ယေရမိ 7:9 - မြန်မာ့စံမီသမ္မာကျမ်း9 သင်တို့သည် ခိုးလျက်၊ လူသတ်လျက်၊ အိမ်ထောင်ရေးဖောက်ပြန်လျက်၊ မဟုတ်မမှန်ကျိန်ဆိုလျက်၊ ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်၊ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်လျက်နှင့် အခန်းကိုကြည့်ပါ။Common Language Bible9 သင်တို့သည်ခိုးဝှက်မှု၊ လူသတ်မှု၊ သူ့မယား ကိုပြစ်မှားမှု၊ ကျိန်ဆို၍လိမ်လည်မှု၊ ဗာလ ဘုရားကိုယဇ်ပူဇော်မှုနှင့်မိမိတို့မသိ ဘူးသည့်ဘုရားများကိုဝတ်ပြုကိုးကွယ် မှုတို့ကိုပြုကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 သူ့ ဥ စ္စာ ကို ခိုး ခြင်း၊ သူ့ အ သက် ကို သတ် ခြင်း၊ သူ့ သား အိမ် ရာ ကို ပြစ် မှား ခြင်း၊ မု သာ ကျိန် ဆို ခြင်း၊ ဗာ လ နတ် အား မီး ဖြင့် ပူ ဇော် ခြင်း၊ မ သိ ဘူး သော အ ခြား ဘု ရား များ နောက် လိုက် လျှောက် ခြင်း များ ကို ပြု ပြီး မှ၊ အခန်းကိုကြည့်ပါ။Judson Bible9 သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်မသိဖူးသော အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်လျက်နှင့်၊ အခန်းကိုကြည့်ပါ။ |
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။