Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 5:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ဤသည်ကား သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သော​တရား ဖြစ်​၏​။ မယား​သည် မိမိ​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29-30 အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 သင်္ကာ ရှင်း ရာ တ ရား ကား ထို သို့ တည်း။ လင် ရှိ မိန်း မ သည် လင့် ဝတ် အောက် နေ လျက် သွေ ဖီ၍ ရှုတ် ချ ခံ သော် လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ဤ​ရွေ့​ကား၊ မိန်း​မ​သည် ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း၍ ညစ်​ညူး​ခြင်း​ရှိ​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 5:29
12 ပူးပေါင်းရင်းမြစ်များ  

ဓား​ကို​အားကိုး​လျက်​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​လျက်​၊ အိမ်နီးချင်း​မယား​ကို​ပြစ်မှား​လျက်​နှင့်​ပင် ထို​ပြည်​ကို ပိုင်ဆိုင်​လို​သေး​သလော​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​လော့​။


ဤသည်ကား သားယဉ်​သားရဲ​တိရစ္ဆာန်​၊ ငှက်​၊ ရေ​ထဲ၌​လှုပ်ရှားသွားလာ​သော​သက်ရှိသတ္တဝါ​အားလုံး​၊ မြေကြီး​ပေါ်၌ တွားသွား​သော​သတ္တဝါ​အားလုံး​တို့​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်၍


ဤသည်ကား စင်ကြယ်​သည်​၊ မစင်ကြယ်​သည်​ကို​ကြေညာ​နိုင်​ရန် သိုးမွေး​အဝတ်​၊ ချည်ချော​အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌​စွဲ​သည့် မှိုစွဲနာ​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​အား ပူဇော်​သည့် မိတ်သဟာယယဇ်​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။


“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ရှိ​သော​မိန်းမ​သည် ဖောက်ပြန်​၍ မိမိ​ယောက်ျား​အပေါ် သစ္စာမဲ့​သဖြင့်


ယောက်ျား​သည် မိမိ​မယား​ကို ယဇ်ပုရောဟိတ်​ထံသို့​ခေါ်ဆောင်​လာ​ရ​မည်​။ မိမိ​မယား​အတွက် မုယော​မုန့်ညက်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ပူဇော်သက္ကာ​အဖြစ် ယူလာ​ရ​မည်​။ ထို​မုန့်ညက်​သည် သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သည့်​ဘောဇဉ်ပူဇော်သက္ကာ​၊ ဒုစရိုက်​ကို​အောက်မေ့​သတိရ​စေ​သည့်​ဘောဇဉ်ပူဇော်သက္ကာ​ဖြစ်​သည်​နှင့်အညီ ထို​မုန့်ညက်​အပေါ် ဆီ​မ​လောင်း​ရ​။ လော်ဗန်​မ​တင်​ရ​။


ထိုအခါ ယဇ်ပုရောဟိတ်​က ထို​မိန်းမ​အား ‘​သင်​သည် အခြား​ယောက်ျား​နှင့်​မေထုန်ပြု​ခြင်း​မ​ရှိ​လျှင်​၊ သင်​သည် မိမိ​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​ညစ်ညူး​ခြင်း​မ​ရှိ​လျှင် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့် ဤ​ခါး​သော​ရေ​အားဖြင့်​သင့်ရောက်​မည့် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​စေ​။


သို့သော် ထို​မိန်းမ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခြင်း​မ​ရှိ​ဘဲ စင်ကြယ်​သည်​ဆိုလျှင် သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​၍ သားသမီး​ထွန်းကား​လိမ့်မည်​။


လင်ယောက်ျား​သည် သံသယ​စိတ်​ဝင်​၍ မိမိ​မယား​အပေါ်​သဝန်တို​လျှင် ထို​မိန်းမ​ကို ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​စေ​၍ ယဇ်ပုရောဟိတ်​သည် ဤ​တရား​အတိုင်း ထို​မိန်းမ​ကို စီရင်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ