လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားအပေါင်းတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုတို့သည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
ယေရမိ 10:21 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သိုးထိန်းတို့သည် အသိတရားကင်းမဲ့ကြ၏။ ထာဝရဘုရားကိုမရှာကြ။ ထို့ကြောင့် အောင်မြင်မှုမရရှိကြ။ သူတို့၏သိုးစုအားလုံးတို့သည်လည်း ကွဲလွင့်ကြလေပြီ။ Common Language Bible ငါက``ငါတို့၏ခေါင်းဆောင်များသည်မိုက်မဲ သူများဖြစ်၍ ထာဝရဘုရား၏ပို့ဆောင်လမ်းပြမှုကို မတောင်းမခံကြ။ သို့ဖြစ်၍သူတို့သည်အကြံမအောင်ကြဘဲ ငါတို့ အမျိုးသားများသည်ပျံ့လွင့်၍သွားရ ကြခြင်းဖြစ်၏။ Garrad Bible အ ထိန်း အ ကျောင်း တို့ သည် ဉာဏ် ကင်း၍၊ ထာ ဝ ရ ဘု ရား ထံ မ မေး မ လျှောက် ကြ သည့် အ တွက်၊ အ ကြံ မ မြောက် သည့် ပြင်၊ ထိန်း ကျောင်း ခံ ရ သူ အ ပေါင်း တို့ သည် ကွဲ လွင့် ကြ လေ ပြီ။ Judson Bible အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန်သဘောရှိ၍၊ ထာဝရဘုရားကိုမရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။ |
လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားအပေါင်းတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုတို့သည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
ထိုသူအပေါင်းတို့သည် အသိတရားမရှိ၊ မိုက်မဲကြ၏။ အချည်းနှီးသောအရာကိုသွန်သင်ပေးသူမှာ သစ်သားဖြစ်၏။
သိုးထိန်းအမြောက်အမြားတို့သည် ငါ့စပျစ်ခြံကို ဖျက်ဆီးကြပြီ။ ငါ့လယ်ကွင်းကို နင်းချေကြပြီ။ ငါတန်ဖိုးထားသောလယ်မြေကို လူသူကင်းမဲ့ရာတောကန္တာရကဲ့သို့ ဖြစ်စေကြပြီ။
ယဇ်ပုရောဟိတ်တို့ကလည်း ‘ထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။ ပညတ်တရားကို စွဲကိုင်သောသူတို့သည် ငါ့ကိုမသိကြ။ အုပ်ချုပ်သူတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုကြ၏။ အကျိုးမပေးသောအရာတို့နောက်သို့လိုက်ကြ၏။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
ပညာရှိတို့သည် အရှက်ကွဲကြလိမ့်မည်၊ ကြောက်လန့်ကြလိမ့်မည်၊ ဖမ်းဆီးခြင်းခံရကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား၏စကားတော်ကိုစွန့်ပယ်ကြ၏။ သူတို့၌ မည်သည့်ဉာဏ်ပညာရှိမည်နည်း။
သိုးထိန်းသည် ကွဲလွင့်သွားသော မိမိ၏သိုးတို့ကို လိုက်ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ရှာဖွေမည်။ မိုးအုံ့၍အမှောင်ကျသောနေ့တွင် အရပ်ရပ်ကွဲလွင့်သွားသော ငါ့သိုးတို့ကိုကယ်တင်မည်။
“သိုးထိန်းတို့ကို ငါအမျက်ထွက်၏။ ခေါင်းဆောင်တို့ကို ငါဒဏ်ခတ်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိမိ၏သိုးစုယုဒအမျိုးအနွယ်ကို ကြည့်ရှုထောက်မ၍ သူတို့ကို ရဲစွမ်းသတ္တိရှိသောစစ်မြင်းကဲ့သို့ ဖြစ်စေမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။