ယေဇကျေလ 28:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထိုမြို့ပေါ်သို့ ကပ်ရောဂါဘေးကျရောက်စေမည်။ လမ်းများပေါ်တွင် သွေးချောင်းစီးစေမည်။ နေရာတိုင်းတွင် ဓားဖြင့်အသတ်ခံရသူတို့ လဲကျသေဆုံးလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible23 ငါသည်သင်၏ထံသို့ကပ်ရောဂါများကို စေလွှတ်မည်။ သင်၏လမ်းများတွင်သွေးချောင်း စီးစေမည်။ သင်သည်ဝိုင်းရံတိုက်ခိုက်ခြင်း ကိုခံရ၍ သင်၏လူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible23 ငါ သည် မြို့ တွင်း သို့ ကပ် ရော ဂါ ဘေး ကို လည်း ကောင်း၊ လမ်း များ ပေါ် သို့ သွေး သွန်း ဘေး ကိုလည်း ကောင်း၊ သင့် စေ မည့် အ လျောက်၊ အ ဘက် ဘက် က ဓား ဘေး ဖြင့် လုပ် ကြံ ခံ ရ သူ တို့ ကျ ဆုံး သော အ ခါ၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible23 သင့်အပေါ်သို့ ကာလနာဘေးကိုလည်းကောင်း၊ သင်၏လမ်းတို့၌ ဓားဘေးကိုလည်းကောင်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သောဓားဖြင့် သူရဲတို့သည် သင့်အလယ်၌လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထိုနေရာတွင် မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဆီဒုန်လူမျိုးအားလုံးလည်း ရှိကြ၏။ သူတို့သည် အရှိန်အဝါကြီး၍ ကြောက်ရွံ့ခန့်ညားရသောလူများဖြစ်ခဲ့သော်လည်း အသတ်ခံရသောသူတို့နှင့်အတူ အရှက်တကွဲ တွင်းထဲသို့ကျကြရ၏။ ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့နှင့်အတူ လဲလျောင်းရ၍ တွင်းထဲရောက်သွားသူတို့နှင့်အတူ အသရေပျက်ခြင်းကို ခံရလေပြီတကား။