Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 41:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အိမ်​တော်​ပတ်ပတ်လည်​၌ စင်္ကြံ​ရှိ​သည်​ကို ငါ​တွေ့​ရ​၏​။ ထို​စင်္ကြံ​မှာ အခန်းငယ်​တို့​၏​အုတ်မြစ်​ဖြစ်၍ အမြင့်​မှာ ခြောက်​တောင်​ရှည်​သော ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8-11 ငါ​သည်​ဗိ​မာန်​တော်​ပတ်​လည်​တွင်​လှေ​ကား ထစ်​မြေ​ပြန့်​ရှိ​သည်​ကို​တွေ့​မြင်​ရ​၏။ ယင်း သည်​ပတ်​ဝန်း​ကျင်​မြေ​ရာ​ထက်​ဆယ်​ပေ ပို​၍​မြင့်​ပြီး​လျှင် ဗိ​မာန်​တော်​နံ​ရံ​တွင် ဆောက်​လုပ်​ထား​သည့်​အ​ခန်း​များ​၏​အုတ် မြစ်​နှင့်​တ​ပြေး​တည်း​ဖြစ်​၍​နေ​လေ​သည်။ ထို​အ​ခန်း​များ​၏​အ​ပြင်​နံ​ရံ​သည်​ရှစ်​ပေ ထူ​၏။ လှေ​ကား​ထစ်​မြေ​ပြန့်​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ခန်း​များ​စပ်​ကြား​ဗိ​မာန် တော်​ပတ်​လည်​တွင်​သုံး​ဆယ့်​လေး​ပေ ကျယ်​သော​မြေ​လွတ်​ရှိ​၏။ ဗိ​မာန်​တော်​၏ မြောက်​ဘက်​၌​ရှိ​အ​ခန်း​များ​သို့​ဝင်​ရန် တံ​ခါး​တစ်​ပေါက်၊ တောင်​ဘက်​၌​ရှိ​သော အ​ခန်း​များ​သို့​ဝင်​ရန်​တံ​ခါး​တစ်​ပေါက် ရှိ​၏။ ဗိ​မာန်​တော်​ပတ်​လည်​၌​ရှိ​သော လှေ​ကား​ထစ်​မြေ​ပြန့်​သည်​အ​နံ​ရှစ် ပေ​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ခန်း ငယ် အ မြစ် အ ခြေ အ ဖြစ်၊ ဗိ မာန် တော် ပတ် လည်၌၊ တစ် ညီ တည်း ခြောက် တောင် ရှည် တာ တစ် ဝါး မြင့် သော၊ သ မံ တ လင်း ရှိ သည် ကို ငါ မြင် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အိမ်​တော်​အ​ထက်​ပိုင်း​ပတ်​လည်၌ အ​မြင့်​ဆုံး​သော ထ​ရံ​အ​ခန်း​တို့​သည် ခြောက်​တောင်​ရှည်​သော ကျူ​တစ်​ပြန်​မျှ ကျယ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 41:8
3 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ အိမ်​တော်​အပြင်ဘက်​ပတ်ပတ်လည်​တွင် တံတိုင်း​ရှိ​၏​။ ထို​သူ​သည် အရှည်​ခြောက်​တောင်​ရှိ​သော တိုင်းစရာ​ကျူ​တစ်​ချောင်း​ကို​ကိုင်​ထား​၏​။ ထို​ကျူချောင်း​တစ်တောင်​လျှင် လူ့​လက်​တစ်တောင်​နှင့်​လက်တစ်ဝါး​ရှိ​၏​။ တံတိုင်း​ကို​တိုင်းတာ​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ​၊ အမြင့်​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။


ယဇ်ပလ္လင်​၏​အရွယ်အစား​မှာ ဤသို့​ဖြစ်​၏​။ ယဇ်ပလ္လင်​အောက်ခြေ​အဆင့်​သည် တစ်တောင်​မြင့်​၍ တစ်တောင်​ကျယ်​ရ​မည်​။ (​ဤတွင် တစ်တောင်​ဆို​သည်​မှာ လူ​လက်​တစ်တောင်​နှင့်​လက်တစ်ဝါးစာ​အတိုင်းအတာ​ကို ဆိုလို​သည်​။) ပတ်ပတ်လည်​အနားကွပ်​အကျယ်​မှာ တစ်ထွာ​ရှိ​ရ​မည်​။ ဤကား ယဇ်ပလ္လင်​အောက်ခြေ​အဆင့်​ဖြစ်​၏​။


ထို​မြို့​သည် စတုရန်း​ပုံ​ရှိ​၍ ၎င်း​၏​အလျား​နှင့်​အနံ​သည် တူညီ​၏။ ကောင်းကင်​တမန်​သည် ရွှေ​ကျူရိုး​ဖြင့် မြို့​ကို​တိုင်း​လေ​ရာ မိုင်ပေါင်း​တစ်ထောင့်သုံးရာရှစ်ဆယ်​ခန့် ရှိ​၍ ၎င်း​၏​အလျား၊ အနံ၊ အမြင့်​တို့​သည် တူညီ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ