အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
ယေဇကျေလ 41:22 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကို သစ်သားနှင့်ပြုလုပ်ထားပြီး အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိ၏။ ပလ္လင်၏ထောင့်ချိုးများ၊ အောက်ခြေနှင့် ဘေးနံရံတို့ကို သစ်သားနှင့်ပြုလုပ်ထား၏။ ထိုသူက “ဤသည်ကား ထာဝရဘုရား၏ ရှေ့တော်စားပွဲဖြစ်၏”ဟု ပြောပြ၏။ Common Language Bible ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။ Garrad Bible အ မြင့် သုံး တောင်၊ အ လျား နှစ် တောင် ရှိ၍၊ ခြေ များ၊ ထောက် များ၊ ဘေး များ ပါ ပျဉ် ဖြင့် ပြီး သော ပ လ္လင် တော် ကို ပြ လျက်၊ ဤ ကား၊ ထာ ဝ ရ ဘု ရား ရှေ့ တော် စား ပွဲ ဖြစ် သည် ဟု ဆို၏။ Judson Bible သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဖိနပ်၊ နံရံတို့သည် သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာ တင်သော စားပွဲပေတည်းဟု ငါ့အားပြောဆို၏။ |
အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်နှစ်ဆယ်ရှိသော သန့်ရှင်းရာဌာနကို ရွှေစင်ဖြင့် မွမ်းမံထားပြီး ယဇ်ပလ္လင်ကို သစ်ကတိုးသားဖြင့်လုပ်၏။
အိမ်တော်တစ်ခုလုံးကို ရွှေအတိနှင့်ပြီးစေ၏။ သန့်ရှင်းရာဌာနရှိ ယဇ်ပလ္လင်တစ်ခုလုံးကိုလည်း ရွှေဖြင့်မွမ်းမံထား၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
ရှောလမုန်မင်းကြီးသည် ဘုရားသခင်အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊
သင်သည် အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှားသစ်သားဖြင့်လုပ်၍
နေဝင်ချိန်၌မီးခွက်များကို ပြင်ဆင်သောအခါတွင်လည်း ထိုယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကိုရှို့ရမည်။ ထိုသို့ သင်တို့မျိုးဆက်အစဉ်အဆက် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို အစဉ်မပြတ်ရှို့ရမည်။
မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။
“ရှင်ဘုရင်သည် စားပွဲဝိုင်း၌ထိုင်စဉ် အကျွန်ုပ်၏နာဒုဆီမွှေးရနံ့သည် ပျံ့လွင့်မွှေးကြိုင်လျက် ရှိပါ၏။
တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
‘သူတို့သာလျှင် ငါ့သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်ရမည်။ သူတို့သာလျှင် ငါ့စားပွဲသို့လာ၍ ငါ့အမှုကိုထမ်းဆောင်ရသောအမှုထမ်း ဖြစ်ရမည်။
ထိုမုန့်တို့ကို ထာဝရဘုရားရှေ့တော်၊ ရွှေစင်ဖြင့်မွမ်းမံသောစားပွဲပေါ်တွင် တစ်ပုံကိုခြောက်ခုစီဆင့်၍ နှစ်ပုံ ပုံထားရမည်။
“သင်တို့မူကား စားပွဲတော်ကို ရှုတ်ချလျက် ‘ဘုရားရှင်၏စားပွဲတော်သည် ညစ်ညူး၏။ အသီးအနှံနှင့် အစားအစာများသည်လည်း ရွံရှာဖွယ်ဖြစ်၏’ဟု ဆိုကြ၏။
ငါ့ယဇ်ပလ္လင်ပေါ်တွင် ညစ်ညူးသောအစားအစာကို ပူဇော်ပြီးမှ သင်တို့က ‘ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ညစ်ညူးစေသနည်း’ဟု မေးကြ၏။ သင်တို့က ‘ထာဝရဘုရား၏စားပွဲတော်သည် မထီမဲ့မြင်ပြုခြင်း ခံရလေပြီ’ဟူ၍ ဆိုကြသောကြောင့်တည်း”ဟု မိန့်တော်မူ၏။
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် နံ့သာပူဇော်ရာရွှေခွက်ကိုကိုင်လျက် ယဇ်ပလ္လင်အနားသို့လာ၍ရပ်လေရာ သန့်ရှင်းသူအပေါင်းတို့၏ဆုတောင်းချက်များနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့၌ရှိသည့် ရွှေယဇ်ပလ္လင်ပေါ်တွင်ဆက်ကပ်ရန် များစွာသောနံ့သာပေါင်းကို သူ့အားပေးလေ၏။