ယေဇကျေလ 43:27 - မြန်မာ့စံမီသမ္မာကျမ်း
ခုနစ်ရက်ပြီးဆုံး၍ ရှစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်တို့သည် ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ ငါသည်လည်း သင်တို့ကိုလက်ခံမည်’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အခန်းကိုကြည့်ပါ။
သီတင်းတစ်ပတ်ကုန်ဆုံးသွားသောအခါ ယဇ်ပုရောဟိတ်တို့သည် လူတို့အတွက်မီးရှို့ ပူဇော်ရာယဇ်များ၊ မိတ်သဟာယယဇ်များ ကိုယဇ်ပလ္လင်ပေါ်တွင်စတင်ပူဇော်ရကြ မည်။ ထိုအခါငါသည်သင်တို့အပေါင်းကို နှစ်သက်တော်မူလိမ့်မည်။ ဤကားငါအရှင် ထာဝရဘုရားမြွက်ဟတော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
ထို ရက် ကုန် လွန် သော အ ဋ္ဌ မ နေ့ က စ ၍၊ ပ ရော ဟိတ် တို့ သည် လူ မျိုး၏ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို၊ ပ လ္လင် တော် ထက် ပူ ဇော် ရ သည့် အ လျောက်၊ ငါ လက် ခံ မည် ဟူ သော အ ရှင် ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ပြန် ဆို လေ ၏။
အခန်းကိုကြည့်ပါ။
ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌လည်းကောင်း၊ ထိုနေ့မှစ၍လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိတ်သဟာယယဇ်များကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။