Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 47:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အနောက်​ဘက်ခြမ်း​တွင် မြေထဲပင်လယ်​မှ လီဘိုဟာမတ်​မျက်နှာမူ​ရာ​အရပ်​နယ်နိမိတ်​အထိ ဖြစ်​၏​။ ဤသည်ကား အနောက်ဘက်​နယ်နိမိတ်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ``အ​နောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင် လယ်​ဖြစ်​၍ မြောက်​ဘက်​ရှိ​ဟာ​မတ်​တောင် ကြား​လမ်း​၏​အ​နောက်​ဘက်​သို့​တိုင်​အောင် ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အ နောက် ဘက်၌ တောင် အ လား မှ၊ ဟာ မတ် မြို့ လမ်း ဝ နှင့် ရင် ဆိုင် အ ထိ၊ မြေ ထဲ ပင် လယ် သည် အ နောက် အ လား ဖြစ် အံ့ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​နောက်​ဘက်၌ မ​ဟာ​ပင်​လယ်​သည် တောင်​ဘက်​မှ​စ၍၊ ဟာ​မတ်​မြို့ တစ်​ဖက်​တစ်​ချက်​တိုင်​အောင် ပိုင်း​ခြား​လျက်​ရှိ​ရ​မည်။ ဤ​ရွေ့​ကား၊ အ​နောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 47:20
7 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင်​ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်​ကြီး​အမြောက်အမြား​နှင့်အတူ ခုနစ်​ရက်​တိုင်တိုင် ပွဲတော်​ကျင်းပ​လေ​၏​။


ဟာမတ်​မြို့​၊ ဗေရောသာ​မြို့​၊ ဒမတ်စကပ်​မြို့​နှင့် ဟာမတ်​နယ်နိမိတ်​ကြား​ရှိ သိဗရိမ်​မြို့​အထိ​ရောက်​၍ ဟောရန်​နယ်နိမိတ်​ရှိ ဟာဇာဟတ္တိကုန်​မြို့​အထိ ရောက်​၏​။


“ဤသို့ သင်​တို့​သည် အစ္စရေး​အမျိုးအနွယ်​အလိုက် အမွေ​မြေ​ကို ခွဲဝေ​ယူ​ရ​မည်​။


“မျိုးနွယ်​အမည်​အလိုက် ရ​သော​ဝေစု​ကား ဤသို့​ဖြစ်​၏​။ မြောက်ဘက်​အစွန်း ဟေသလုန်​မြို့​မှ လီဘိုဟာမတ်​မြို့​သို့​သွား​ရာ​လမ်း​တစ်လျှောက် ထိုမှ ဒမတ်စကပ်​မြို့​နှင့် မြောက်ဘက်​ရှိ​ဟာမတ်​မြို့​၏​နယ်နိမိတ်​အကြား​ရှိ ဟာဇရေနန်​မြို့​အထိ အရှေ့ဘက်​မှ အနောက်ဘက်​အထိ​နယ်နိမိတ်​သည် ဒန်​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။


“အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ကြည့်ရှု​လော့​။ သင်​တို့​ကို ဆန့်ကျင်​မည့်​လူမျိုး​တစ်​မျိုး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ​တို့​သည် သင်​တို့​ကို လီဘို​ဟာမတ်​မြို့​မှ အရာဗ​လွင်ပြင်​တိုင်အောင် လိုက်လံညှဉ်းဆဲ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အနောက်ဘက်​နယ်နိမိတ်​သည် မြေထဲပင်လယ်​နှင့်​ကမ်းရိုးတန်း​တို့​ဖြစ်​ရ​မည်​။ ဤသည်ကား သင်​တို့​အဖို့ အနောက်ဘက်​နယ်နိမိတ်​ဖြစ်​မည်​။


ဖိလိတ္တိ​မင်း ငါး​ပါး​အပါအဝင် ခါနာန်​လူမျိုး​အားလုံး​၊ ဆီဒုန်​လူမျိုး​နှင့် ဗာလဟေရမုန်​တောင်​မှ လီဘိုဟာမတ်​တိုင်အောင် လက်ဘနွန်​တောင်​တစ်လျှောက်​တွင် နေထိုင်​ကြ​သော​ဟိဝိ​လူမျိုး တို့​ဖြစ်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ