ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
ယေဇကျေလ 43:13 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်၏အရွယ်အစားမှာ ဤသို့ဖြစ်၏။ ယဇ်ပလ္လင်အောက်ခြေအဆင့်သည် တစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ (ဤတွင် တစ်တောင်ဆိုသည်မှာ လူလက်တစ်တောင်နှင့်လက်တစ်ဝါးစာအတိုင်းအတာကို ဆိုလိုသည်။) ပတ်ပတ်လည်အနားကွပ်အကျယ်မှာ တစ်ထွာရှိရမည်။ ဤကား ယဇ်ပလ္လင်အောက်ခြေအဆင့်ဖြစ်၏။ Common Language Bible ဗိမာန်တော်ကိုတိုင်းသည့်စံကိုပင်အသုံးပြု ၍တိုင်းထွာကြည့်ရာယဇ်ပလ္လင်၏အတိုင်းအ တာများမှာဤသို့တည်း။ ယဇ်ပလ္လင်၏အောက် ခြေဖိနပ်ပတ်လည်၌အနက်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောရေစီးမြောင်း ရှိ၏။ ထိုမြောင်း၏အပြင်နှုတ်ခမ်းသည်ဆယ် လက်မထူ၏။- Garrad Bible သံ တောင် အ လျောက် ပူ ဇော် ရာ ပ လ္လင် တော် အ တိုင်း အ တာ များ ကား၊ ပ လ္လင် တော် အောက် ဆင့် သည် နံ ဘေး ပတ် လည် တွင်၊ ဗျက် တစ် ထွာ အ ကာ ပါ သော၊ အ မြင့် တစ် တောင်၊ ကွက် လပ် အ နံ တစ် တောင် ကျယ် တ လင်း ရှိ ရ မည်။ Judson Bible ယဇ်ပလ္လင်အတိုင်း အရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဖိနပ်အမြင့်တစ်တောင်၊ အကျယ်တစ်တောင်၊ ပတ်လည်အနားပတ် အကျယ်တစ်ထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။ |
ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
အနားပတ်ပတ်လည်၌ လက်တစ်ဝါးအကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
ကြည့်ရှုလော့။ အိမ်တော်အပြင်ဘက်ပတ်ပတ်လည်တွင် တံတိုင်းရှိ၏။ ထိုသူသည် အရှည်ခြောက်တောင်ရှိသော တိုင်းစရာကျူတစ်ချောင်းကိုကိုင်ထား၏။ ထိုကျူချောင်းတစ်တောင်လျှင် လူ့လက်တစ်တောင်နှင့်လက်တစ်ဝါးရှိ၏။ တံတိုင်းကိုတိုင်းတာရာ အနံကျူချောင်းတစ်ပြန်စာ၊ အမြင့်ကျူချောင်းတစ်ပြန်စာရှိ၏။
အိမ်တော်ပတ်ပတ်လည်၌ စင်္ကြံရှိသည်ကို ငါတွေ့ရ၏။ ထိုစင်္ကြံမှာ အခန်းငယ်တို့၏အုတ်မြစ်ဖြစ်၍ အမြင့်မှာ ခြောက်တောင်ရှည်သော ကျူချောင်းတစ်ပြန်စာရှိ၏။