ထို့ကြောင့် မောဘပြည်သားသည် မောဘပြည်ကြောင့် ညည်းတွားငိုကြွေးကြရမည်။ လူတိုင်း ညည်းတွားငိုကြွေးကြရမည်။ သင်တို့သည် ကိရဟရက်မြို့မှ စပျစ်ခြောက်မုန့်များကြောင့် ညည်းတွားကြရမည်။ အမှန်ပင် ပူဆွေးသောကရောက်ကြရမည်။
ယေဇကျေလ 30:4 - မြန်မာ့စံမီသမ္မာကျမ်း ဓားဘေးသည် အီဂျစ်ပြည်သို့ ရောက်လာမည်။ အီဂျစ်ပြည်သားတို့ လဲကျသေဆုံး၍ သူ၏ဥစ္စာပစ္စည်းရှိသမျှကို သိမ်းယူသွားကြပြီး အုတ်မြစ်များကို လှန်ပစ်ကြသောအခါ အီသီယိုးပီးယားပြည်သည် ထိတ်ထိတ်ပျာပျာဖြစ်လိမ့်မည်။ Common Language Bible အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။ Garrad Bible အိ ဂျစ် ပြည် ပေါ် သို့ ဓား ဘေး သင့်၍ လုပ် ကြံ ခံ ရ သူ တို့ ကျ ဆုံး ကြ သော အ ခါ၊ ကု ရှ ပြည် တုန် လှုပ် လျက်၊ အိ ဂျစ် ပြည် သည်၊ နေ ထိုင် သူ တို့ သိမ်း သွား ခြင်း၊ အ မြစ် အ ခြေ မှောက် လှန် ခြင်း ခံ ရ သည့် ပြင်၊ Judson Bible ဓားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည်။ အလုံးအရင်းကိုပယ်ရှား၍ မူလအမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။ |
ထို့ကြောင့် မောဘပြည်သားသည် မောဘပြည်ကြောင့် ညည်းတွားငိုကြွေးကြရမည်။ လူတိုင်း ညည်းတွားငိုကြွေးကြရမည်။ သင်တို့သည် ကိရဟရက်မြို့မှ စပျစ်ခြောက်မုန့်များကြောင့် ညည်းတွားကြရမည်။ အမှန်ပင် ပူဆွေးသောကရောက်ကြရမည်။
အီသီယိုးပီးယားမြစ်များတစ်ဖက်ရှိ တောင်ပံသံတဝီဝီမြည်သောပြည်သည် အမင်္ဂလာရှိ၏။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့
အို စစ်မြင်းတို့၊ စစ်ချီကြ။ အို စစ်ရထားတို့၊ ဒုန်းစိုင်းနှင်ကြ။ ဒိုင်းလွှားကိုစွဲကိုင်သော အီသီယိုးပီးယားလူမျိုးနှင့် ဖုတလူမျိုး စစ်သူရဲတို့၊ လေးသည်တော် လုဒိမ်လူမျိုးစစ်သူရဲတို့၊ ချီတက်ကြ။
မြို့ပတ်ပတ်လည်၌ ငြာသံပေးကြ။ ဘေဘီလုံမြို့ လက်နက်ချအရှုံးပေးပြီ။ မျှော်စင်များ ပြိုလဲပြီ။ မြို့ရိုးလည်း ပြိုပျက်ပြီ။ ဤသည်ကား ထာဝရဘုရား၏လက်တုံ့ပြန်ခြင်းဖြစ်၏။ သူပြုခဲ့ဖူးသည့်အတိုင်း သူ့ကို ပြန်ပြုကြ။ သူ့ကို လက်တုံ့ပြန်ကြ။
ထိုမြို့ပေါ်သို့ ကပ်ရောဂါဘေးကျရောက်စေမည်။ လမ်းများပေါ်တွင် သွေးချောင်းစီးစေမည်။ နေရာတိုင်းတွင် ဓားဖြင့်အသတ်ခံရသူတို့ လဲကျသေဆုံးလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ငါသည် အီဂျစ်ပြည်ကို လူသူကင်းမဲ့သောပြည်တကာထက် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်စေမည်။ ပြိုပျက်ရာမြို့များကြားတွင် အီဂျစ်မြို့များသည်လည်း အနှစ်လေးဆယ်ပတ်လုံး ပြိုပျက်နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အတိုင်းတိုင်းအပြည်ပြည်သို့ တကွဲတပြားဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် အီဂျစ်ပြည်သို့ ဓားကိုယူဆောင်လာမည်။ သင့်အထဲမှ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။
သူတို့နှင့်အတူ ဒိုင်းလွှားကိုင်ဆောင်သူ၊ သံခမောက်ဆောင်းသူ ပါးရှားပြည်သား၊ အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သားတို့လည်းပါမည်။
အီဂျစ်ပြည်၏ရွှေငွေဘဏ္ဍာတိုက်နှင့် အဖိုးတန်ရတနာအားလုံးကို လက်ဝါးကြီးအုပ်လိမ့်မည်။ လစ်ဗျားပြည်သား၊ အီသီယိုးပီးယားပြည်သားတို့သည်လည်း သူ့နောက်ကို လိုက်ကြလိမ့်မည်။
“အို အီသီယိုးပီးယားလူမျိုးတို့၊ သင်တို့သည်လည်း ငါ့ဓားဖြင့် ကွပ်မျက်ခံရလိမ့်မည်။”