အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
ယေဇကျေလ 7:14 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့ကို ငါအမျက်ထွက်သောကြောင့် တံပိုးမှုတ်၍အဆင်သင့်ပြင်ဆင်ထားသော်လည်း စစ်ချီတက်မည့်သူတစ်ယောက်မျှမရှိ။ Common Language Bible တိုက်ပွဲစရန်တံပိုးမှုတ်ပြီဖြစ်၍လူအပေါင်း တို့သည်အသင့်ပြင်ကြ၏။ သို့ရာတွင်တစ်ဦး တစ်ယောက်မျှစစ်ပွဲထဲသို့မဝင်ရောက်။ အဘယ် ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော် သည် လူတိုင်းအပေါ်သို့သက်ရောက်မည်ဖြစ် သောကြောင့်တည်း။ Garrad Bible တံ ပိုး မှုတ် ခြင်း၊ ရှိ သ မျှ ကို ခင်း ကျင်း ခြင်း ပြု သော် လည်း၊ ပြည် သား အ ပေါင်း တို့ အ ပေါ်၌ အ မျက် တော် တည် သ ဖြင့်၊ စစ် တိုက် ဝံ့ သူ မ ရှိ ချေ။ Judson Bible စစ်ခင်းကျင်းစေခြင်းငှာ တံပိုးကိုမှုတ်ကြသော်လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။ |
အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
ယုဒပြည်၌ ဟောပြောလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ ပြည်တစ်လျှောက်လုံး တံပိုးမှုတ်ကြလော့။ ‘စုဝေးကြစို့။ ခံတပ်မြို့များအတွင်းသို့ဝင်ကြစို့’ဟု ကြွေးကြော်ကြလော့။
ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဦးချိုရှိသမျှတို့ကို အမျက်ပြင်းစွာဖြင့် ဖြတ်ပစ်တော်မူပြီ။ လက်ယာလက်တော်ကို ရန်သူ့ထံမှ ပြန်ရုပ်သိမ်းတော်မူပြီ။ ပတ်ပတ်လည်လောင်ကျွမ်းသောမီးလျှံကဲ့သို့ ယာကုပ်အမျိုးကို လောင်ကျွမ်းတော်မူပြီ။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
သင်တို့၏ပြည်၌ သင်တို့ကို ရန်ဖက်ပြုသောရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်သွားသောအခါ တံပိုးခရာကိုတပ်လှန့်အချက်ပေးသံအဖြစ် မှုတ်ရမည်။ ထိုအခါ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုအောက်မေ့တော်မူ၍ ရန်သူ့လက်မှ သင်တို့ကို ကယ်တင်တော်မူမည်။