Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 40:22 - Common Language Bible

22 အ​ဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​နှင့်​ထွင်း​ထု​ထား​သည့်​စွန်​ပ​လွံ​ပင်​ပုံ​များ​သည်​လည်း​အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​တံ​ခါး​သို့​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ အ​စွန်း​ဆုံး​ရှိ​အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 လေ သာ ပေါက် မုတ် ဆောင် နှင့် စွန် ပ လွံ ပင် ပုံ များ သည်၊ အ ရှေ့ တံ ခါး ပ မာ ဏ အ လိုက် ဖြစ်၏။ လှေ ကား ခုနစ် ထစ် ဖြင့် တက် ရ သော မုတ် ဆောင် သည်၊ ကျော ဘက် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ပြတင်း​ပေါက်၊ မုခ်၊ စွန်​ပ​လွံ​ပင်​များ​တို့​သည် အ​ရှေ့​တံ​ခါး​ကဲ့​သို့ ဖြစ်​ကြ၏။ လှေ​ကား​ခု​နစ်​ထစ်​ဖြင့် တံ​ခါး​သို့​တက်​ရ၏။ မုခ်​တို့​သည် လှေ​ကား​နှင့် တစ်​တန်း​တည်း​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ပြတင်းပေါက်​၊ ဆင်ဝင်​နှင့် စွန်ပလွံပင်ပုံ​တို့​သည် ယခင်​တိုင်း​ခဲ့​သော​အရှေ့​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ခုနစ်​ထစ်​ဖြင့် တက်​ရ​၏​။ ရှေ့​တည့်တည့်​တွင် မုခ်ဆောင်​ဆင်ဝင်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 40:22
17 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​ခန်း​မ​ကြီး​နံ​ရံ​နှင့် အ​တွင်း​ခန်း​နံ​ရံ တို့​ကို​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့် ပုံ​များ​ဖြင့်​ထု​လုပ်​တန်​ဆာ​ဆင်​ထား​၏။-


တံ​ခါး​ရွက်​များ​၌​ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင် နှင့်​ပန်း​ပွင့်​ပုံ​များ​ကို​ထု​လုပ်​ထား​၏။ တံ​ခါး​ရွက် များ၊ ခေ​ရု​ဗိမ်​ရုပ်​များ​နှင့်​စွန်​ပ​လွံ​ပင်​ပုံ​များ ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား​၏။-


ခေ​ရု​ဗိမ်​ရုပ်​များ၊ စွန်​ပ​လွံ​ပင်​နှင့်​ပန်း​ပွင့်​ပုံ​များ ထု​လုပ်​၍ ပုံ​လုံး​ပေါ်​ရွှေ​ဖြင့်​မွမ်း​မံ​လေ​၏။


ထောက်​တိုင်​များ​နှင့်​မှန်​ကူ​ကွက်​ပုံ​များ​တွင်​နေ​ရာ လပ်​ရှိ​သ​မျှ​တို့​၌​ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင် ပုံ​များ​နှင့် ပတ်​လည်​တွင်​ပန်း​ဆိုင်း​များ​ကို​ထု လုပ်​ထား​၏။-


နံ​ရံ​နှစ်​ခု​၌​မျက်​နှာ​ချင်း​ဆိုင်​ပြူ​တင်း ပေါက်​သုံး​တန်း​စီ​ရှိ​၏။-


အ​ခန်း​မ​ကြီး​မှာ​စွန်​ပ​လွံ​ပင်​နှင့် ကွန်​ရွက် ပုံ​သဏ္ဌာန်​များ​ထု​လုပ်​ထား​သော​သစ်​က​တိုး သား​ပျဉ်​များ​တပ်​ဆင်​ကာ​ရွှေ​ဖြင့်​မွမ်း​မံ ထား​၏။-


အ​ခန်း​အား​လုံး​၏​အ​ပြင်​နံ​ရံ​တိုင်း၊ အ​တွင်း​နံ​ရံ​တိုင်း​တို့​၌​ပြူ​တင်း​ပေါက်​ငယ်​များ​ရှိ​၏။ လမ်း​ကြား​သို့​မျက်​နှာ​မူ​လျက်​နေ​သော​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထု​ထား​လေ​သည်။


ဤ​မုခ်​ပေါက်​မှ​အ​ခန်း​များ​တွင် အ​ခြား​မုခ်​ပေါက်​များ​မှ​အ​ဆောင်​များ​မှာ​ကဲ့​သို့​ပင်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ မုခ်​ပေါက်-သည်​စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-


ယင်း​ကို​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ ထို​မုခ်​ပေါက်​၏​အ​ဝင်​ခန်း​သည်​လည်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​၍​နေ​၏။ လမ်း​ကြား​ကို​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။-


ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-


ယင်း​တွင်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​နေ​သော​အ​ဝင်​ခန်း​ရှိ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​ထား​၏။ ဤ​မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။


အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။


အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ဆောင်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​၍​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။


မုခ်​ဦး​ခန်း​သည်​အ​နံ​သုံး​ဆယ့်​လေး​ပေ၊ ထု​ပေ​နှစ်​ဆယ်​ရှိ​၍​ယင်း​ကို​လှေ​ကား​ထစ်​များ​ဖြင့်​တက်​ရ​၏။ မုခ်​ဦး​ပေါက်​တစ်​ဖက်​တစ်​ချက်​တွင်​တိုင်​တစ်​လုံး​စီ​ရှိ​သ​တည်း။


ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-


သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​ဆိုင်​သော အ​ခြေ​ခံ​သွန်​သင်​ချက်​ကို​ချန်​ထား​၍ ရင့်​ကျက် သည့်​ခံ​ယူ​ယုံ​ကြည်​ချက်​သို့​တက်​လှမ်း​ကြ​ကုန် အံ့။ ထို​မူ​လ​အ​ခြေ​ခံ​တ​ရား​များ​ကို​သင်​တို့ အား ငါ​တို့​သွန်​သင်​ပေး​ပြီး​ဖြစ်​သ​ဖြင့်​ထပ်​မံ သွန်​သင်​ပေး​ရန်​မ​သင့်။ အ​ကျိုး​မ​ပေး​တတ်​သည့် အ​ကျင့်​အ​ကြံ​များ​ကို​စွန့်​လွှတ်​ကာ ဘု​ရား သ​ခင်​အား​ယုံ​ကြည်​ရန်​လို​အပ်​ကြောင်း​သင် တို့​သိ​ရှိ​ကြ​ပြီး​ဖြစ်​ပေ​သည်။-


ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ အ​ဘယ် သူ​မျှ​မ​ရေ​မ​တွက်​နိုင်​သော​လူ​အုပ်​ကြီး ကို​တွေ့​ရ​၏။ သူ​တို့​သည်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော လူ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​မှ​လာ​ရောက်​ကြ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ဝတ်​လုံ​ဖြူ​များ​ကို​ဝတ် လျက်​စွန်​ပ​လွန်​ခက်​များ​ကို​ကိုင်​ကာ ပလ္လင် တော်​နှင့်​သိုး​သူ​ငယ်​တော်​၏​ရှေ့​တွင်​ရပ် လျက်​နေ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ