သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ယေဇကျေလ 47:16 - မြန်မာ့စံမီသမ္မာကျမ်း ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမတ်စကပ်မြို့နှင့် ဟာမတ်နယ်နိမိတ်ကြားရှိ သိဗရိမ်မြို့အထိရောက်၍ ဟောရန်နယ်နိမိတ်ရှိ ဟာဇာဟတ္တိကုန်မြို့အထိ ရောက်၏။ Common Language Bible ဗေရောသာမြို့၊ သိဗရိမ်မြို့တို့ကိုဖြတ်၍ တိကုန်မြို့တွင်ဆုံးလေသည်။ (ဗေရောသာ နှင့်သိဗရိမ်မြို့တို့သည်ဒမာသက်ပြည် နှင့်ဟာမတ်ပြည်စပ်ကြားတွင်ရှိ၍ ဟာလာ ဟတ္တိကုန်မြို့မှာဟောရန်နယ်စပ်တွင်ရှိ၏။-) Garrad Bible ၎င်း မှ ဟာ မတ် မြို့၊ ဗေ ရော သာ မြို့၊ ဒ မာ သက် ပြည်၊ ဟာ မတ် ပြည် နယ် ခြား ရှိ၊ သိ ဗ ရိမ် မြို့ ဟော ရန် နယ် စွန်း ရှိ ဟာ ဇာ အ လယ် မြို့ များ တည်း။ Judson Bible ဟာမတ်မြို့နှင့် ဗေရောသာမြို့ကိုလည်းကောင်း၊ ဒမာသက်နယ်နှင့် ဟာမတ်နယ်စပ်ကြားမှာ သိဗရိမ်မြို့ကိုလည်းကောင်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကိုလည်းကောင်းဝိုင်း၍၊ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ဒါဝိဒ်မင်းကြီးသည် ဘေတမြို့၊ ဗေရောသဲမြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။
ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကို သုတ်သင်ပစ်ပြီး
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ဒမတ်စကပ်မြို့သည် ကုန်စည်မျိုးစုံပေါများသော၊ ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၏။ ထိုကုန်စည်တို့ကို ဟေလဖုန်စပျစ်ဝိုင်များ၊ ဇောဟာသိုးမွေးများနှင့် လဲလှယ်၏။
ထို့ကြောင့် မြောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်မှစ၍ ဒမတ်စကပ်မြောက်ဘက်နယ်စပ်ရှိ ဟာဇရေနန်မြို့အထိ ထိုမှ ဟာမတ်မြောက်ဘက်နယ်နိမိတ်အထိ ဖြစ်၏။
အရှေ့ဘက်ခြမ်းတွင် ဟောရန်မြို့နှင့်ဒမတ်စကပ်မြို့ကြား၊ ဂျော်ဒန်မြစ်တစ်လျှောက် ဂိလဒ်ပြည်နှင့်အစ္စရေးပြည်ကြားမှ မြေထဲပင်လယ်အရှေ့ဘက်နယ်နိမိတ်တိုင်အောင် တိုင်းတာရမည်။ ဤသည်ကား အရှေ့ဘက်နယ်နိမိတ်ဖြစ်၏။
အနောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှ လီဘိုဟာမတ်မျက်နှာမူရာအရပ်နယ်နိမိတ်အထိ ဖြစ်၏။ ဤသည်ကား အနောက်ဘက်နယ်နိမိတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
“မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
“အို အစ္စရေးအမျိုးအနွယ်တို့၊ ကြည့်ရှုလော့။ သင်တို့ကို ဆန့်ကျင်မည့်လူမျိုးတစ်မျိုးကို ငါပေါ်ထွန်းစေမည်။ သူတို့သည် သင်တို့ကို လီဘိုဟာမတ်မြို့မှ အရာဗလွင်ပြင်တိုင်အောင် လိုက်လံညှဉ်းဆဲကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုမြို့နှင့်နယ်နိမိတ်ထိစပ်သောဟာမတ်မြို့အပေါ်သို့လည်း သက်ရောက်၏။ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့သည် အလွန်ဉာဏ်ပညာရှိသောကြောင့် ထိုမြို့တို့အပေါ်သို့ သက်ရောက်လေ၏။
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။