မာလခိ 1:7 - မြန်မာ့စံမီသမ္မာကျမ်း7 ငါ့ယဇ်ပလ္လင်ပေါ်တွင် ညစ်ညူးသောအစားအစာကို ပူဇော်ပြီးမှ သင်တို့က ‘ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ညစ်ညူးစေသနည်း’ဟု မေးကြ၏။ သင်တို့က ‘ထာဝရဘုရား၏စားပွဲတော်သည် မထီမဲ့မြင်ပြုခြင်း ခံရလေပြီ’ဟူ၍ ဆိုကြသောကြောင့်တည်း”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 သင်တို့မထီမဲ့မြင်ပြုပုံမှာငါ၏ယဇ် ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်အစားအစာ များကိုတင်လှူပူဇော်ခြင်းအားဖြင့်ဖြစ် ၏။ ထိုနောက်သင်တို့က``ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်အားအဘယ်သို့မရို မသေပြုခဲ့ကြပါသနည်း'' ဟုမေးကြ ပြန်၏။ သင်တို့မရိုမသေပြုပုံကားငါ ၏ယဇ်ပလ္လင်ကိုမထီမဲ့မြင်ပြုခြင်းဖြစ် ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible7 နာ မ တော် ကို မည် သို့ မ ထီ လေး စား ပြု ဘိ သ နည်း ဟု မေး ကြ ရာ၌၊ ပူ ဇော် ရာ ပ လ္လင် တော့် ပေါ် တွင်၊ မ သန့် သော အ သား ကို ဆက် ကပ် ကြ သ တည်း။ ကိုယ် တော် အား မ သန့် ရာ ကို မည် သို့ ရောက် စေ ဘိ သ နည်း ဟု မေး ပြန် ကြ ရာ၌၊ ထာ ဝ ရ ဘု ရား၏ စား ပွဲ တော် သည်၊ မ ထီ လေး စား ဖွယ် ဖြစ် သည် ထင် သည့် အ တိုင်း၊ အပြစ် မ မှတ် ဘဲ ပူဇော် သ က္ကာ အ ဖြစ်၊ ကန်း သော အ ကောင်၊ ခြေ ဆွံ့ သော အ ကောင်၊ အခန်းကိုကြည့်ပါ။Judson Bible7 ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင်ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟု မေးရာတွင်၊ ထာဝရဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “မျက်စိကန်းသောအကောင်ကို ယဇ်ပူဇော်ရန် ယူဆောင်လာခြင်းသည် အပြစ်မဟုတ်လော၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယဇ်ပူဇော်ခြင်းသည် အပြစ်မဟုတ်လော၊ ထိုသို့သောအကောင်ကို သင့်ဘုရင်ခံအား ဆက်သကြည့်ပါလော့။ သူလက်ခံပြီး သင့်ကို မျက်နှာသာပေးလိမ့်မည်လော”ဟု မိန့်တော်မူ၏။