ဆာလံ 104:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထိုနေရာ၌ ကြီးမားကျယ်ဝန်းသည့် ပင်လယ်ရှိ၍ ၎င်းတွင် တွားသွားသတ္တဝါများနှင့် မရေမတွက်နိုင်လောက်အောင်များသော သက်ရှိသတ္တဝါအကြီးအငယ်တို့ရှိကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 မရေမတွက်နိုင်သောသတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်သည့်သမုဒ္ဒရာကြီးရှိပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible25 မ ရေ တွက် နိုင် အောင် တွား တတ် သည့် သား ငါး အ စ ရှိ သော တိ ရ စ္ဆာန် ကြီး ငယ် များ နေ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible25 မရေတွက်နိုင်အောင် တွားတတ်သောတိရစ္ဆာန်အစရှိသော တိရစ္ဆာန်အကြီးအငယ်အများတို့နေရာ ကြီးမားကျယ်ဝန်းသော သမုဒ္ဒရာလည်းရှိပါသေး၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။