ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။
ယေဇကျေလ 45:5 - မြန်မာ့စံမီသမ္မာကျမ်း အလျားအတောင်နှစ်သောင်းငါးထောင်နှင့် အနံအတောင်တစ်သောင်းကျယ်သော နောက်မြေတစ်ကွက်သည် အိမ်တော်အမှုကိုထမ်းဆောင်သော လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေကွက်ရှိ အခန်းပေါင်းနှစ်ဆယ်သည် သူတို့ပိုင်ဆိုင်ရာ ဖြစ်ရမည်။ Common Language Bible ကျန်မြေကွက်တစ်ဝက်တွင်ဗိမာန်တော် ဝေယျာဝစ္စကိုဆောင်ရွက်ရသူလေဝိအနွယ် ဝင်တို့အတွက်မြို့များတည်ဆောက်ရန်ဖြစ် ရမည်။ Garrad Bible အ လျား အ တောင် နှစ် သောင်း ငါး ထောင်၊ အ နံ တစ် သောင်း ကျယ် မြေ ကွက် ကို လည်း၊ ဗိ မာန် တော် ကံ ကျွေး ဖြစ် သူ လေ ဝိ ဂိုဏ်း သား တို့ အ ပိုင် နေ ရာ မြို့ ရွာ ကို တည် ဆောက် ရန် ထား ကြ ရ မည်။ Judson Bible အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာဖို့ ဖြစ်ရမည်။ |
ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။
ဤမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သန့်ရှင်းသောအလှူမြေဖြစ်ရမည်။ မြောက်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနောက်ဘက်တွင် အနံအတောင်တစ်သောင်း၊ အရှေ့ဘက်တွင် အနံအတောင်တစ်သောင်း၊ တောင်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်ရှိရမည်။ ဤမြေ၏အလယ်ဗဟိုတွင် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာနရှိရမည်။
ယဇ်ပုရောဟိတ်တို့၏မြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေသည် လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိရမည်။
အလှူမြေတစ်ခုလုံးသည် စတုရန်းပုံရှိ၍ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်နှစ်သောင်းငါးထောင် ရှိရမည်။ သန့်ရှင်းသောအလှူမြေနှင့်အတူ မြို့ပိုင်မြေကိုပါ ပေးလှူရမည်။
သင်တို့သည် ခုနစ်ရက်ပတ်လုံး ယာယီတဲ၌သာ နေထိုင်ရမည်။ အစ္စရေးအမျိုးသားတိုင်း ယာယီတဲ၌ နေထိုင်ရမည်။
“အစ္စရေးအမျိုးသားတို့သည် မိမိတို့ပိုင်သောအမွေမြေထဲမှ လေဝိအမျိုးတို့အား နေထိုင်စရာမြို့တို့ကိုလည်းကောင်း၊ ထိုမြို့တို့၏ပတ်ပတ်လည်ရှိ စားကျက်မြေတို့ကိုလည်းကောင်း ပေးရမည်ဟု ဆင့်ဆိုလော့။