Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 31:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သည် ထို​အပင်​ကို အခက်အလက်​များ​ဖြင့် ဝေဆာ​လှပ​စေ​သောကြောင့် ဧဒင်​အရပ်​ရှိ ဘုရားသခင်​၏​ဥယျာဉ်​တော်​မှ အပင်​များ​က သူ့​ကို​သဝန်တို​ကြ​၏’​ဟု ဆင့်ဆို​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ငါ​သည်​ထို​အ​ပင်​ကို​ဝေ​ဆာ​သော အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​အောင်​ပြု​လုပ်​ထား​သ​ဖြင့် ဧ​ဒင်​အ​ရပ်၊ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော် မှ သစ်​ပင်​တ​ကာ​တို့​က​ပင်​မ​နာ​လို​ဖြစ် ကြ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ ခက် အ လက် များ ပြား၍၊ ငါ တင့် တယ် စေ သ ဖြင့်၊ ဧ ဒင် ခေါ် ဘု ရား သ ခင့် ဥ ယျာဉ် တော် ရှိ အ ပင် တ ကာ တို့ သည် ဝန် တို ကြ သည် တ ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ ရှိ​သ​မျှ​သော သစ်​ပင်​တို့​သည် ထို​အ​ပင်​ကို ငြူ​စူ​သည်​တိုင်​အောင် အ​ခက်​အ​လက် များ​ပြား​သော​အား​ဖြင့် သူ၏​အ​ဆင်း​ကို ငါ​လှ​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 31:9
26 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)


သူ​၌ သိုးအုပ်​၊ နွားအုပ် စသည့် တိရစ္ဆာန်​များ​နှင့် အခြွေအရံ​အမြောက်အမြား​ရှိ​သည်​ဖြစ်၍ ဖိလိတ္တိ​အမျိုးသား​တို့​သည် သူ့​ကို​ငြူစူ​ကြ​၏​။


အစ်ကို​တို့​သည် သူ့​ကို​မနာလို​ဖြစ်​ကြ​၏​။ ဖခင်​မူကား ထို​အကြောင်းအရာ​ကို စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏​။


အကယ်စင်စစ် သင့်​အား ငါ​၏​တန်ခိုး​ကို​ပြသ​ရန်​နှင့် မြေ​တစ်ပြင်လုံး​၌ ငါ​၏​နာမ​ကို ကြေညာ​ရန် ငါ​သည် သင့်​ကို တည်​နေ​စေ​ခြင်း​ဖြစ်​၏​။


အမျက်ဒေါသ​သည် ရက်စက်​၍ အမျက်​သည် လွှမ်းမိုး​တတ်​၏​။ သို့သော် မနာလိုဝန်တိုမှု​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​။


တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။


သင်​တို့​သည် ဝမ်းမြောက်​စွာ​ထွက်ခွာ​လာ​၍ ငြိမ်းချမ်း​စွာ​ပို့ဆောင်​ခြင်း​ခံရ​မည်​။ တောင်ကြီး​၊ တောင်ငယ်​တို့​သည် သင်​တို့​ရှေ့​၌ ဝမ်းမြောက်​စွာ​သီချင်း​ဟစ်ကြော်​သီဆို​ကြ​လိမ့်မည်​။ တော​၌​ရှိ​သော​အပင်​အားလုံး​တို့​သည် လက်ခုပ်တီး​ကြ​လိမ့်မည်​။


ငါ​ပေး​သော​ဂုဏ်အရှိန်အဝါ​ကြောင့် သင်​သည် အလှ​နှင့်​ပြည့်စုံ​၍ သင့်​အလှ​သည် လူမျိုးတကာ​တို့​ထံသို့ ပျံ့နှံ့​ကျော်ကြား​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သစ်ကတိုးပင်​ထိပ်ဖျား​မှ အညွန့်​ကို​ခူး​၍ စိုက်​မည်​။ အညွန့်နုနု​ကို​ခူး​၍ မြင့်မား​လှ​သော​တောင်​ပေါ်မှာ​စိုက်​မည်​။


ငါ​ထာဝရဘုရား​သည် မြင့်​သော​အပင်​ကို​နိမ့်​စေ​၍ နိမ့်​သော​အပင်​ကို​မြင့်​စေ​ကြောင်း​၊ စိမ်းလန်း​သော​အပင်​ကို​ခြောက်သွေ့​စေ​၍ ခြောက်သွေ့​သော​အပင်​ကို​ဝေဆာ​စေ​ကြောင်း ကွင်းပြင်​မှ​သစ်ပင်​ရှိသမျှ​တို့ သိ​ကြ​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း​ပြု​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


ဘုရားသခင်​၏​ဥယျာဉ်​တော်​ဧဒင်​ထဲတွင် သင်​နေ​ရ​၏​။ သင့်​ကို ပတ္တမြား​၊ ဥဿဖရား​၊ စိန်​၊ ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့​၊ နီလာ​၊ မြ​၊ ဂေါ်မုတ်နီ စသော အဖိုးတန်​ကျောက်မျက်​အမျိုးမျိုး​တို့​ဖြင့် ဆင်ယင်​ထား​၏​။ သင်​၏​ပတ်သာ​နှင့် ပလွေ​ကို ရွှေ​ဖြင့်​လုပ်​ထား​၏​။ သင့်​ကို ဖန်ဆင်း​ခဲ့​သော​နေ့​တွင် ထိုသို့ ငါ​ပြင်ဆင်​ခဲ့​ပြီ​။


တွင်း​ထဲ​ကျသွား​သူ​တို့​နှင့်အတူ သူ့​ကို​မရဏာနိုင်ငံ​ထဲသို့ ကျသွား​စေ​သောအခါ သူ​ကျသွား​သော​အသံ​ကြောင့် လူမျိုးတကာ​တို့​လည်း တုန်လှုပ်​ကြ​၏​။ ထိုအခါ ဧဒင်​ဥယျာဉ်​မှ အပင်​များ​၊ လက်ဘနွန်​တောင်​မှ အကောင်းတကာ့​အကောင်းဆုံး​အပင်​များ​၊ ရေ​ဝ​သော​အပင်​များ​လည်း မြေကြီး​အောက်​အရပ်​၌ စိတ်သက်သာ​ရာ​ရ​လိမ့်မည်​။


ဧဒင်​ဥယျာဉ်​ရှိ​အပင်​တို့​တွင် မည်သည့်​အပင်​သည် သင်​ကဲ့သို့ ဂုဏ်သရေ​ရှိ​သနည်း​၊ ဘုန်းတန်ခိုး​ရှိ​သနည်း​။ သို့သော် သင်​သည် ဧဒင်​ဥယျာဉ်​ရှိ​အပင်​များ​နှင့်အတူ တွင်းနက်​ထဲသို့ ကျသွား​ရ​လိမ့်မည်​။ ဓား​ဖြင့်​အသတ်​ခံရ​သော​သူ​များ​နှင့်အတူ အရေဖျားလှီး​ခြင်း​မ​ခံ​သော​သူ​များ​ကြား​တွင် သင်​အိပ်​ရ​လိမ့်မည်​။ ဤကား ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​လူ​တို့​ကို ဆိုလို​သတည်း​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


သူ​တို့​က လူသူကင်းမဲ့​ခဲ့​သော ဤ​မြေ​သည် ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်လာ​ပြီ​။ ဖျက်ဆီး​ခံရ​သဖြင့် ဆိတ်ညံ​၍ လူသူကင်းမဲ့​သော​မြို့​များ​သည်​လည်း လူ​နေထိုင်​ရာ​ခိုင်ခံ့​သော​မြို့​များ​ဖြစ်လာ​ပြီ​ဟု ပြောဆို​ကြ​လိမ့်မည်​။


ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။


အို ထင်းရှူးပင်​၊ ညည်းတွား​လော့​။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ​၍ ကျက်သရေဆောင်​သစ်ပင်​တို့ ပျက်စီး​ကုန်​ပြီ​။ အို ဗာရှန်​ဝက်သစ်ချပင်​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား ထူထပ်​သော​သစ်တော​ကြီး ပြုန်းတီး​သွား​လေ​ပြီ​။


ထိုသို့ အရာရာ​၌​အောင်မြင်​မှု​ရရှိ​နေ​သည်​ကို ရှောလု​မင်းကြီး သိမြင်​လျှင် ဒါဝိဒ်​ကို ပို၍​ကြောက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ