အကျွန်ုပ်တို့၏အမှတ်လက္ခဏာများကို အကျွန်ုပ်တို့မမြင်ရပါ။ ပရောဖက်လည်းမရှိတော့ပါ။ မည်မျှအထိ ဤသို့ဖြစ်မည်ကိုသိသောသူလည်း အကျွန်ုပ်တို့ထဲတွင်မရှိပါ။
ယေဇကျေလ 7:26 - မြန်မာ့စံမီသမ္မာကျမ်း ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရောက်လာမည်။ သတင်းစကား တစ်ခုပြီးတစ်ခု ကြားရမည်။ ပရောဖက်တို့ထံမှ ဗျာဒိတ်နိမိတ်ကို မေးမြန်းသော်လည်း ရမည်မဟုတ်။ ယဇ်ပုရောဟိတ်တို့ထံမှ တရားတော်၊ သက်ကြီးဝါကြီးတို့ထံမှ အကြံဉာဏ်တို့သည်လည်း ပျောက်ဆုံးလိမ့်မည်။ Common Language Bible ဘေးဒုက္ခတို့သည်တစ်ခုပြီးတစ်ခုသက်ရောက် လာလျက် သင်တို့သည်သတင်းဆိုးများကို အဆက်မပြတ်ကြားရကြလိမ့်မည်။ သင်တို့ သည်ပရောဖက်တို့အားသူတို့တွေ့မြင်ရ သည့်ဗျာဒိတ်ရူပါရုံများကိုဖော်ပြရန် တောင်းပန်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်များ တို့မှာလည်း လူတို့အားဟောပြောသွန်သင် ရန်အဘယ်အရာမျှရှိလိမ့်မည်မဟုတ်။ အသက်ကြီးသူတို့သည်လည်းအဘယ်သို့ မျှအကြံဉာဏ်ပေးနိုင်ကြလိမ့်မည်မဟုတ်။- Garrad Bible ဘေး အ ထပ် ထပ်၊ သ တင်း ဆိုး အ ထပ် ထပ် ရောက် သော်၊ ပ ရော ဖက် ထံ ဗျာ ဒိတ် ရူ ပါ ရုံ ကို ရှာ၍ မ တွေ့ ကြ သည့် ပြင်၊ ပ ရော ဟိတ်၌ ပ ညတ် တ ရား၊ လူ ကြီး၌ အ ကြံ ပ ညာ ပြတ် စဲ သ ဖြင့်၊ Judson Bible ဘေးတစ်ခုနောက်တစ်ခု၊ သတင်းတစ်ခု နောက်တစ်ခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရားဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။ |
အကျွန်ုပ်တို့၏အမှတ်လက္ခဏာများကို အကျွန်ုပ်တို့မမြင်ရပါ။ ပရောဖက်လည်းမရှိတော့ပါ။ မည်မျှအထိ ဤသို့ဖြစ်မည်ကိုသိသောသူလည်း အကျွန်ုပ်တို့ထဲတွင်မရှိပါ။
ထို့ကြောင့် ဘေးအန္တရာယ်သည် သင့်အပေါ်သက်ရောက်မည်။ ထိုဘေးအန္တရာယ်ကို ကာကွယ်ပေးမည့်ဂါထာကို သင်သိမည်မဟုတ်။ ဘေးဒုက္ခသည် သင့်အပေါ်ကျရောက်မည်။ သင်တားဆီးနိုင်မည်မဟုတ်။ သင်မသိလိုက်မီမှာပင် ဖျက်ဆီးခြင်းဘေးသည် သင့်အပေါ် ရုတ်တရက်သက်ရောက်မည်။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ထိုသူတို့က “ငါတို့ကို ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီး တိုက်ခိုက်နေပါသည်။ ထာဝရဘုရားသည် အံ့ဖွယ်အမှုပြုလေ့ရှိသည့်အတိုင်း ငါတို့ထံမှ သူဆုတ်ခွာသွားအောင် ပြုကောင်းပြုတော်မူမည်ဖြစ်၍ ငါတို့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပါလော့”ဟု ဆိုကြ၏။
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
ပျက်စီးခြင်းတစ်ခုပြီးတစ်ခု လိုက်လာပြီ။ တစ်ပြည်လုံး ဖျက်ဆီးခြင်းခံရပြီ။ ငါ့တဲတို့သည် ရုတ်တရက်ဖျက်ဆီးခြင်းခံရပြီ။ ငါ့ရွက်ထည်တို့သည် တစ်ခဏချင်းတွင် ဖျက်ဆီးခြင်းခံရပြီ။
မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။
ထိုအခါ ငါ့အား “အချင်းလူသား၊ ဤလူတို့သည် မကောင်းသောအကြံကိုကြံစည်သောသူများ၊ ဤမြို့သားတို့ကို မကောင်းသောအကြံဉာဏ်ပေးသောသူများဖြစ်၏။
“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
အစ္စရေးသက်ကြီးဝါကြီးအချို့တို့သည် ငါ့ထံသို့လာ၍ ငါ့ရှေ့တွင် ထိုင်နေကြစဉ်
သူတို့က ‘သင်အဘယ်ကြောင့် ညည်းတွားသနည်း’ဟု မေးလျှင် သင်က ‘ကြားရသောသတင်းစကားကြောင့်ဖြစ်၏။ ကြားရသောသတင်းအတိုင်း ဖြစ်ပျက်လာလျှင် လူတိုင်း စိတ်အားလျော့မည်၊ လက်ပန်းကျမည်၊ စိတ်ဓာတ်ကျ၍ ဒူးများပျော့ခွေသွားလိမ့်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။
ထိုသို့ဖြစ်သည့်တိုင်အောင် သင်တို့သည် ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်အတွက် သင်တို့အား အပြစ်ဒဏ်ခုနစ်ဆ ထပ်၍ပေးမည်။
သင်တို့သည် ငါ့ကို ဆက်လက်ဆန့်ကျင်၍ ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်နှင့်အလျောက် သင်တို့အပေါ်သို့ ဘေးဒဏ်ကို ခုနစ်ဆ ထပ်၍ကျရောက်စေမည်။
ငါသည်လည်း သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆဒဏ်ခတ်မည်။
ငါသည်လည်း သင်တို့ကို အမျက်ဒေါသဖြင့် သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆအပြစ်ဒဏ်ပေးမည်။
ထို့ကြောင့် သင်တို့သည် ညအချိန်၌ ဗျာဒိတ်နိမိတ်ရတော့မည်မဟုတ်၊ မှောင်မိုက်ချိန်၌ ဂမ္ဘီရအတတ်ကို အသုံးပြုနိုင်တော့မည်မဟုတ်။ ပရောဖက်တို့အဖို့ နေဝင်၍ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
“သင်တို့သည် ငါ့တရားလမ်းကိုမလိုက်၊ မျက်နှာရဖို့သာသွန်သင်တတ်ကြသောကြောင့် ငါသည် သင်တို့ကို လူအပေါင်းတို့ရှေ့တွင် မထီမဲ့မြင်ပြုစရာ၊ ရှုတ်ချစရာဖြစ်စေမည်။”
သူတို့အပေါ် ဘေးအန္တရာယ်များကို စုပြုံကျရောက်စေမည်။ ငါ့မြားတို့ကို သူတို့ထံ အကုန်ပစ်လွှတ်မည်။
သူငယ်ရှမွေလသည် ဧလိထံပါး၌နေ၍ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုနေ့ရက်များတွင် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာခဲ၏။ ဗျာဒိတ်နိမိတ်လည်း နည်းပါးလှ၏။