Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 7:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 လက်ကိုင်​နှင့် ဘောင်​မျက်နှာပြင်​တို့​ရှိ နေရာလွတ်​များ​တွင် ခေရုဗိမ်​ရုပ်​၊ ခြင်္သေ့ရုပ်​နှင့် စွန်ပလွံပင်​ပုံ​များ​၊ ပတ်ပတ်လည်​တွင် ကနုတ်ပန်း​များ ထွင်းထု​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ထောက်​တိုင်​များ​နှင့်​မှန်​ကူ​ကွက်​ပုံ​များ​တွင်​နေ​ရာ လပ်​ရှိ​သ​မျှ​တို့​၌​ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင် ပုံ​များ​နှင့် ပတ်​လည်​တွင်​ပန်း​ဆိုင်း​များ​ကို​ထု လုပ်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 အ ထောက် အ ခံ ရှိ အ ကွက် များ ၌ ခေ ရု ဗ၊ ခြင်္သေ့၊ စွံ ပ လွန် ပင် ပုံ များ နှင့် ပတ် လည် ပန်း ဆိုင်း ကို လည်း ထု လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ကိုင်​စ​ရာ​မျက်​နှာ​နှင့် ခုံ​မျက်​နှာ​ပြင်၌ ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင်​အ​စ​ရှိ​သော အ​ပြောက်​မျိုး အ​သီး​အ​သီး ထင်​ပေါ်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 7:36
11 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​အတွင်းခန်း​၊ အပြင်ခန်း​နံရံ​ပတ်ပတ်လည်​တွင် ခေရုဗိမ်​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​များ​ကို ပန်းပု​လက်ရာမြောက်​အောင် ထွင်းထု​ထား​၏​။


သံလွင်သား​တံခါးရွက်​နှစ်​ရွက်​တွင် ခေရုဗိမ်​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​တို့​ကို ပန်းပု​လက်ရာမြောက်​စွာ​ထုလုပ်​ထား​ပြီး ရွှေ​ဖြင့်​မွမ်းမံ​ထား​၏​။ ခေရုဗိမ်ပုံ​နှင့် စွန်ပလွံပင်​ပုံ​တို့​ကို ရွှေ​ဖြင့်​ကပ်​ထား​၏​။


တံခါးချပ်​များ​ပေါ်တွင် ခေရုဗိမ်​ပုံ​၊ စွန်ပလွံပင်​ပုံ​၊ ပန်းပွင့်ပုံ​များ ထွင်းထု​ထား​ပြီး ထို​ရုပ်လုံး​တို့​အပေါ်​၌ ရွှေ​ဖြင့် သေသပ်​စွာ​မွမ်းမံ​ထား​၏​။


ဘောင်ကွပ်​ထား​သော​ကြေးနီပြား​များ​ပေါ်တွင် ခြင်္သေ့ရုပ်​၊ နွားရုပ်​၊ ခေရုဗိမ်​ရုပ်​များ​ပါရှိ​ပြီး ဘောင်​တို့​၌ ခြင်္သေ့ရုပ်​နှင့်​နွားရုပ်​တို့​၏​အထက်​ဘက်​နှင့်​အောက်​ဘက်​တို့​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။


တွန်းလှည်း​၏​အပေါ်ဘက်​တွင် တစ်ထွာ​ခန့်​ထူ​သော​ခွေ​ဖြင့် ကွပ်​ထား​၏​။ တွန်းလှည်း​အပေါ်ဘက်​ရှိ လက်ကိုင်​များ​သည် ဘောင်​များ​နှင့် တစ်သားတည်း​သွန်းထား​၏​။


တွန်းလှည်း​ဆယ်ခုစလုံး​ကို ထို​အတိုင်း သွန်းလုပ်​သောကြောင့် ပုံစံတူ​၊ အရွယ်အစား​တူ​ဖြစ်​၏​။


ခေရုဗိမ်​တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​စီ​ပါရှိ​၏​။ ပထမ​မျက်နှာ​သည် ခေရုဗိမ်​မျက်နှာ​၊ ဒုတိယ​မျက်နှာ​သည် လူ​မျက်နှာ​၊ တတိယ​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ စတုတ္ထ​မျက်နှာ​သည် လင်းယုန်​မျက်နှာ​ဖြစ်​၏​။


မုခ်ဆောင်​ဆင်ဝင်​တို့​သည် အပြင်​ဝင်း​ဘက်​သို့ မျက်နှာမူ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်ထား​၏​။ ထို​မုခ်ဆောင်​သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။


ထို​မုခ်ဆောင်​၏​ဆင်ဝင်​သည် အပြင်​ဝင်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ