ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
ယေရမိ 12:10 - မြန်မာ့စံမီသမ္မာကျမ်း သိုးထိန်းအမြောက်အမြားတို့သည် ငါ့စပျစ်ခြံကို ဖျက်ဆီးကြပြီ။ ငါ့လယ်ကွင်းကို နင်းချေကြပြီ။ ငါတန်ဖိုးထားသောလယ်မြေကို လူသူကင်းမဲ့ရာတောကန္တာရကဲ့သို့ ဖြစ်စေကြပြီ။ Common Language Bible လူမျိုးခြားဘုရင်အများပင်ငါ၏ စပျစ် ဥယျာဉ်ကိုဖျက်ဆီးပစ်ကြလေပြီ။ သူတို့သည်ငါ၏လယ်ယာများကို နင်းချေပစ်ကြလေပြီ။ နှစ်သက်ဖွယ်ကောင်းသည့်ငါ့ပြည်တော် ကို သဲကန္တာရဖြစ်စေကြလေပြီ။ Garrad Bible မြောက် မြား သော အ ထိန်း အ ကျောင်း တို့ သည်၊ ငါ့ စ ပျစ် ဥ ယျာဉ် ကို ဖျက် ဆီး လျက်၊ ပိုင် စု တော် ကို ဖိ နင်း လျက်၊ နှစ် မြို့ တော် မူ သော ပိုင် စု ကို ပင်၊ ဆိတ် ညံ ရာ တော ဖြစ် စေ ကြ လေ ပြီ။ Judson Bible များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ်ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဖို့ကို ကျော်နင်းကြပြီ။ ငါရထိုက်သော နှစ်သက်ရာအဖို့ကို လူဆိတ်ညံရာတောဖြစ်စေကြပြီ။ |
ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏သန့်ရှင်းသောလူမျိုးတော်တို့ ခဏသာပိုင်ဆိုင်ရပြီး ရန်သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို နင်းချေကြပြီ။
ထာဝရဘုရားက “ငါ၏စားကျက်မှသိုးတို့ကို ဖျက်ဆီးသောသိုးထိန်း၊ ကွဲလွင့်စေသောသိုးထိန်းတို့သည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ငြိမ်းချမ်းသာယာသောနေထိုင်ရာအရပ်တို့သည် ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် ပျက်စီးလေပြီ။
ခြင်္သေ့ပျိုသည် ပုန်းအောင်းရာနေရာကိုစွန့်ခွာသကဲ့သို့ ထာဝရဘုရားသည် သူတို့၏ပြည်ကိုစွန့်ခွာတော်မူပြီ။ သူတို့၏ပြည်သည် နိုင်ထက်စီးနင်းပြုသောသူနှင့် ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။
ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။
သိုးထိန်းတို့သည် မိမိတို့၏သိုးအုပ်များနှင့်အတူ လာ၍ ဇိအုန်မြို့ပတ်ပတ်လည်၌ တဲထိုးကြမည်။ အသီးသီး မိမိစားကျက်၌ ကျက်စားကြမည်”ဟု မိန့်တော်မူ၏။
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။
“အချင်းလူသား၊ အစ္စရေးသိုးထိန်းတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက သိုးထိန်းတို့အား ‘မိမိကိုယ်ကိုသာ ကျွေးမွေးစောင့်ရှောက်သော အစ္စရေးသိုးထိန်းတို့၊ သင်တို့သည် အမင်္ဂလာရှိ၏။ သိုးထိန်းတို့မည်သည် သိုးတို့ကို ကျွေးမွေးရမည်မဟုတ်လော။
သိုးထိန်းမရှိသောကြောင့် သိုးတို့ကွဲလွင့်ကုန်၏။ ကွဲလွင့်သွားသောသိုးတို့သည် သားရဲတိရစ္ဆာန်တို့၏အစာဖြစ်ရကုန်၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။
ထို့ကြောင့် မည်သို့ချေပပြောဆိုရမည်ကို ကြိုတင်၍မစဉ်းစားရန် သင်တို့၏စိတ်နှလုံးထဲ၌ ဆုံးဖြတ်ထားကြလော့။
သို့သော် ဗိမာန်တော်၏အပြင်ဘက်၌ရှိသည့်တံတိုင်းသည် လူမျိုးခြားတို့အားပေးထားသည်ဖြစ်၍ ၎င်းကိုမတိုင်းဘဲချန်ထားလော့။ ထိုသူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းချေကြလိမ့်မည်။