြား​ရ​။ ကောင်းကင်​ငှက်​များ​၊ တိရစ္ဆာန်​များ​သည်​လည်း အဝေး​သို့​ထွက်ပြေး​သွား​ကြ​ပြီ​။


“ထိုသို့သော​အမှုအရာ​များ​ကြောင့် ငါ​သည် သူ​တို့​ကို ဒဏ်​မ​ခတ်​ဘဲ​နေ​ရ​မည်လော​။ ထိုသို့​သော​လူမျိုး​ကို ငါ​ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ နေ​ရ​မည်လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို့ကြောင့် တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ ပြည်သူပြည်သား​များ​လည်း ချုံးချုံးကျ​ကုန်​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​နှင့် ပင်လယ်​ငါး​များ​ပါ​မကျန် သေကျေ​ကြ​လိမ့်မည်​။


တိရစ္ဆာန်​များ​လည်း ညည်းတွား​ရ​လေ​ပြီ​။ စားကျက်မြေ မ​ရှိ​တော့​သဖြင့် တိရစ္ဆာန်အုပ်​များ တဝဲလည်လည်​ဖြစ်​ရ​လေ​ပြီ​။ သိုးအုပ်​များ​လည်း ဒုက္ခရောက်​လေ​ပြီ​။


အာမုတ်​က “​ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ သိုးကျောင်း​ရာ​စားကျက်မြေ​များ ခြောက်သွေ့​၍ ကရမေလ​တောင်​ထိပ်​သည် ညှိုးနွမ်း​သွား​ပြီ”​ဟု ဆို​၏​။


သဖန်းပင် မ​ပွင့်​၊ စပျစ်ပင် မ​သီး​၊ သံလွင်ပင်​လည်း မ​ဖြစ်ထွန်း​၊ လယ်ယာ​သီးနှံ​လည်း မ​ထွက်​၊ သိုး​ခြံ​မှ သိုး​ပြတ်​၍ တင်းကုပ်​များ​၌ နွား​တစ်​ကောင်​မျှ​မ​ရှိ​သော်လည်း


ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က “​အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ နှစ်​ပေါင်း​ခုနစ်ဆယ်​ပတ်လုံး ကိုယ်တော်​အမျက်​တော်​ရှ​ခဲ့​သော ယုဒ​ပြည်​ရှိ​မြို့​များ​နှင့် ဂျေရုဆလင်​မြို့​ကို ကရုဏာ​တော်​မ​ပြ​ဘဲ မည်မျှ​ကြာ​အောင် နေ​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။


ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​သည် ယခု​တိုင်အောင် အတူတကွ​ညည်းတွား​လျက် အတူတကွ​သားဖွား​ခြင်း​ဝေဒနာ​ကို​ခံစား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။