ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ယေဇကျေလ 47:10 - မြန်မာ့စံမီသမ္မာကျမ်း အင်္ဂေဒိမှ ဧနေဂလိအရပ်တိုင်အောင် ကမ်းစပ်တစ်လျှောက်သည် တံငါသည်တို့ကျင်လည်ရာ၊ သူတို့၏ပိုက်ကွန်များဖြန့်ရာအရပ် ဖြစ်လိမ့်မည်။ မြေထဲပင်လယ်ရှိငါးများကဲ့သို့ ထိုအရပ်၌ ငါးတို့သည် အမျိုးအလိုက် အလွန်များပြားကြလိမ့်မည်။ Common Language Bible အင်္ဂေဒိစိမ့်စမ်းမှအစပြု၍ဧနေဂလိမ် စိမ့်စမ်းတိုင်အောင်ပင်လယ်နားတစ်လျှောက် လုံးတွင်ရေလုပ်သားတို့နေထိုင်ကြလျက် မိမိတို့ပိုက်ကွန်များကိုလှန်းကြလိမ့်မည်။ မြေထဲပင်လယ်တွင်တွေ့ရှိရသည့်ငါး အမျိုးမျိုးတို့ကိုဤအရပ်တွင်လည်း တွေ့ရှိရလိမ့်မည်။- Garrad Bible အင်္ဂေ ဒိ မြို့ မှ စ၍ ဧ နေ ဂ လိမ် မြို့ တိုင် အောင်၊ ပိုက် ကွန် ဖြန့် ရာ ဖြစ် မည့် အ လျောက်၊ တံ ငါ တို့ သည် ကမ်း ခြေ တစ် လျှောက် တွင် နေ ထိုင် လျက်၊ သ မု ဒ္ဒ ရာ ကဲ့ သို့ များ ပြား သော ငါး အ မျိုး မျိုး ကို ဖမ်း ကြ လိမ့် မည်။ Judson Bible အိုင်နားမှာ တံငါတို့သည်ရပ်၍၊ အင်္ဂေဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာအရပ် ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။ |
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
လူတို့သည်လာ၍ ယောရှဖတ်မင်းကြီးအား “ပင်လယ်တစ်ဖက်ကမ်း ဆီးရီးယားပြည်မှ စစ်တပ်ကြီးချီလာပြီး အင်္ဂေဒိ ခေါ် ဟာဇဇုန္တာမာမြို့တွင် တပ်ချနေပါသည်”ဟူသောသတင်းကို ကြားပြောလျှင်
ထိုနေရာ၌ ကြီးမားကျယ်ဝန်းသည့် ပင်လယ်ရှိ၍ ၎င်းတွင် တွားသွားသတ္တဝါများနှင့် မရေမတွက်နိုင်လောက်အောင်များသော သက်ရှိသတ္တဝါအကြီးအငယ်တို့ရှိကြပါ၏။
တံငါသည်တို့သည် ညည်းတွားကြ၍ နိုင်းမြစ်၌ငါးမျှားသောသူအားလုံး ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ရေပြင်ပေါ်၌ ပိုက်ချသောသူတို့သည်လည်း အားလျော့ကြလိမ့်မည်။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်၏အလျင်သားသမီးများဆုံးပါးပြီးနောက် ထပ်မွေးလာသော သားသမီးတို့က “အကျွန်ုပ်အတွက် နေရာကျဉ်းကျပ်၏။ နေစရာနေရာပေးပါ”ဟု သင့်ကို ပြောကြလိမ့်မည်။
သင့်ကို ကျောက်တလင်းပြင်ဖြစ်စေမည်။ ပိုက်ကွန်လှန်းစရာနေရာဖြစ်စေမည်။ သင့်ကို ပြန်လည်တည်ဆောက်တော့မည်မဟုတ်။ ငါထာဝရဘုရားမိန့်ဆိုပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူသည် ပင်လယ်ပြင်အလယ်တွင် ပိုက်ကွန်လှန်းစရာနေရာ ဖြစ်လိမ့်မည်။ ငါဘုရားရှင်ထာဝရဘုရား မိန့်ဆိုပြီ။ လူမျိုးတကာတို့ လုယူဖျက်ဆီးရာ ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဤပြည်၏နယ်နိမိတ်မှာ မြောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှစ၍ ဟေသလုန်လမ်းအတိုင်း ဇေဒဒ်မြို့၊
တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
ဂဒ်တောင်ဘက်နယ်နိမိတ်နှင့်ကပ်လျက်ရှိသောနယ်နိမိတ်မှာ တာမာမြို့မှ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနားအထိ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်သို့ ရောက်သွားသည်အထိဖြစ်၏။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။
ကိုယ်တော်က“ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင်
ယေရှုက“ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်”ဟု သူတို့အား မိန့်တော်မူလျှင်
နိဗရှန်မြို့၊ ဆားမြို့၊ အင်္ဂေဒိမြို့ စသည့်မြို့ခြောက်မြို့နှင့်ရွာများ ပါ၏။
ကြည့်ပါ။ ဂျော်ဒန်မြစ်မှစ၍ အနောက်ဘက် မြေထဲပင်လယ်တိုင်အောင် ငါသုတ်သင်ဖယ်ရှားခဲ့သောလူမျိုးအပါအဝင် ကျန်နေသေးသောလူမျိုးတို့၏ပြည်ကို သင်တို့၏အမျိုးအနွယ်များအား အမွေအဖြစ် ငါမဲချခွဲဝေပေးခဲ့ပြီ။
ထို့နောက် ဒါဝိဒ်သည် ထိုအရပ်မှ အင်္ဂေဒိအရပ်သို့သွားပြီး ဥမင်လိုဏ်ခေါင်းတို့တွင် ပုန်းရှောင်နေလေ၏။
ရှောလုမင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ပြီး ပြန်လာသောအခါ “ကြည့်ရှုလော့။ ဒါဝိဒ်သည် အင်္ဂေဒိတောကန္တာရ၌ ပုန်းရှောင်နေပါသည်”ဟု သူ့အား လျှောက်တင်ကြ၏။