Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 31:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဘုရားသခင်​၏​ဥယျာဉ်​တော်​ရှိ​သစ်ကတိုးပင်​များ​သည်​ပင် ထို​အပင်​နှင့်​မ​ယှဉ်​နိုင်​။ ထင်းရှူးပင်​သည် သူ​၏​အခက်အလက်​ကို မ​ယှဉ်​နိုင်​။ ပလိန်းပင်​သည်​လည်း သူ​၏​အကိုင်းအခက်​ကို မ​ယှဉ်​နိုင်​။ ဘုရားသခင်​၏​ဥယျာဉ်​တော်​ရှိ မည်သည့်​အပင်​က​မျှ သူ​၏​လှပတင့်တယ်​ခြင်း​နှင့်​မ​ယှဉ်​နိုင်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​မှ​အာ​ရစ်​ပင်​တို့ ပင်​လျှင် ထို​အ​ပင်​ကို​မ​ယှဉ်​ပြိုင်​နိုင်။ အ​ဘယ်​ထင်း​ရှူး​ပင်​၌​မျှ​ဤ​သို့​သော အ​ကိုင်း​အ​ခက်​များ​မ​ရှိ။ အ​ဘယ်​သ​ဖန်း​ပိုး​စာ​ပင်​၌​မျှ​ဤ​သို့​သော အ​ခက်​အ​လက်​ကြီး​များ​မ​ရှိ။ ဥ​ယျာဉ်​တော်​၌​ပင်​ဤ​သို့​လှ​ပ​တင့်​တယ်​သော သစ်​ပင်​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ရှိ သစ် က တိုး ပင် များ သည် မ လွန် မ ကဲ၊ ထင်း ရှူး ပင် များ သည် အ ကိုင်း အ ခက် နှင့် လည်း ကောင်း၊ ပိုး စာ ပင် များ သည် အ ခက် အ လက် နှင့်လည်း ကောင်း၊ မ ပြိုင် မ ယှဉ်၊ ဥ ယျာဉ် တော် ရှိ တစ် ပင် မျှ၊ ထို တင့် တယ် ခြင်း ကို မ မီ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌ အာ​ရဇ်​ပင်​တို့​သည် ထို​အ​ပင်​ကို မ​ကွယ်​နိုင်။ ထင်း​ရှူး​ပင်​နှင့် အာ​ရ​မုန်​ပင်​တို့​သည် ထို​သို့​သော အ​ကိုင်း​အ​ခက်​နှင့် မ​ပြည့်​စုံ​ကြ။ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ သစ်​ပင်​တစ်​ပင်​မျှ ထို​အ​ပင်​ကဲ့​သို့ အ​ဆင်း​မ​လှ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 31:8
15 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)


ဆိုးယုတ်​၍​ကြမ်းကြုတ်​သော​သူ​သည် မူရင်း​ဒေသ​ပေါက် စိမ်းလန်း​သော​အပင်​ကဲ့သို့ ပြန့်ကား​ကြီးထွား​နေ​သည်​ကို ငါ​မြင်​ရ​၏​။


ထို​အပင်​သည် တောင်​များ​ကို မိမိ​၏​အရိပ်​ဖြင့်​လည်းကောင်း​၊ မြင့်မား​သော​သစ်ကတိုးပင်​တို့​ကို မိမိ​၏​အကိုင်းအခက်​များ​ဖြင့်​လည်းကောင်း ဖုံးလွှမ်း​ခဲ့​ပါ​၏​။


သူ့​ခြေထောက်​များ​သည် ရွှေစင်​အုတ်ခုံ​ပေါ်တွင် စိုက်ထူ​ထား​သော စကျင်ကျောက်​တိုင်​နှင့်​တူ​၏​။ သူ့​ရုပ်သွင်​သည်​လည်း အကောင်းဆုံး​သစ်ကတိုးပင်​များ​ပေါက်​ရာ လက်ဘနွန်​တောင်​နှင့်​တူ​၏​။


အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။


ဘုရားသခင်​၏​ဥယျာဉ်​တော်​ဧဒင်​ထဲတွင် သင်​နေ​ရ​၏​။ သင့်​ကို ပတ္တမြား​၊ ဥဿဖရား​၊ စိန်​၊ ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့​၊ နီလာ​၊ မြ​၊ ဂေါ်မုတ်နီ စသော အဖိုးတန်​ကျောက်မျက်​အမျိုးမျိုး​တို့​ဖြင့် ဆင်ယင်​ထား​၏​။ သင်​၏​ပတ်သာ​နှင့် ပလွေ​ကို ရွှေ​ဖြင့်​လုပ်​ထား​၏​။ သင့်​ကို ဖန်ဆင်း​ခဲ့​သော​နေ့​တွင် ထိုသို့ ငါ​ပြင်ဆင်​ခဲ့​ပြီ​။


တွင်း​ထဲ​ကျသွား​သူ​တို့​နှင့်အတူ သူ့​ကို​မရဏာနိုင်ငံ​ထဲသို့ ကျသွား​စေ​သောအခါ သူ​ကျသွား​သော​အသံ​ကြောင့် လူမျိုးတကာ​တို့​လည်း တုန်လှုပ်​ကြ​၏​။ ထိုအခါ ဧဒင်​ဥယျာဉ်​မှ အပင်​များ​၊ လက်ဘနွန်​တောင်​မှ အကောင်းတကာ့​အကောင်းဆုံး​အပင်​များ​၊ ရေ​ဝ​သော​အပင်​များ​လည်း မြေကြီး​အောက်​အရပ်​၌ စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။


ဧဒင်​ဥယျာဉ်​ရှိ​အပင်​တို့​တွင် မည်သည့်​အပင်​သည် သင်​ကဲ့သို့ ဂုဏ်သရေ​ရှိ​သနည်း​၊ ဘုန်းတန်ခိုး​ရှိ​သနည်း​။ သို့သော် သင်​သည် ဧဒင်​ဥယျာဉ်​ရှိ​အပင်​များ​နှင့်အတူ တွင်းနက်​ထဲသို့ ကျသွား​ရ​လိမ့်မည်​။ ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​များ​နှင့်အတူ အရေဖျားလှီး​ခြင်း​မ​ခံ​သော​သူ​များ​ကြား​တွင် သင်​အိပ်​ရ​လိမ့်မည်​။ ဤကား ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​လူ​တို့​ကို ဆိုလို​သတည်း​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


ကြည့်ရှု​လော့​။ အဆီးရီးယား​ပြည်​သည် လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​နှင့်​တူ​၏​။ အကိုင်းအခက်​ဝေဆာ​လှပ​ပြီး ထိပ်ဖျား​သည် မိုး​ထိ​အောင်​မြင့်​၍ တစ်တောလုံး​ကို အုပ်မိုး​ထား​၏​။


ရေသောက်မြစ်​သည် ရေ​အလုံအလောက်​ရရှိ​သောကြောင့် အကိုင်းအခက်​များ​ရှည်လျား​ပြီး အပင်​မှာ လှပတင့်တယ်​လျက်​ရှိ​၏​။


ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဘုရားသခင်​၏​ပရဒိသု​ဘုံ​၌​ရှိ​သော အသက်​ပင်​၏​အသီး​ကို ငါ​စား​ခွင့်​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ