ယေဇကျေလ 31:16 - Common Language Bible16 ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် တ ကွ၊ မ ရ ဏာ့ နိုင် ငံ သို့ ငါ ချ သည့် ကာ လ၊ ကျ သံ ကြောင့် လူ မျိုး ခြား တို့ တုန် လှုပ် သည့် ပြင်၊ ဧ ဒင် ဥ ယျာဉ် အ ပင်၊ လေ ဗ နုန် တော ထူး မြတ် သော အ ပင်၊ ရေ သောက် သော အ ပင် ဟူ သ မျှ သည်၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ၌ နှစ် သိမ့် ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible16 မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး၊ အမြတ်ဆုံးသော လေဗနုန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။
သင်တို့သည်လေဗနုန်သစ်တောများကိုခုတ်% လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင်% ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင်% တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ်% ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ% သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ% ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ% သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ% ပေါ်ရှိလူများမြို့များကိုအကြမ်းဖက်% ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု% အရာများဖြစ်ပျက်လာလိမ့်မည်။ %