အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်ပါ၏။ အကျွန်ုပ်လည်း အကျွန်ုပ်ချစ်သူကိုပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိပါ၏။”
ယေဇကျေလ 36:28 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်၌ သင်တို့အသက်ရှင်နေထိုင်ကြရမည်။ သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။ Common Language Bible ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။- Garrad Bible ဘိုး ဘေး တို့ အား ငါ ပေး ခဲ့ သော ပြည် တွင် နေ ခွင့် ရ သော သင် တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သင် တို့ ဘု ရား သခင် ဖြစ် လိမ့် မည်။ Judson Bible ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့သည်နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။ |
အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်ကိုပိုင်ပါ၏။ အကျွန်ုပ်လည်း အကျွန်ုပ်ချစ်သူကိုပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိပါ၏။”
ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိကျွမ်းသောစိတ်နှလုံးကို သူတို့အား ငါပေးမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အကြောင်းမူကား သူတို့သည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုကာလ၌ ငါသည် အစ္စရေးမျိုးနွယ်စုအပေါင်းတို့၏ဘုရားဖြစ်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သူတို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်၍ ငါ၏စီရင်ထုံးဖွဲ့ချက်ကို လိုက်နာစောင့်ထိန်းကြလိမ့်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
သို့မှ အစ္စရေးအမျိုးအနွယ်သည် ငါ့ထံမှလမ်းလွဲတော့မည်မဟုတ်။ အပြစ်ကျူးလွန်ခြင်းဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို ကွဲလွင့်ရာအရပ်ရပ် လူမျိုးတကာတို့ထံမှ ပြန်လည်စုဝေးစေမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့အား သိစေမည်။ ငါ့အစေအပါးယာကုပ်အား ငါပေးခဲ့သောပြည်တွင် အစ္စရေးလူမျိုးတို့ နေထိုင်ရကြမည်။
သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်း၊ အစ္စရေးအမျိုးအနွယ်သည် ငါ့လူမျိုးတော်ဖြစ်ကြောင်းကို လူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့ပေါ်တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို တိုးပွားများပြားစေမည်။ သူတို့သည် မြို့များ၌ နေထိုင်ကြလိမ့်မည်။ ပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။
သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။
ငါ၏ကိန်းဝပ်တော်မူရာတဲတော်သည်လည်း သူတို့နှင့်အတူရှိမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။
သူတို့ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်သွားစေခဲ့သော်လည်း သူတို့၏နေရင်းပြည်သို့ တစ်ယောက်မကျန် ပြန်လည်စုဝေးလာစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့ကို ပြန်ခေါ်လာ၍ ဂျေရုဆလင်မြို့တွင် နေထိုင်စေပြီး သူတို့သည် ငါ၏လူမျိုးတော် ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့အဖို့ သစ္စာစောင့်သော၊ ဖြောင့်မတ်သောဘုရားသခင် ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။
ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။