Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 44:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 နောက်တစ်ဖန် ထို​သူ​သည် ငါ့​အား အရှေ့ဘက်​သို့​မျက်နှာမူ​သော​သန့်ရှင်းရာဌာန​၏​အပြင်​တံခါး​သို့ ခေါ်ဆောင်​သွား​၏​။ ထို​တံခါး​သည် ပိတ်​ထား​လျက်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မြေ​ယာ​၏ အ​ရှေ့​ဘက်​ပိုင်း​၌​ရှိ​သော အ​ပြင်​မုခ်​ပေါက် သို့​ခေါ်​ဆောင်​သွား​၏။ မုခ်​တံ​ခါး​သည်​ပိတ် လျက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို့ နောက်၊ သန့် ရှင်း ရာ ဌာ န အ ရှေ့ ဘက်၊ အ ပြင် တံ ခါး သို့ ငါ့ ကို ခေါ် သွား ပြန်၍၊ ပိတ် ထား သည် ကို တွေ့ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထို​နောက်၊ သန့်​ရှင်း​ရာ​အ​ရပ်​အ​ရှေ့​သို့ မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​သို့​ဆောင်​သွား၍၊ ထို​တံ​ခါး​သည် ပိတ်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 44:1
12 ပူးပေါင်းရင်းမြစ်များ  

ရှလ္လုံ​သည် ယခုချိန်​ထိ ဘုရင်​ထွက်​ဝင်​ရာ​အရှေ့ဘက်​မြို့​တံခါး​၏​တံခါးမှူး ဖြစ်​၏​။ ဤ​သူ​တို့​သည် လေဝိ​သားမြေး​တို့​၏​တပ်စခန်း​၌ တံခါးစောင့်​များ ဖြစ်​ကြ​၏​။


ထိုအခါ ယောရှဖတ်​မင်းကြီး​က ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား လူအစုအဝေး​တို့​ရှေ့​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အသစ်​ရှေ့​တွင် ရပ်​လျက်


ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​နှစ်ခုစလုံး​အတွင်း​တွင် ရှိသမျှ​ကောင်းကင်​တန်ဆာ​များ​အဖို့ ယဇ်ပလ္လင်​များ​ကို တည်​၏​။


ယဇ်ပုရောဟိတ်​တို့​အတွက် ဝင်းတံတိုင်း​၊ အပြင်​တံတိုင်း​ကြီး​နှင့် ဝင်း​တံခါး​များ​ကို​လည်း ပြုလုပ်​၏​။ တံခါး​များ​ကို ကြေးနီ​ဖြင့်​မွမ်းမံ​ထား​၏​။


ထို့နောက် သူ​သည် ငါ့​ကို အပြင်​ဝင်း​သို့ ခေါ်ဆောင်​သွား​၏​။ ဝင်း​ပတ်ပတ်လည်​တွင် အခန်း​များ​နှင့်​ကျောက်ခင်းစင်္ကြံ​ရှိ​၏​။ ထို​ကျောက်ခင်းစင်္ကြံ​ပေါ်တွင် အခန်း​ပေါင်း​သုံးဆယ်​ရှိ​၏​။


ထို့နောက် အရှေ့​မုခ်ဆောင်​တံခါးဝ​သို့​သွား​၍ လှေကား​ကို​တက်​ပြီးမှ တံခါးဝ​ရှိ တံခါးခုံ​ကို​တိုင်း​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ နောက်​တံခါးခုံ​တစ်​ခု​မှာ​လည်း အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။


ယဇ်ပုရောဟိတ်​တို့​သည် ထို​သန့်ရှင်းသောနေရာ​ထဲသို့​ဝင်​ပြီး အပြင်​ဝင်း​သို့ ပြန်ထွက်​သောအခါ အမှု​တော်​ထမ်းဆောင်​စဉ် ဝတ်​ခဲ့​သော​အဝတ်​တို့​ကို ချွတ်​ထား​ခဲ့​ရ​မည်​။ မ​ချွတ်​ထား​ခဲ့​ဘဲ ထွက်​မ​လာ​ရ​။ အကြောင်းမှာ ထို​အဝတ်​တို့​သည် သန့်ရှင်း​၏​။ အဝတ်​လဲ​ပြီးမှ လူ​အများ​ရှိ​ရာ​သို့ သွား​ရ​၏”​ဟု ဆို​၏​။


ထို့နောက် သူ​သည် ငါ့​အား အရှေ့ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​တံခါး​သို့ ခေါ်ဆောင်​သွား​၏​။


ထာဝရဘုရား​၏​ဘုန်း​တော်​သည် အရှေ့ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​တံခါး​ကို​ဖြတ်​၍ အိမ်​တော်​ထဲသို့​ဝင်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘အလုပ်​လုပ်​နေ​သော​ခြောက်​ရက်​အတွင်း​တွင် အရှေ့ဘက်​ရှိ အတွင်း​ဝင်း​တံခါး​ကို ပိတ်​ထား​ရ​မည်​။ သို့သော် ဥပုသ်နေ့​တွင် ဖွင့်​ထား​ရ​မည်​။ လဆန်း​နေ့​တွင်​လည်း ဖွင့်​ထား​ရ​မည်​။


စေတနာ​အလျောက်​ပူဇော်​သော မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို မင်းသား​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​ဆက်သ​သောအခါ အရှေ့​မုခ်ဆောင်​တံခါး​ကို ဖွင့်​ထား​ရ​မည်​။ သူ​သည် ဥပုသ်နေ့​တွင် မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ဆက်သ​သကဲ့သို့ ဆက်သ​ရ​မည်​။ ဆက်သ​ပြီး ပြန်ထွက်သွား​သောအခါ တံခါး​ကို ပြန်ပိတ်​ထား​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ