ယေဇကျေလ 31:16 - မြန်မာ့စံမီသမ္မာကျမ်း တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။ Common Language Bible ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။- Garrad Bible သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် တ ကွ၊ မ ရ ဏာ့ နိုင် ငံ သို့ ငါ ချ သည့် ကာ လ၊ ကျ သံ ကြောင့် လူ မျိုး ခြား တို့ တုန် လှုပ် သည့် ပြင်၊ ဧ ဒင် ဥ ယျာဉ် အ ပင်၊ လေ ဗ နုန် တော ထူး မြတ် သော အ ပင်၊ ရေ သောက် သော အ ပင် ဟူ သ မျှ သည်၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ၌ နှစ် သိမ့် ရ ကြ လ တ္တံ့။ Judson Bible မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး၊ အမြတ်ဆုံးသော လေဗနုန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။ |
ထင်းရှူးပင်၊ လက်ဘနွန်တောင်ရှိသစ်ကတိုးပင်တို့ပင်လျှင် သင့်အဖြစ်ကြောင့် ဝမ်းမြောက်ကြ၏။ “သင်အိပ်ပျော်သွားသောအချိန်မှစ၍ ငါတို့ကိုခုတ်လှဲမည့်သူ မတက်လာပါ”ဟု ဆိုကြ၏။
“ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ”ဟူသောအော်ဟစ်သံကြောင့် မြေကြီးတုန်ခါသွားလိမ့်မည်။ သူတို့အော်ဟစ်သောအသံကို လူမျိုးတကာတို့ ကြားရလိမ့်မည်။
“သို့သော် ထိုပြည်ထဲ၌ လွတ်မြောက်၍ကြွင်းကျန်ရစ်သော သားသမီးအချို့တို့သည် ထုတ်ဆောင်သွားခြင်းခံရလိမ့်မည်။ သူတို့သည် သင်တို့ထံရောက်လာ၍ သူတို့၏အပြုအမူအကျင့်အကြံတို့ကို သင်တို့မြင်ရလိမ့်မည်။ ထိုအခါ ဂျေရုဆလင်မြို့အပေါ် ငါကျရောက်စေခဲ့သောဘေးအန္တရာယ် အလုံးစုံတို့အတွက် သင်တို့စိတ်သက်သာရာရလိမ့်မည်။
သူတို့၏အပြုအမူအကျင့်အကြံတို့ကို သင်တို့မြင်ရသောအခါ သင်တို့စိတ်သက်သာရာရလိမ့်မည်။ ဂျေရုဆလင်မြို့ကို ငါစီရင်ခဲ့သည်မှာ အကြောင်းမဲ့မဟုတ်ကြောင်းကို သင်တို့သိကြလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
များပြားလှသောမြင်းများကြောင့် ဖုန်များတထောင်းထောင်းထ၍ သင့်ကိုဖုံးလွှမ်းလိမ့်မည်။ မြို့တံခါးမှတစ်ဆင့် ပြိုပျက်သွားသောမြို့ထဲသို့ပြေးဝင်လာသော မြင်းစီးသူရဲများ၊ စစ်ရထားများ၏ဘီးသံများကြောင့် မြို့ရိုးများပင် တုန်ခါသွားရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက တိုင်ရာမြို့အား ‘သင်ပြိုလဲလေပြီ။ မြို့ထဲတွင် အကြီးအကျယ်သတ်ဖြတ်ခံရ၍ ဒဏ်ရာရသူများညည်းတွားသောအသံကြောင့် ကမ်းရိုးတန်းတစ်ခုလုံး တုန်ခါသွားပြီမဟုတ်လော။
မာလိန်မှူးတို့အော်ဟစ်သံကြောင့် သင်ကျင်လည်ကျက်စားခဲ့သောနယ်မြေများ တုန်လှုပ်လေပြီ။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ကြည့်ရှုလော့။ အဆီးရီးယားပြည်သည် လက်ဘနွန်တောင်မှ သစ်ကတိုးပင်နှင့်တူ၏။ အကိုင်းအခက်ဝေဆာလှပပြီး ထိပ်ဖျားသည် မိုးထိအောင်မြင့်၍ တစ်တောလုံးကို အုပ်မိုးထား၏။
ဘုရားသခင်၏ဥယျာဉ်တော်ရှိသစ်ကတိုးပင်များသည်ပင် ထိုအပင်နှင့်မယှဉ်နိုင်။ ထင်းရှူးပင်သည် သူ၏အခက်အလက်ကို မယှဉ်နိုင်။ ပလိန်းပင်သည်လည်း သူ၏အကိုင်းအခက်ကို မယှဉ်နိုင်။ ဘုရားသခင်၏ဥယျာဉ်တော်ရှိ မည်သည့်အပင်ကမျှ သူ၏လှပတင့်တယ်ခြင်းနှင့်မယှဉ်နိုင်။
ငါသည် ထိုအပင်ကို အခက်အလက်များဖြင့် ဝေဆာလှပစေသောကြောင့် ဧဒင်အရပ်ရှိ ဘုရားသခင်၏ဥယျာဉ်တော်မှ အပင်များက သူ့ကိုသဝန်တိုကြ၏’ဟု ဆင့်ဆိုလော့။
သူ့စစ်သူရဲတို့၏ဒိုင်းလွှားများကို အနီရောင်ချယ်ထားကြ၏။ စစ်သည်တို့သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။ စစ်ခင်းကျင်းသောနေ့၌ စစ်ရထားတို့သည် သတ္တုရောင်တောက်ပြောင်လျက်၊ လက်နက်များကိုလည်း ဝှေ့ယမ်းလျက်ရှိ၏။
လက်ဘနွန်တောင်ကို သင်နှိပ်စက်ခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ တိရစ္ဆာန်များကို သင်ညှဉ်းဆဲခဲ့သည့်အတိုင်း သင်ပြန်၍ကြောက်လန့်နေရမည်။ သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုလေပြီ။
‘ငါသည် လူမျိုးအပေါင်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေမည်။ လူမျိုးအပေါင်းတို့သည် သူတို့၏အဖိုးတန်ရတနာတို့ကို ယူဆောင်လာကြလိမ့်မည်။ ဤအိမ်တော်ကိုလည်း ဘုန်းအသရေတော်နှင့် ငါပြည့်စေမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
ထိုအချိန်နာရီ၌ပင် ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုလဲသွား၏။ ထိုငလျင်ကြောင့် လူပေါင်းခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူတို့သည် ကြောက်လန့်ကြလျက် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။