ဟေရှာယ 14:15 - မြန်မာ့စံမီသမ္မာကျမ်း15 သို့သော် သင်သည် မရဏာနိုင်ငံ၊ တွင်း၏အနက်ဆုံးနေရာသို့ ကျသွားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့ရာတွင်ထိုသို့ဖြစ်မည့်အစားသင်သည် မရဏနိုင်ငံတွင်အနက်ရှိုင်းဆုံးသောအရပ် သို့ရောက်ရှိလျက်နေရ၏။ အခန်းကိုကြည့်ပါ။Garrad Bible15 မ ရ ဏာ့ နိုင် ငံ အောက် ဆုံး တိုင် အောင် ကျ ရောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible15 သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။