အိမ်တော်အတွင်းခန်း၊ အပြင်ခန်းနံရံပတ်ပတ်လည်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများကို ပန်းပုလက်ရာမြောက်အောင် ထွင်းထုထား၏။
ယေဇကျေလ 40:22 - မြန်မာ့စံမီသမ္မာကျမ်း ပြတင်းပေါက်၊ ဆင်ဝင်နှင့် စွန်ပလွံပင်ပုံတို့သည် ယခင်တိုင်းခဲ့သောအရှေ့မုခ်ဆောင်နှင့် အတူတူဖြစ်၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။ Common Language Bible အဝင်ခန်းပြူတင်းပေါက်များနှင့်ထွင်းထုထားသည့်စွန်ပလွံပင်ပုံများသည်လည်းအရှေ့မုခ်ပေါက်မှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်တံခါးသို့လှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ အစွန်းဆုံးရှိအဝင်ခန်းသည်တံတိုင်းအပြင်ဝင်းကိုမျက်နှာမူလျက်နေ၏။- Garrad Bible လေ သာ ပေါက် မုတ် ဆောင် နှင့် စွန် ပ လွံ ပင် ပုံ များ သည်၊ အ ရှေ့ တံ ခါး ပ မာ ဏ အ လိုက် ဖြစ်၏။ လှေ ကား ခုနစ် ထစ် ဖြင့် တက် ရ သော မုတ် ဆောင် သည်၊ ကျော ဘက် ရှိ၏။ Judson Bible ပြတင်းပေါက်၊ မုခ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ |
အိမ်တော်အတွင်းခန်း၊ အပြင်ခန်းနံရံပတ်ပတ်လည်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများကို ပန်းပုလက်ရာမြောက်အောင် ထွင်းထုထား၏။
သံလွင်သားတံခါးရွက်နှစ်ရွက်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံတို့ကို ပန်းပုလက်ရာမြောက်စွာထုလုပ်ထားပြီး ရွှေဖြင့်မွမ်းမံထား၏။ ခေရုဗိမ်ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ရွှေဖြင့်ကပ်ထား၏။
တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။
လက်ကိုင်နှင့် ဘောင်မျက်နှာပြင်တို့ရှိ နေရာလွတ်များတွင် ခေရုဗိမ်ရုပ်၊ ခြင်္သေ့ရုပ်နှင့် စွန်ပလွံပင်ပုံများ၊ ပတ်ပတ်လည်တွင် ကနုတ်ပန်းများ ထွင်းထုထား၏။
ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။
ပင်မဆောင်ကို ထင်းရှူးသားဖြင့်ကာပြီး ရွှေစင်နှင့်မွမ်းမံထား၏။ နံရံပေါ်တွင် စွန်ပလွံပင်ပုံများ၊ ကြိုးများနှင့် အလှဆင်ထား၏။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ထိုမုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်တို့ ပါရှိ၏။ ထိုပြတင်းပေါက်တို့သည် အခြားပြတင်းပေါက်တို့နှင့်တူ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ထိုမုခ်ဆောင်ပေါ်သို့ လှေကားခုနစ်ထစ်ဖြင့် တက်ရ၏။ ရှေ့တည့်တည့်တွင် မုခ်ဆောင်ဆင်ဝင်ရှိ၏။ မုခ်ဆောင်အတွင်းတစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ထိုမုခ်ဆောင်၏အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်နှင့် ဆင်ဝင်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
မုခ်ဆောင်ဆင်ဝင်တို့သည် အပြင်ဝင်းဘက်သို့ မျက်နှာမူ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ဆင်ဝင်သည် အလျားအတောင်နှစ်ဆယ်၊ အနံတစ်ဆယ့်တစ်တောင်ရှိ၏။ ထိုနေရာသို့ လှေကားထစ်များဖြင့်တက်ရ၏။ ဆင်ဝင်တိုင်ဘေးတစ်ဖက်တစ်ချက်စီတွင် တိုင်လုံးကြီးရှိ၏။
ထို့နောက် အရှေ့မုခ်ဆောင်တံခါးဝသို့သွား၍ လှေကားကိုတက်ပြီးမှ တံခါးဝရှိ တံခါးခုံကိုတိုင်းရာ အနံကျူချောင်းတစ်ပြန်စာရှိ၏။ နောက်တံခါးခုံတစ်ခုမှာလည်း အနံကျူချောင်းတစ်ပြန်စာရှိ၏။
ထို့ကြောင့် ငါတို့သည် ခရစ်တော်နှင့်ဆိုင်သည့် အခြေခံသွန်သင်ချက်ကို ထားရစ်ခဲ့၍ စုံလင်ရင့်ကျက်ခြင်းသို့ တက်လှမ်းကြကုန်စို့။ သေခြင်းနှင့်ဆိုင်သောအကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။