Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 23:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထာဝရဘုရား​က “​ငါ​၏​စားကျက်​မှ​သိုး​တို့​ကို ဖျက်ဆီး​သော​သိုးထိန်း​၊ ကွဲလွင့်​စေ​သော​သိုးထိန်း​တို့​သည် အမင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖျက်​ဆီး​၍​ကွဲ လွင့်​စေ​သည့်​မင်း​စိုး​ရာ​ဇာ​များ​အ​ပေါ်​သို့ ထာ ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​မည့်​တ​ရား​စီ​ရင် ချက်​သည်​အ​ဘယ်​မျှ​ကြောက်​လန့်​ဖွယ်​ကောင်း လိမ့်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ စား ကျက် တော် ရှိ သိုး အုပ် ကို ဖျက် ဆီး ခွဲ လွှင့် သော အ ထိန်း အ ကျောင်း တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို ဖျက်​ဆီး၍၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 23:1
30 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား သိုးထိန်း​တို့​သည် အသိတရား​ကင်းမဲ့​ကြ​၏​။ ထာဝရဘုရား​ကို​မ​ရှာ​ကြ​။ ထို့ကြောင့် အောင်မြင်မှု​မ​ရရှိ​ကြ​။ သူ​တို့​၏​သိုးစု​အားလုံး​တို့​သည်​လည်း ကွဲလွင့်​ကြ​လေ​ပြီ​။


သိုးထိန်း​အမြောက်အမြား​တို့​သည် ငါ့​စပျစ်ခြံ​ကို ဖျက်ဆီး​ကြ​ပြီ​။ ငါ့​လယ်ကွင်း​ကို နင်းချေ​ကြ​ပြီ​။ ငါ​တန်ဖိုး​ထား​သော​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​တောကန္တာရ​ကဲ့သို့ ဖြစ်​စေ​ကြ​ပြီ​။


သင်​တို့​နား​မ​ထောင်​လျှင် သင်​တို့​၏​မာန်မာန​ကြောင့် ငါ့​စိတ်ဝိညာဉ်​သည် ကွယ်​ရာ​၌ ငိုကြွေး​မည်​။ ထာဝရဘုရား​၏​သိုးစု​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် ငါ​သည် ဝမ်းနည်းပက်လက်​ငိုကြွေး​မည်​၊ မျက်ရည်​ဖြိုင်ဖြိုင်စီးကျ​မည်​။


အစ္စရေး​လူမျိုး​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​သည် ဖမ်းမိ​သော​သူခိုး​အရှက်ကွဲ​သကဲ့သို့ အရှက်ကွဲ​ရ​လိမ့်မည်​။


ယဇ်ပုရောဟိတ်​တို့​က​လည်း ‘ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။ ပညတ်တရား​ကို စွဲကိုင်​သော​သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ​။ အုပ်ချုပ်​သူ​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ပရောဖက်​တို့​သည် ဗာလ​ဘုရား​ကို​အမှီပြု​၍ ပရောဖက်ပြု​ကြ​၏​။ အကျိုး​မ​ပေး​သော​အရာ​တို့​နောက်သို့​လိုက်​ကြ​၏​။


သင်​၏​သိုးထိန်း​အားလုံး​တို့​သည် လေတိုက်​ရာ​သို့ လွင့်ပါ​သွား​ရ​မည်​။ သင်​ချစ်​သော​သူ​တို့​သည် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​သွား​ရ​မည်​။ သင်​၏​မကောင်းမှု​အလုံးစုံ​ကြောင့် အရှက်ကွဲ​ရ​လိမ့်မည်​။ အသရေပျက်​ရ​လိမ့်မည်​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က မိမိ​လူမျိုး​တော်​ကို​ထိန်းကျောင်း​သော သိုးထိန်း​တို့​အား “​သင်​တို့​သည် ငါ​၏​သိုးစု​ကို​ကွဲလွင့်​စေ​၏​။ နှင်ထုတ်​၏​။ သူ​တို့​ကို ဂရု​မ​စိုက်​။ ကြည့်ရှု​လော့​။ သင်​တို့​ပြု​သော​ဆိုးညစ်မှု​ကြောင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ့​လူမျိုး​တော်​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ​။ သူ​တို့​ကို​ထိန်းကျောင်း​သော​သိုးထိန်း​တို့​သည် သူ​တို့​ကို​လမ်းလွဲ​စေ​ပြီ​။ တောင်​များ​ပေါ်တွင် တလည်လည်​ဖြစ်​စေ​ပြီ​။ သူ​တို့​၏​နားနေရာ​ကို မမှတ်မိ​တော့​ဘဲ တစ်တောင်​မှ​တစ်တောင် တစ်​ကုန်း​မှ​တစ်​ကုန်း​သို့ လှည့်လည်​သွားလာ​နေ​ရ​လေ​ပြီ​။


ဘုရားရှင်​ထာဝရဘုရား​က ‘ဗျာဒိတ်နိမိတ်​ကို​မ​မြင်​ရ​ဘဲ ကိုယ့်​စိတ်သဘော​အတိုင်း​ဟောပြော​တတ်​သည့် မိုက်မဲ​သော​ပရောဖက်​တို့​၌ အမင်္ဂလာ​ရှိ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


သင်​တို့​သည် အားနည်း​သော​သိုး​တို့​ကို နံစောင်း​၊ ပခုံး​တို့​ဖြင့် တွန်းထုတ်​သည်​သာမက အဝေး​သို့​လွင့်ထွက်​သွား​သည့်​တိုင်အောင် ချို​ဖြင့်​ဝှေ့​သောကြောင့်


ဘုရားရှင်​ထာဝရဘုရား​က “သင်​တို့​သည် ငါ့​စားကျက်​၌​ကျက်စား​သော လူမျိုး​တော်​သိုးစု​ဖြစ်​၏​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ဆိတ်ညံ​ခဲ့​သော​မြို့​တို့​သည် သတ်မှတ်​ထား​သော​ပွဲတော်​ကာလ​တွင် ဂျေရုဆလင်​မြို့​၌ ယဇ်ပူဇော်​ရန်​သိုး​များ​နှင့် ပြည့်နှက်​နေ​သကဲ့သို့ လူအုပ်​များ​နှင့် ပြည့်​နေ​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


“သိုးထိန်း​တို့​ကို ငါ​အမျက်ထွက်​၏​။ ခေါင်းဆောင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိမိ​၏​သိုးစု​ယုဒ​အမျိုးအနွယ်​ကို ကြည့်ရှု​ထောက်မ​၍ သူ​တို့​ကို ရဲစွမ်းသတ္တိ​ရှိ​သော​စစ်​မြင်း​ကဲ့သို့ ဖြစ်​စေ​မည်​။


သူ​တို့​ရှိ​ကြ​ပါလေစေ။ သူ​တို့​သည် မျက်မမြင်​တို့​ကို​လမ်းပြ​သော မျက်မမြင်​များ​ဖြစ်​ကြ​၏။ မျက်မမြင်​သည် မျက်မမြင်​ကို​လမ်းပြ​လျှင် နှစ်ဦးစလုံး တွင်း​ထဲသို့​ကျ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။


သူခိုး​သည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူကား သိုး​တို့​အား အသက်​ကို​ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝ​ပြည့်စုံ​စွာ​ရရှိ​စေရန်​လာ​၏။


သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။


ငါ့​ထက်​အလျင်​ဦးစွာ​ရောက်လာ​သော​သူ​ရှိသမျှ​တို့​သည် သူခိုး​များ၊ ဓားပြ​များ​ဖြစ်​ကြ​၏။ သို့သော် သိုး​တို့​သည် သူ​တို့​ကို​နားမထောင်​ခဲ့​ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ