ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ယေဇကျေလ 37:6 - မြန်မာ့စံမီသမ္မာကျမ်း အရွတ်ပေါ်လာစေမည်။ အသားတက်လာစေမည်၊ အရေပြားဖြင့် ဖုံးအုပ်စေမည်။ သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့ကို အသက်ရှင်လာစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible သင်တို့တွင်အကြောများအသားများတက် စေ၍ အရေများဖြင့်ဖုံးလွှမ်းပေးမည်။ သင် တို့အထဲသို့ထွက်သက်ဝင်သက်လေကိုမှုတ် သွင်းကာသင်တို့ကိုအသက်ပြန်၍ရှင်စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသင်တို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သင် တို့ အ ပေါ် တွင် အ ကြော ရောက် ခြင်း၊ အ သား တက် ခြင်း၊ အ ရေ ဖုံး ခြင်း၊ ရှု သက် သွင်း ခြင်း များ ကို စီ ရင် သည့် အ လျောက်၊ ရှင် ရ သော သင် တို့ သည်၊ ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ ရ ကြ လ တ္တံ့ ဟူ သော အ မိန့် တော် ကို ဆင့် ဆို လော့ ဟု၊ Judson Bible သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကိုတက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည် မြေကြီးမျက်နှာပြင်ကိုလည်း အသစ်ပြုပြင်တော်မူ၏။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
သင်တို့သည် ဓားဘေးဖြင့် သေရလိမ့်မည်။ ငါသည် သင်တို့ကိုအစ္စရေးနယ်စပ်တွင် တရားစီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်။
သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြရလိမ့်မည်။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုမလိုက်နာ၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းမလိုက်လျှောက်ဘဲ သင်တို့ဝန်းကျင်ရှိ လူမျိုးခြားတို့၏စီရင်ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
‘ငါသည် အီဂျစ်ပြည်တစ်ပြည်လုံးကို သုတ်သင်ရှင်းလင်းပစ်မည်၊ လူသူကင်းမဲ့ရာဖြစ်စေမည်၊ သက်ရှိမှန်သမျှကို ဒဏ်ခတ်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
သင်သည် အစ္စရေးတောင်တန်းကို အရှက်ခွဲလျက် ထိုတောင်တန်းပျက်စီးပြီ၊ ငါတို့အစာဖြစ်လေပြီဟု ပြောဆိုသောစကားအလုံးစုံကို ငါကြားကြောင်း သင်သိရလိမ့်မည်။
အစ္စရေးအမွေမြေသည် လူသူကင်းမဲ့ရာဖြစ်သောအခါ သင်ဝမ်းမြောက်သကဲ့သို့ သင့်ကို ထိုသို့ဖြစ်စေမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်တစ်ပြည်လုံး လူသူကင်းမဲ့ရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
လူသူကင်းမဲ့ရာ အစဉ်ဖြစ်စေမည်။ မြို့တို့တွင် နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဖြစ်၍ သင်တို့သည် အသက်ရှင်လိမ့်မည်။ သင်တို့ကို သင်တို့၏နေရင်းပြည်၌ နေရာချထားမည်။ ထိုအခါ ငါထာဝရဘုရားသည် ပြောလျှင်ပြောသည့်အတိုင်း ပြုတတ်သည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်ဆို၏။
လူမျိုးတကာတို့ရှေ့တွင် ငါသည် ကြီးမြတ်သောဘုရား၊ သန့်ရှင်းသောဘုရားဖြစ်ကြောင်း ထင်ရှားပြသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို ထိုနေ့မှစ၍ နောင်ကာလတိုင်အောင် အစ္စရေးအမျိုးတို့ သိရကြလိမ့်မည်။
သူတို့ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်သွားစေခဲ့သော်လည်း သူတို့၏နေရင်းပြည်သို့ တစ်ယောက်မကျန် ပြန်လည်စုဝေးလာစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘စိတ်အေးလက်အေးနေနေသော မာဂေါဂပြည်နှင့် ကမ်းရိုးတန်းဒေသတို့တွင် မီးကျစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်’ဟု မိန့်တော်မူ၏။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ သင်တို့ကိုဒဏ်ခတ်သူမှာ ငါထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်။
သို့မှ ငါသည် အစ္စရေးလူမျိုးတို့တွင် စံမြန်းတော်မူကြောင်းကိုလည်းကောင်း၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါးအခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း သင်တို့သိရကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်လည်း ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
“ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
သင်တို့သည် မုန့်မစားခဲ့ရ၊ စပျစ်ဝိုင်နှင့်သေရည်သေရက်လည်း မသောက်ခဲ့ရကြ။