သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
ယေရမိ 10:7 - မြန်မာ့စံမီသမ္မာကျမ်း အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။ Common Language Bible လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။ Garrad Bible ခန့် ညား ခြင်း ကို ခံ တော် မူ ထိုက် သော၊ လူ အ မျိုး မျိုး တို့၏ ဘု ရင် မင်း မြတ်၊ မ ခန့် ညား ဘဲ နေ ဝံ့ သူ ကား၊ မည် သူ ပါ နည်း။ လူ အ မျိုး မျိုး တွင် ပ ညာ ရှိ တို့၌ လည်း ကောင်း၊ တိုင်း နိုင် ငံ၌ လည်း ကောင်း၊ ကိုယ် တော် နှင့် တူ သူ မ ရှိ ချေ။ Judson Bible အို လူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲနေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌လည်းကောင်း ကိုယ်တော်နှင့် တူသောသူ တစ်စုံတစ်ယောက်မျှမရှိပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
ရှင်ဘုရင်သည် ဥပဒေစီရင်ထုံးကိုနားလည်သူအပေါင်းတို့နှင့် တိုင်ပင်လေ့ရှိ၏။ ထို့ကြောင့် ရှင်ဘုရင်သည် ကာလဒေသကိုသိနားလည်သော ပညာရှိအမတ်များနှင့် ဆွေးနွေးတိုင်ပင်လေ၏။
ငါတို့၏အရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီးမားတော်မူ၏။ ကိုယ်တော်၏ထိုးထွင်းဉာဏ်သည် အနန္တဖြစ်၏။
အကြောင်းမူကား ဘုရင့်အရိုက်အရာသည် ထာဝရဘုရားနှင့်ဆိုင်တော်မူ၏။ ကိုယ်တော်သည် လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။
ကိုယ်တော်သည် လူမျိုးတကာတို့ကို ငါတို့အောက်၌လည်းကောင်း၊ တိုင်းသူပြည်သားတို့ကို ငါတို့၏ခြေဖဝါးအောက်၌လည်းကောင်း ငြိမ်ဝပ်ပိပြားစေတော်မူ၏။
ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ မည်သူသည် ကိုယ်တော်၏ရှေ့တွင် ရပ်နေနိုင်ပါမည်နည်း။
အို ဘုရားရှင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုတော်မူသောအမှုများနှင့်တူသော အမှုလည်း မရှိပါ။
အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
အကြောင်းမူကား မိုးကောင်းကင်တွင် မည်သူ့ကို ထာဝရဘုရားနှင့်နှိုင်းယှဉ်နိုင်ပါသနည်း။ ကောင်းကင်သားတို့တွင် မည်သူသည် ထာဝရဘုရားနှင့်တူပါသနည်း။
ဖာရောမင်းကြီးက “မနက်ဖြန်”ဟု ဆိုလျှင် မောရှေက “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်း အရှင်သိမြင်စေရန် အရှင်၏စကားအတိုင်း ဖြစ်လိမ့်မည်။
သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် ငါသည် ဘေးဒဏ်အမျိုးမျိုးကို သင်မှစ၍ သင်၏အမှုထမ်းများ၊ သင်၏ပြည်သူပြည်သားများအပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် မြေတစ်ပြင်လုံး၌ ငါကဲ့သို့သောဘုရားမရှိကြောင်း သင်သိမြင်လိမ့်မည်။
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသောသူမရှိပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည် တန်ခိုးတော်ကြောင့် ကြီးမြတ်ပါ၏။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
ဒံယေလက ရှင်ဘုရင်အား “အရှင်မင်းကြီးမေးသည့် နက်နဲသောအရာကို ပညာရှိများ၊ ဗေဒင်ဆရာများ၊ မှော်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များက အရှင်မင်းကြီးအား ဖော်ပြနိုင်မည်မဟုတ်ပါ။
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။
ထိုနေ့ရက်တွင် လူမျိုးများစွာတို့သည် ထာဝရဘုရားထံလာရောက်ပူးပေါင်း၍ ငါ၏လူမျိုးတော် ဖြစ်လာလိမ့်မည်။ ငါသည် သင့်အလယ်၌ ကိန်းဝပ်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်ထံသို့ ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
ထာဝရဘုရားသည် တန်ခိုးကြီးသောဘုရားဖြစ်သည်ကို မြေကြီးသားအားလုံးသိစေရန်နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့အစဉ်ကြောက်ရွံ့ရိုသေကြစေရန်ဖြစ်၏”ဟု ပြောကြား၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။