ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
ယေဇကျေလ 36:11 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ပေါ်တွင် လူနှင့်တိရစ္ဆာန်တို့ကိုလည်း တိုးပွားစေသဖြင့် အမြောက်အမြားတိုးပွားကြလိမ့်မည်။ သင်တို့ကို ယခင်ကကဲ့သို့ လူနေထိုင်ရာပြန်ဖြစ်စေမည်။ ယခင်ကထက် ပို၍ကောင်းစားစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ Common Language Bible ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။- Garrad Bible လူ သူ တိ ရ စ္ဆာန် တို့ ကို များ ပြား စွာ ပေါက် ပွား အောင်၊ ငါ တိုး ပွား စေ မည့် အ လျောက်၊ ယ မန် အ ဖြစ် စည် ကား ခြင်း၊ တည် ထောင် စ ကာ လ ထက် ပြု စု ခြင်း များ ကို ခံ ရ သော သင် တို့ သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။ Judson Bible သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက် ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ |
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏ဒဏ်ရာကို ပတ်စည်းပေး၍ မိမိဒဏ်ခတ်တော်မူသည့်အနာကို ပျောက်ကင်းစေတော်မူသောနေ့ရက်၌ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်မည်။ နေ၏အလင်းသည် ခုနစ်ဆတိုး၍ ခုနစ်ရက်အလင်းကဲ့သို့ လင်းမည်။
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
“ကြွင်းကျန်သော ငါ၏သိုးစုကို ငါနှင်ထုတ်ရာအရပ်ရပ်မှ ငါစုသိမ်းမည်။ သူတို့၏စားကျက်မြေသို့ သူတို့ကို ပြန်ခေါ်လာမည်။ သူတို့သည် တိုးပွားများပြားကြလိမ့်မည်။
သူတို့ကို ထိန်းကျောင်းမည့်သိုးထိန်းများကို ငါခန့်ထားမည်။ သူတို့ ကြောက်ရွံ့ထိတ်လန့်ရတော့မည်မဟုတ်။ ပျောက်ဆုံးခြင်းလည်းရှိတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ပျက်စီးသွားသောယာကုပ်၏တဲများကို နဂိုအတိုင်းပြန်ဖြစ်စေမည်။ သူတို့အိမ်သူအိမ်သားများကို ကရုဏာထားမည်။ မြို့ကို အပျက်အစီးပုံပေါ်မှာ ပြန်တည်ဆောက်စေမည်။ နန်းတော်သည်လည်း မူလအတိုင်း တည်ရှိမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့တွင် လူသားမျိုးစေ့နှင့်တိရစ္ဆာန်မျိုးစေ့တို့ကို ငါကြဲမည့်အချိန် ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်ခဲ့သော ဤအရပ်ရှိမြို့ရွာအားလုံးတွင် သိုးထိန်းတို့ သိုးများကိုထိန်းကျောင်းရာ စားကျက်မြေရှိလာလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်၏ညီမသောဒုံနှင့် သူ၏သမီးပျိုများ၊ သင်၏အစ်မရှမာရိနှင့် သူ၏သမီးပျိုများ မူလအခြေအနေသို့ပြန်ရောက်သောအခါ သင်နှင့်သင်၏သမီးပျိုများလည်း မူလအခြေအနေသို့ပြန်ရောက်မည်။
လူသူကင်းမဲ့ရာ အစဉ်ဖြစ်စေမည်။ မြို့တို့တွင် နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
သူတို့က လူသူကင်းမဲ့ခဲ့သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လာပြီ။ ဖျက်ဆီးခံရသဖြင့် ဆိတ်ညံ၍ လူသူကင်းမဲ့သောမြို့များသည်လည်း လူနေထိုင်ရာခိုင်ခံ့သောမြို့များဖြစ်လာပြီဟု ပြောဆိုကြလိမ့်မည်။
အို ငါ့လူမျိုးတော်၊ သင်တို့၏သင်္ချိုင်းဂူများကို ငါဖွင့်၍ သင်တို့အား ထိုသင်္ချိုင်းဂူများမှ ထုတ်ယူသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။
အရွတ်ပေါ်လာစေမည်။ အသားတက်လာစေမည်၊ အရေပြားဖြင့် ဖုံးအုပ်စေမည်။ သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့ကို အသက်ရှင်လာစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့၏ညီအစ်ကိုတို့ကို “ငါ့လူမျိုး”၊ သင်တို့၏နှမတို့ကို “ငါ့ချစ်သူ”ဟု ခေါ်ကြလော့။
သင့်ကိုသစ္စာရှိရှိ လက်ထပ်ယူမည်။ သင်သည်လည်း ထာဝရဘုရားကို သိကျွမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်၌ ပြိုလဲခဲ့သည့်ဒါဝိဒ်၏တဲကို ပြန်လည်ထူထောင်မည်။ ပေါက်ပြဲရာများကို ပြန်လည်ဖာထေးမည်။ ပျက်စီးရာများကို ပြန်လည်ပြုပြင်မည်။ ရှေးကာလကဲ့သို့ ပြန်လည်တည်ဆောက်မည်။
သူတို့ကို နေရင်းပြည်၌ စိုက်ထားမည်။ ငါပေးသောပြည်မှ သူတို့ ဆွဲနုတ်ခြင်းခံရတော့မည်မဟုတ်”ဟု သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
စားကျက်မြေကောင်းသည့်တောမြိုင်အလယ်တွင် သီးသန့်နေသော ကိုယ်တော်၏အမွေတော်သိုးစုဖြစ်သည့် ကိုယ်တော်၏လူမျိုးတော်ကို တောင်ဝှေးတော်ဖြင့် ထိန်းကျောင်းတော်မူပါ။ ရှေးယခင် ဗာရှန်ပြည်၊ ဂိလဒ်ပြည်မှာကဲ့သို့ သူတို့ကို ကျွေးမွေးတော်မူပါ။
ငါသည် သူတို့ကို လေချွန်ပြီး ခေါ်ယူစုသိမ်းမည်။ သူတို့ကို အမှန်ပင် ရွေးနုတ်ကယ်တင်မည်။ ယခင်က တိုးပွားခဲ့သည့်အတိုင်း ဆက်လက်တိုးပွားစေမည်။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့ပိုင်ဆိုင်ခဲ့သည့်ပြည်သို့ သင့်ကို ပို့ဆောင်တော်မူ၍ သင်သည် ထိုပြည်ကို ပိုင်ဆိုင်ရမည်။ သင့်ကိုကောင်းစားစေ၍ သင့်ဘိုးဘေးတို့ထက် သင့်ကိုတိုးပွားစေတော်မူမည်။
ဘုရားသခင်သည် ငါတို့အတွက် သာ၍မြတ်သောအရာကို ကြိုတင်ပြင်ဆင်ပေးတော်မူသည်ဖြစ်၍ သူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်နိုင်ရာ။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။