Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 47:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အရှေ့​ဘက်ခြမ်း​တွင် ဟောရန်​မြို့​နှင့်​ဒမတ်စကပ်​မြို့​ကြား​၊ ဂျော်ဒန်​မြစ်​တစ်လျှောက် ဂိလဒ်​ပြည်​နှင့်​အစ္စရေး​ပြည်​ကြား​မှ မြေထဲပင်လယ်​အရှေ့ဘက်​နယ်နိမိတ်​တိုင်အောင် တိုင်းတာ​ရ​မည်​။ ဤသည်ကား အရှေ့ဘက်​နယ်နိမိတ်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​ကား​ဒ​မာ​သက် ပြည်​နှင့်​ဟော​ရန်​ပြည်​စပ်​ကြား​မှ​ပင်​လယ် သေ​ကမ်း​ပေါ်​ရှိ​တာ​မာ​မြို့​အ​ထိ​ဖြစ်​၍ ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​ရှိ​သော ဣ​သ​ရေ​လ​ပြည်​နှင့်​အ​ရှေ့​ဘက်​တွင်​ရှိ သော​ဂိ​လဒ်​ပြည်​တို့​၏​နယ်​ခြား​အ​မှတ် အ​သား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အ ရှေ့ ဘက်၌ ဟော ရန်၊ ဒ မာ သက်၊ ဂိ လဒ် နယ် များ နှင့် ဣ သ ရေ လ ပြည် စပ် ကြား ယော ဒန် မြစ် ကို၊ မြောက် ဘက် အ လား က ရေ ငံ အိုင် အ ထိ နယ် ခြား ရ မည်။ အ ရှေ့ ဘက် အ လား ကား၊ ထို သို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား​သည် ဟော​ရန်​မြို့၊ ဒ​မာ​သက်​မြို့၊ ဂိ​လဒ်​ပြည်၊ ယော်​ဒန်​မြစ်​နား ဣ​သ​ရေ​လ​ပြည်​နယ်​ကို လျှောက်၍၊ အ​ရှေ့​ပင်​လယ်၌ ဆုံး​ရ​မည်။ ဤ​ရွေ့​ကား၊ အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 47:18
12 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)


ထို့ကြောင့် လောတ​သည် ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​ကို မိမိ​အတွက် ရွေးချယ်​လေ​၏​။ ထို့နောက် လောတ​သည် အရှေ့ဘက်​သို့​ရွှေ့ပြောင်း​သဖြင့် သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး ခွဲခွာ​သွား​ကြ​၏​။


မိမိ​ဆွေမျိုးသားချင်း​တို့​ကို​ခေါ်​၍ ယာကုပ်​နောက်သို့ ခုနစ်​ရက်​ခရီး​လိုက်​ပြီးမှ ဂိလဒ်​ပြည်​တောင်ပေါ်ဒေသ​၌ သူ့​ကို​မီ​လေ​၏​။


ထို​ကျောက်ပုံ​ကို လာဗန်​က ယေဂါသဟာဒုသ ဟု​ခေါ်​၏​။ ယာကုပ်​မူကား ဂိလဒ် ဟု​ခေါ်​၏​။


ထို့နောက် သူ​တို့​သည် အစားအစာ​စားသောက်​ရန် ထိုင်​လိုက်​ကြ​စဉ် ဣရှမေလ​လူမျိုး ခရီးသွား​လူတစ်စု​သည် နံ့သာမျိုး​များ​၊ လိမ်းဆေး​များ​နှင့် မုရန်စေး​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် ဂိလဒ်​ပြည်​ဘက်​မှ အီဂျစ်​ပြည်​သို့​ဆင်း​သွား​နေ​သည်​ကို လှမ်းမြင်​ရ​၏​။


မြစ်ရေကြီး​သော်လည်း သူ​သည် ထိတ်လန့်​ခြင်း​မ​ရှိ​။ ဂျော်ဒန်​မြစ်ရေ​သည် သူ့​နှုတ်သီး​ကို အရှိန်​နှင့်​တိုက်သွား​လျှင်ပင် သူ​မမှု​ပါ​။


အစ္စရေး​လူမျိုး​ကို​ကား သူ​တို့​စားကျက်မြေ​သို့ ပြန်ခေါ်လာ​မည်​။ သူ​တို့​သည် ကရမေလ​တောင်​၊ ဗာရှန်​တောင်​၌ ကျက်စား​ကြ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ဂိလဒ်​ပြည်​ရှိ​တောင်ကုန်း​တို့​၌ ဝလင်​စွာ​စား​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဟာမတ်​မြို့​၊ ဗေရောသာ​မြို့​၊ ဒမတ်စကပ်​မြို့​နှင့် ဟာမတ်​နယ်နိမိတ်​ကြား​ရှိ သိဗရိမ်​မြို့​အထိ​ရောက်​၍ ဟောရန်​နယ်နိမိတ်​ရှိ ဟာဇာဟတ္တိကုန်​မြို့​အထိ ရောက်​၏​။


မြောက်ပိုင်း​ရန်သူ​ကို သင်​တို့​နှင့်​ဝေး​စေ​မည်​။ သူ့​ကို လူသူကင်းမဲ့​၍ တိတ်ဆိတ်​သော​ပြည်​သို့ နှင်ထုတ်​မည်​။ သူ​၏​တပ်ဦး​စစ်သည်​ကို အရှေ့​ပင်လယ်​ထဲသို့​လည်းကောင်း​၊ သူ​၏​နောက်ရံ​စစ်သည်​ကို အနောက်​ပင်လယ်​ထဲသို့​လည်းကောင်း နှင်ထုတ်​မည်​။ သူ့​ထံမှ​အပုပ်နံ့​၊ အသိုးနံ့​တို့ ထွက်​လိမ့်မည်​။ အကြောင်းမူကား သူ​သည် အမှု​ကြီး​ကို ပြု​လေ​ပြီ”​ဟု ပြန်လည်​မိန့်ဆို​တော်မူ​မည်​။


ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​တို့​၌ တိရစ္ဆာန်​မြောက်မြား​စွာ​ရှိ​၏​။ ယာဇာ​ပြည်​နှင့်​ဂိလဒ်​ပြည်​ကို တိရစ္ဆာန်​တို့​အတွက် စားကျက်​ကောင်း​သော​အရပ်​ဖြစ်​သည်​ကို တွေ့မြင်​လျှင်


အရှေ့ဘက်​နယ်နိမိတ်​ကို ဟာဇရေနန်​မှ​ရှေဖံ​အထိ ပိုင်းခြား​ရ​မည်​။


ထို​အချိန်​မှစ၍ သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ အာမောရိ​လူမျိုး​တို့​၏​နေရာ​ဂိလဒ်​ပြည်​ရှိ အစ္စရေး​အမျိုးသား​တို့​ကို တစ်ဆယ့်​ရှစ်​နှစ်​ဖိနှိပ်​ညှဉ်းဆဲ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ