သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
ယေဇကျေလ 33:26 - မြန်မာ့စံမီသမ္မာကျမ်း ဓားကိုအားကိုးလျက်၊ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလျက်၊ အိမ်နီးချင်းမယားကိုပြစ်မှားလျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလောဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။ Common Language Bible သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။ Garrad Bible ဓား ကို တံ ကဲ ပြု လျက်၊ ရွံ ရှာ ဖွယ် အ မှု ကို ကျင့် လျက်၊ သူ့ မ ယား ကို ရှုတ် ချ သော သင် တို့ သည်၊ ပြည် တော် ကို ပိုင် အပ် ကြ သ လော ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။ Judson Bible ဓားကို ခိုလှုံလျက်၊ စက်ဆုပ်ဖွယ်သောအမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။ |
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
မိမိအိမ်နီးချင်း၏မယားထံသို့ ဝင်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ ထိုမိန်းမနှင့်ထိတွေ့သောသူမှန်သမျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
မြို့ထဲသို့ရောက်သောအခါ နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူတို့သည် ထိုသူတို့ကိုသတ်ပြီးလျှင် တွင်းထဲသို့ပစ်ချကြ၏။
သင်တို့သည် ခိုးလျက်၊ လူသတ်လျက်၊ အိမ်ထောင်ရေးဖောက်ပြန်လျက်၊ မဟုတ်မမှန်ကျိန်ဆိုလျက်၊ ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်၊ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်လျက်နှင့်
သူသည် တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊
တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊
တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
သင်တို့ကို ငါပို့ဆောင်၍ သင်တို့နေထိုင်သည့်ပြည်သည် သင်တို့ကို မအန်ထုတ်မည့်အကြောင်း ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။
ထိုမြို့၏အကြီးအကဲတို့သည် ဟိန်းဟောက်သောခြင်္သေ့များနှင့် တူ၏။ တရားသူကြီးတို့သည် နေဝင်ချိန်ရောက်မှ အစာရှာ၍ နံနက်တိုင်အောင် ဘာမျှမချန်ဘဲ စားတတ်သောဝံပုလွေများနှင့်တူ၏။
သူသည် အခြားသောယောက်ျားနှင့်အိပ်၍မေထုန်ပြုသော်လည်း သူ၏ယောက်ျားမသိ၊ သူသည် မိမိကိုယ်မိမိညစ်ညူးစေသော်လည်း ထိုအမှုသည်မပေါ်၊ သက်သေလည်းမရှိသဖြင့် သူသည် ဖမ်းဆီးခြင်းမခံရလျှင်လည်းကောင်း၊
ဤသည်ကား သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သောတရား ဖြစ်၏။ မယားသည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေသဖြင့်
အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။