ယေဇကျေလ 48:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဤမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သန့်ရှင်းသောအလှူမြေဖြစ်ရမည်။ မြောက်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနောက်ဘက်တွင် အနံအတောင်တစ်သောင်း၊ အရှေ့ဘက်တွင် အနံအတောင်တစ်သောင်း၊ တောင်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်ရှိရမည်။ ဤမြေ၏အလယ်ဗဟိုတွင် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာနရှိရမည်။ အခန်းကိုကြည့်ပါ။Common Language Bible10 ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင်ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှတောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက်မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤနယ်မြေ၏အလယ်၌ထာဝရဘုရား၏ဗိမာန်တော်တည်ရှိရမည်။- အခန်းကိုကြည့်ပါ။Garrad Bible10-11 အ လယ် တွင် ထာ ဝ ရ ဘု ရား၏ သန့် ရှင်း ရာ ဌာ န တော် ပါ လျက်။ အ ရှေ့၊ အ နောက်၊ တောင် တ သောင်း စီ။ တောင်၊ မြောက်၊ နှစ် သောင်း ငါး ထောင် စီ ကျယ်၊ သီး သန့် သော ထို ဝ တ္ထု ကံ မြေ ကို။ ဣ သ ရေ လ လူ မျိုး လမ်း လွှဲ ရာ တွင်။ လေ ဝိ ဂိုဏ်း သား တို့ အ လိုက် မ လွှဲ ဘဲ။ အ မှု တော် ကို ဆောင် ရွက် မြဲ သူ ပ ရော ဟိတ် အ ဖြစ် သီး သန့် ထား သော၊ ဇာ ဒုတ် အ နွယ် သား တို့ အ ဘို့။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုသန့်ရှင်းသော ပူဇော်သကာသည် ယဇ်ပရောဟိတ်ဖို့ ဖြစ်၍ မြောက်ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ အနံတစ်သောင်း၊ အရှေ့ဘက်၌ အနံတစ်သောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင်ကျယ်၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။ အခန်းကိုကြည့်ပါ။ |