Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 48:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ယဇ်ပုရောဟိတ်​တို့​၏​မြေ​နှင့်​ကပ်​လျက် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း​ရှိ​သော​မြေ​သည် လေဝိ​အမျိုး​တို့​အဖို့ ဖြစ်​ရ​မည်​။ ထို​မြေ​သည် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း​ရှိ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 လေ ဝိ ဂိုဏ်း သား တို့ လည်း။ ပ ရော ဟိတ် တို့ မြေ စပ် တ ရှောက်၊ အ လျား အ တောင် နှစ် သောင်း ငါး ထောင်။ အ နံ တ သောင်း ကျယ် မြေ ကွက် ကို ရ ကြ စေ။ နှစ် ကွက် ပေါင်း ကား။ အ လျား အ တောင် နှစ် သောင်း ငါး ထောင်။ အ နံ နှစ် သောင်း တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ယဇ်​ပု​ရော​ဟိတ် မြေ​အ​နား​မှာ​လေ​ဝိ​လူ​နေ​ရာ မြေ​ကွက်​သည် အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 48:13
8 ပူးပေါင်းရင်းမြစ်များ  

သင့်​မြေ​မှ​ထွက်​သော​အဦးဆုံးသီးနှံ​ထဲမှ​အကောင်းဆုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ရ​မည်​။ ဆိတ်သငယ်​ကို မိခင်​၏​နို့ရည်​ဖြင့် မ​ပြုတ်​ရ​။


ထိုသို့ အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း​ရှိ​သော​မြေ​ကို တိုင်းတာ​ရ​မည်​။ ထို​မြေ​တွင် သန့်ရှင်းရာဌာန​၊ အသန့်ရှင်းဆုံးဌာန​ကို တည်​ရ​မည်​။


အလျား​အတောင်​နှစ်သောင်းငါးထောင်​နှင့် အနံ​အတောင်​တစ်သောင်း​ကျယ်​သော နောက်​မြေ​တစ်​ကွက်​သည် အိမ်​တော်​အမှု​ကို​ထမ်းဆောင်​သော လေဝိ​အမျိုး​တို့​အဖို့ ဖြစ်​ရ​မည်​။ ထို​မြေကွက်​ရှိ အခန်း​ပေါင်း​နှစ်ဆယ်​သည် သူ​တို့​ပိုင်ဆိုင်​ရာ ဖြစ်​ရ​မည်​။


အထူး​သန့်ရှင်း​သော​အလှူ​မြေ​ထဲမှ လေဝိ​နယ်နိမိတ်​နှင့်​ကပ်​လျက်​ရှိ​သော​မြေ​သည် ယဇ်ပုရောဟိတ်​တို့​အဖို့ သီးသန့်​ဝေစု​ဖြစ်​ရ​မည်​။


ဤ​မြေ​သည် ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​မြေ​ဖြစ်​သောကြောင့် သူ​တို့​သည် ဤ​အကောင်းဆုံး​မြေ​ကို မ​ရောင်း​ရ​၊ အလဲအလှယ်​မ​လုပ်​ရ​၊ အခြားသူ​လက်​သို့ မ​လွှဲပြောင်း​ရ​။


သူ​တို့​၏​မြို့​များ​ရှိ​စားကျက်မြေ​သည် သူ​တို့​အစဉ်အမြဲ​ပိုင်​သော​မြေ​ဖြစ်​သောကြောင့် မ​ရောင်း​ရ​။


ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်းခို​၍ သူ​တို့​ထံ၌ စား​သောက်​ကြ​လော့။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။


သင်​၏​ပြည်​၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လေဝိ​အမျိုး​တို့​ကို စွန့်ပယ်​မ​ထား​မိ​စေရန် သတိပြု​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ