ယေရမိ 10:21 - Common Language Bible21 ငါက``ငါတို့၏ခေါင်းဆောင်များသည်မိုက်မဲ သူများဖြစ်၍ ထာဝရဘုရား၏ပို့ဆောင်လမ်းပြမှုကို မတောင်းမခံကြ။ သို့ဖြစ်၍သူတို့သည်အကြံမအောင်ကြဘဲ ငါတို့ အမျိုးသားများသည်ပျံ့လွင့်၍သွားရ ကြခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible21 အ ထိန်း အ ကျောင်း တို့ သည် ဉာဏ် ကင်း၍၊ ထာ ဝ ရ ဘု ရား ထံ မ မေး မ လျှောက် ကြ သည့် အ တွက်၊ အ ကြံ မ မြောက် သည့် ပြင်၊ ထိန်း ကျောင်း ခံ ရ သူ အ ပေါင်း တို့ သည် ကွဲ လွင့် ကြ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible21 အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန်သဘောရှိ၍၊ ထာဝရဘုရားကိုမရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 အကြောင်းမူကား သိုးထိန်းတို့သည် အသိတရားကင်းမဲ့ကြ၏။ ထာဝရဘုရားကိုမရှာကြ။ ထို့ကြောင့် အောင်မြင်မှုမရရှိကြ။ သူတို့၏သိုးစုအားလုံးတို့သည်လည်း ကွဲလွင့်ကြလေပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
ဤအခြင်းအရာကိုမြင်ခြင်းကြောင့် လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ ပန်းတဉ်းဆရာအပေါင်းတို့သည် မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။ အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။