Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 36:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 သူ​တို့​က လူသူကင်းမဲ့​ခဲ့​သော ဤ​မြေ​သည် ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်လာ​ပြီ​။ ဖျက်ဆီး​ခံရ​သဖြင့် ဆိတ်ညံ​၍ လူသူကင်းမဲ့​သော​မြို့​များ​သည်​လည်း လူ​နေထိုင်​ရာ​ခိုင်ခံ့​သော​မြို့​များ​ဖြစ်လာ​ပြီ​ဟု ပြောဆို​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ယ​ခင်​က​အ​သုံး​မ​ကျ​သော​မြေ​ရိုင်း​ဖြစ် နေ​ခဲ့​သော​မြေ​ယာ​တို့​သည် ဧ​ဒင်​ဥ​ယျာဉ် သ​ဖွယ်​ဖြစ်​လာ​ကြောင်း၊ ယ​ခင်​က​ဖြို​ဖျက် လု​ယက်​တိုက်​ခိုက်​ခြင်း​ခံ​ရ​၍​ယို​ယွင်း​ပျက် စီး​နေ​ခဲ့​သော​မြို့​တို့​တွင်​လည်း ယ​ခု​အ​ခါ အ​ခိုင်​အ​မာ​ခံ​တပ်​များ​တည်​ဆောက်​ထား လျက်​လူ​တို့​နေ​ထိုင်​လျက်​ရှိ​ကြောင်း​လူ တိုင်း​ပြော​ဆို​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 လယ် လုပ် ပြန် ရ သည့် အ တိုင်း၊ ဆိတ် ညံ ရာ ရောက် သော ထို ပြည် သည်၊ ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ ဖြစ် လျက်၊ ဆိတ် ညံ ရာ မြို့ ဆိုး ကုန်း၊ မြို့ ပျက် များ လည်း စည် ကား သော ခံ မြို့ ဖြစ် လာ ပြီ တ ကား ဟု ဆို ရိုး ရှိ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​အ​ခါ သူ​တစ်​ပါး​တို့​က၊ အ​ရင်​စွန့်​ပစ်​သော ဤ​မြေ​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်​လေ​ပြီ။ သုတ်​သင် ပယ်​ရှင်း​ပျက်​စီး​သော မြို့​တို့​သည်​လည်း ခိုင်​ခံ့၍ မြို့​သား​တို့​နှင့် ပြည့်​စုံ​ကြ​ပြီ​ဟု ပြော​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 36:35
15 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)


ထိုအခါ ငါ​တို့​နှုတ်​သည် ရယ်မော​ခြင်း​နှင့်​လည်းကောင်း​၊ ငါ​တို့​လျှာ​သည် ရွှင်လန်း​စွာ ကြွေးကြော်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​၏​။ လူ​တို့​က​လည်း “​ထာဝရဘုရား​သည် သူ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​ပြီ​”​ဟု တိုင်းနိုင်ငံ​တို့​အလယ်​တွင်​ပြောဆို​ကြ​၏​။


ထိုအခါ လူ​တို့​က “​ဖြောင့်မတ်​သော​သူ​သည် ဆုလာဘ်​ကို အမှန်ပင်​ခံရ​၏​။ ကမ္ဘာမြေကြီး​ကို တရားစီရင်​တော်မူ​သော ဘုရားသခင်​သည် အမှန်ပင်​ရှိ​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


ထိုအခါ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့​၍ ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​ကို ပြောကြား​ကာ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို ဂရုပြု​ကြ​လိမ့်မည်​။


အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။


သင့်​ကို “​စွန့်ပစ်​ခံရ​သူ​”​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ သင်​၏​မြေ​ကို​လည်း “​လူသူကင်းမဲ့​ရာ​အရပ်​”​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ သင့်​ကို “​ငါ​နှစ်သက်မြတ်နိုးသူ​”​ဟူ၍​လည်းကောင်း​၊ သင်​၏​မြေ​ကို “​လက်ထပ်​ပြီး​သူ​”​ဟူ၍​လည်းကောင်း ခေါ်ဝေါ်​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင့်​ကို​နှစ်သက်မြတ်နိုး​တော်မူ​၏​။ သင်​၏​မြေ​သည်​လည်း လက်ထပ်​ခွင့်​ရ​လိမ့်မည်​။


‘​မြောက်ဘက်​အရပ်​မှ​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ အစ္စရေး​အမျိုးသား သားစဉ်မြေးဆက်​တို့​ကို ပြန်လည်​ခေါ်ဆောင်​လာ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​’​ဟု ပြောဆို​ရ​မည့်​အချိန် ရောက်လာ​မည်​။ သူ​တို့​သည် နေရင်းပြည်​၌ နေထိုင်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​ခဲ့​သော ဤ​အရပ်​ရှိ​မြို့ရွာ​အားလုံး​တွင် သိုးထိန်း​တို့ သိုး​များ​ကို​ထိန်းကျောင်း​ရာ စားကျက်မြေ​ရှိ​လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ဤ​မြို့​သည် ငါ့​အဖို့ ဝမ်းမြောက်စရာ​၊ ချီးမွမ်းစရာ​၊ ဂုဏ်ပြုစရာ ဖြစ်​လိမ့်မည်​။ ဤ​မြို့​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​တို့​ကို ကမ္ဘာမြေ​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ကြားသိ​ကြ​လိမ့်မည်​။ ဤ​မြို့​ကို ကောင်းကျိုးချမ်းသာ​အတိ​၊ ငြိမ်သက်​ခြင်း​အတိ​ရှိ​စေ​သည်​ကို သူ​တို့ အံ့ဩ​တုန်လှုပ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ဘုရားသခင်​၏​ဥယျာဉ်​တော်​ဧဒင်​ထဲတွင် သင်​နေ​ရ​၏​။ သင့်​ကို ပတ္တမြား​၊ ဥဿဖရား​၊ စိန်​၊ ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့​၊ နီလာ​၊ မြ​၊ ဂေါ်မုတ်နီ စသော အဖိုးတန်​ကျောက်မျက်​အမျိုးမျိုး​တို့​ဖြင့် ဆင်ယင်​ထား​၏​။ သင်​၏​ပတ်သာ​နှင့် ပလွေ​ကို ရွှေ​ဖြင့်​လုပ်​ထား​၏​။ သင့်​ကို ဖန်ဆင်း​ခဲ့​သော​နေ့​တွင် ထိုသို့ ငါ​ပြင်ဆင်​ခဲ့​ပြီ​။


ငါ​သည် ထို​အပင်​ကို အခက်အလက်​များ​ဖြင့် ဝေဆာ​လှပ​စေ​သောကြောင့် ဧဒင်​အရပ်​ရှိ ဘုရားသခင်​၏​ဥယျာဉ်​တော်​မှ အပင်​များ​က သူ့​ကို​သဝန်တို​ကြ​၏’​ဟု ဆင့်ဆို​လော့​။


ဖြတ်သန်းသွားလာ​သော​သူ​တို့​၏​အမြင်​တွင် တိတ်ဆိတ်​ခြောက်ကပ်​၍ လူသူကင်းမဲ့​သော​မြေ​ကို ထွန်ယက်​စိုက်ပျိုး​သော​မြေ ဖြစ်​စေ​မည်​။


အို ငါ့​လူမျိုး​တော်​၊ သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို ငါ​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​များ​မှ ထုတ်ယူ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။


သူ​တို့​ရှေ့​တွင် ဝါးမျို​သော​မီး ရှိ​၏​။ သူ​တို့​နောက်တွင် လောင်ကျွမ်း​သော​မီးလျှံ ရှိ​၏​။ ပြည်​တော်​သည် ယခင်က ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်​သော်လည်း သူ​တို့​ပေါ်လာ​ပြီး​နောက်တွင် ဆိတ်ညံ​သော​တောကန္တာရ​ကဲ့သို့ ဖြစ်​လေ​ပြီ​။ သူ​တို့​ဘေးရန်​မှ လွတ်မြောက်​သော​အရာ တစ်​ခု​မျှ​မ​ရှိ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ