အို ဂျေရုဆလင်မြို့၊ ကင်းစောင့်တို့ကို သင်၏မြို့ရိုးများပေါ်တွင် ငါချထားပြီ။ သူတို့သည် နေ့နေ့ညည တိတ်တိတ်နေမည်မဟုတ်။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ နှုတ်ဆိတ်မနေကြနှင့်။
ယေဇကျေလ 33:2 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ သင့်အမျိုးသားတို့အား ဤသို့ဆင့်ဆိုလော့။ ထာဝရဘုရားက ‘ငါသည် ပြည်ပေါ်သို့ ဓားဘေးကျရောက်စေသောအခါ ပြည်သားတို့သည် သူတို့ထဲမှယောက်ျားတစ်ယောက်ကို ကင်းစောင့်အဖြစ် ရွေးချယ်ခန့်ထား၏။ Common Language Bible ကိုယ်တော်က``တိုင်းပြည်တစ်ပြည်ကိုငါသည် စစ်ဘေးအန္တရာယ်ဆိုက်ရောက်စေသောအခါ ထိုပြည်၌အဘယ်သို့ဖြစ်သည်ကိုသင်၏ အမျိုးသားတို့အားပြောပြလော့။ ပြည်သူ ပြည်သားတို့သည်မိမိတို့အထဲမှလူ တစ်ယောက်ကိုကင်းစောင့်အဖြစ်ဖြင့်ရွေး ချယ်ရကြ၏။- Garrad Bible အ ချင်း လူ့ သား၊ အ မျိုး သား ချင်း တို့ အား ဟော ပြော ဆင့် ဆို ရ မည် မှာ၊ တစ် တိုင်း တစ် ပြည် ပေါ် သို့ ဓား ဘေး ကို ငါ သင့် စေ သော်၊ ကင်း စောင့် အ ဖြစ်၊ ပြည် သူ ပြည် သား တို့ ရွေး ကောက် ခန့် ထား မည့် သူ သည်၊ Judson Bible အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ဟောပြော၍ ဆင့်ဆိုရမည်မှာ၊ ငါသည် တစ်စုံတစ်ခုသောပြည်သို့ ဓားဘေးရောက်စေသောအခါ၊ ပြည်သားတို့သည် ပြည်သားတစ်ယောက်ကို ယူ၍ ကင်းစောင့်ထားပြီးမှ၊ |
အို ဂျေရုဆလင်မြို့၊ ကင်းစောင့်တို့ကို သင်၏မြို့ရိုးများပေါ်တွင် ငါချထားပြီ။ သူတို့သည် နေ့နေ့ညည တိတ်တိတ်နေမည်မဟုတ်။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ နှုတ်ဆိတ်မနေကြနှင့်။
အဖျက်သမားတို့သည် တောကန္တာရရှိတောင်ကတုံးများပေါ်သို့ တက်လာကြပြီ။ ထာဝရဘုရား၏ဓားတော်သည် မြေကြီးစွန်းတစ်ဘက်မှ အခြားမြေကြီးစွန်းတစ်ဘက်တိုင်အောင် ဝါးမျိုလိမ့်မည်။ မည်သူမျှ ငြိမ်းချမ်းစွာနေရမည်မဟုတ်။
ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။
ဓားဘေးကို သင်တို့ကြောက်ကြသည်မဟုတ်လော။ ထိုဓားဘေးကိုပင် သင်တို့အပေါ် ငါကျရောက်စေမည်’ဟု မိန့်တော်မူ၏။
“သို့မဟုတ် တိုင်းပြည်တွင် ဓားဘေးကျရောက်စေ”ဟု ငါအမိန့်ပေးသဖြင့် ဓားဘေးကျရောက်၍ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်ဆိုပါစို့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
ဖမ်းခေါ်သွားခြင်းခံရသော သင့်အမျိုးသားချင်းတို့ထံသို့သွား၍ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟူ၍ သူတို့အား ဆင့်ဆိုရမည်”ဟု ဆို၏။
သင်နှင့်ငါစကားပြောသောအခါ သင့်နှုတ်ကိုဖွင့်ပေးမည်။ ထိုအခါ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်’ဟု သူတို့အား ပြောရမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် နားထောင်လိုသောသူ နားထောင်ပါစေ။ နားမထောင်လိုသောသူလည်း နားမထောင်ဘဲနေပါစေ။
အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ‘ဖြောင့်မတ်သောသူသည် သူအပြစ်ကျူးလွန်မိသောအခါ သူ၏ဖြောင့်မတ်ခြင်းသည် သူ့ကို ကယ်တင်မည်မဟုတ်။ ဆိုးယုတ်သောသူသည်လည်း သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်သောအခါ သူပြုခဲ့သောဆိုးယုတ်မှုသည် သူ့အား ပြိုလဲစေမည်မဟုတ်။ ဖြောင့်မတ်သောသူ အပြစ်ပြုသောအခါ အသက်ရှင်ခွင့်ရမည်မဟုတ်’ဟု ပြောကြားလော့။
သင့်အမျိုးသားချင်းတို့က ‘ဘုရားရှင်၏နည်းလမ်းတော်သည် တရားမျှတမှုမရှိ’ဟု ဆိုတတ်ကြ၏။ စင်စစ် သူတို့၏နည်းလမ်းကသာ တရားမျှတမှုမရှိ။
အချင်းလူသား၊ သင့်အမျိုးသားချင်းတို့က နံရံများ၊ အိမ်တံခါးများအနီးတွင် သင့်ကိုရည်မှတ်၍ ‘ထာဝရဘုရားထံမှ မည်သည့်သတင်းကြားရမည်ကို သွား၍နားထောင်ကြစို့’ဟု အချင်းချင်းပြောဆိုတတ်ကြ၏။
အချင်းလူသား၊ ယခု သင့်အား အစ္စရေးအမျိုးတို့အတွက် ကင်းစောင့်အဖြစ် ငါခန့်ထားပြီ။ ငါ၏နှုတ်ထွက်စကားကို နားထောင်ပြီး သူတို့အား သတိပေးရမည်။
သင့်အမျိုးသားချင်းတို့က သင့်အား ‘ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သင်ပြောပြနိုင်မည်လော’ဟု မေးလာလျှင်
‘အို အစ္စရေးတောင်တန်းတို့၊ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။ တောင်ကြီးတောင်ငယ်များနှင့် မြစ်ချောင်းချိုင့်ဝှမ်းများအား ထာဝရဘုရားက ငါကိုယ်တော်တိုင် သင်တို့ထံ ဓားဘေးရောက်စေပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။
ဧဖရိမ်၏ကင်းစောင့်သည် ဘုရားသခင်နှင့်အတူရှိ၏။ သို့သော် ပရောဖက်သွားရာလမ်းတစ်လျှောက်လုံးတွင် မုဆိုးကျော့ကွင်းရှိ၏။ ဘုရားသခင်၏အိမ်တော်တွင်လည်း မုန်းတီးခြင်းများ ရှိ၏။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။