ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ယေဇကျေလ 30:13 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ရုပ်တုတို့ကိုလည်း ငါဖျက်ဆီးပစ်မည်။ မင်ဖစ်မြို့ရှိဘုရားဆင်းတုတို့ကိုလည်း ကွယ်ပျောက်စေမည်။ အီဂျစ်ပြည်တွင် ခေါင်းဆောင်တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ အီဂျစ်ပြည်တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်အောင် ငါပြုမည်။ Common Language Bible အရှင်ထာဝရဘုရားက``ငါသည်နောဖ မြို့ရှိရုပ်တုများနှင့်ဘုရားအတုများကို ဖျက်ဆီးပစ်မည်။ အီဂျစ်ပြည်ကိုအုပ်စိုး မည့်သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည် မဟုတ်။ ငါသည်လူအပေါင်းတို့ကိုကြောက် ရွံ့ထိတ်လန့်စေမည်။- Garrad Bible ငါ သည် ရုပ် ပွား များ ကို ဖျက် ဆီး၍၊ နော ဖ မြို့ ရှိ ဆင်း တု များ ကို ပ ပျောက် စေ ခြင်း၊ အိ ဂျစ် ပြည် တွင် မင်း မျိုး ပြတ် စေ ခြင်း၊ အိ ဂျစ် ပြည် တွင် ကြောက် ရွံ့ သော သ ဘော ကို သွင်း ခြင်း၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကိုလည်း ပယ်ဖြတ်မည်။ နောက်တစ်ဖန် အဲဂုတ္တုမင်းမျိုး မရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြုမည်။ |
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သင်တို့က “ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်နှင့် ဤမြေကြီးပေါ်မှ ပျောက်ပျက်သွားရလိမ့်မည်”ဟု သူတို့အား ပြောရမည်။
မင်ဖစ်မြို့သား၊ တာပနက်မြို့သားတို့သည်လည်း သင်၏ဦးထိပ်ကို ထိုးဖောက်ကြပြီ။
ငါသည် အီဂျစ်နတ်ဘုရားကျောင်းများကို မီးရှို့မည်။ ဘေဘီလုံဘုရင်သည်လည်း ထိုနတ်ဘုရားကျောင်းတို့ကိုမီးရှို့၍ နတ်ဘုရားတို့ကို သိမ်းယူသွားလိမ့်မည်။ သိုးထိန်းသည် အဝတ်ဖြင့် မိမိကိုယ်ကို ပတ်စည်းသကဲ့သို့ ထိုဘုရင်သည်လည်း အီဂျစ်ပြည်ဖြင့် မိမိကိုယ်ကိုပတ်စည်းလိမ့်မည်။ ထိုပြည်မှ သာသာယာယာထွက်သွားလိမ့်မည်။
အီဂျစ်ပြည်ရှိ ဗက်ရှေမက်မြို့၏အထွတ်အမြတ်ကျောက်တိုင်တို့ကိုလည်း ချိုးဖျက်လိမ့်မည်။ အီဂျစ်နတ်ဘုရားကျောင်းများကိုလည်း မီးရှို့လိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။
အီဂျစ်ပြည်၌နေထိုင်သောသမီးပျို၊ အထုပ်အပိုးပြင်ဆင်ထားလော့။ သင်သည် ဖမ်းခေါ်သွားခြင်းခံရတော့မည်။ မင်ဖစ်မြို့သည် ဖျက်ဆီးခံရ၍ နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ နောမြို့ရှိအာမုန်ဘုရား၊ ဖာရောမင်းကြီး၊ အီဂျစ်ပြည်နှင့် အီဂျစ်ပြည်၏ဘုရားများ၊ ဘုရင်များ၊ ဖာရောကို ကိုးစားသောသူများ စသည်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
ငါမြင်ရသောအရာကား အဘယ်နည်း။ သူတို့ ကြောက်၍ နောက်ပြန်ဆုတ်ကြပါသည်တကား။ သူတို့၏စစ်သူရဲတို့သည် ချေမှုန်းခြင်းခံရသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ ဘေးလွတ်ရာသို့ထွက်ပြေးကြပါသည်တကား။ ကြောက်လန့်စရာများ ဝိုင်းရံနေပါသည်တကား”ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်ကို မီးရှို့ပစ်လိုက်သောအခါ သိန်မြို့ အလူးအလိမ့်ခံရမည်။ နောမြို့ ပြိုပျက်သွားမည်။ မင်ဖစ်မြို့ အစဉ်ဆင်းရဲဒုက္ခခံရမည်။
ပျက်စီးခြင်းဘေးကြောင့် သူတို့ထွက်ပြေးသော်လည်း အီဂျစ်ပြည်သည် သူတို့ကိုစုသိမ်းလိမ့်မည်။ မင်ဖိမြို့သည် သူတို့ကိုသင်္ဂြိုဟ်လိမ့်မည်။ သူတို့တန်ဖိုးထားသောငွေတို့ကို ဖက်ယားပင် ဖုံးလွှမ်းသွားလိမ့်မည်။ သူတို့၏တဲများကိုလည်း ဆူးပင်ဖုံးလွှမ်းသွားလိမ့်မည်။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
သူတို့သည် ဒုက္ခပင်လယ်ကို ဖြတ်ကျော်၍ ပင်လယ်လှိုင်းတံပိုးတို့ကို ဒဏ်ခတ်လိမ့်မည်။ နိုင်းမြစ်ရေထုကြီးလည်း ခန်းခြောက်သွားလိမ့်မည်။ အဆီးရီးယားပြည်၏မာန ချိုးဖျက်ခံရလိမ့်မည်။ အီဂျစ်ပြည်၏ရာဇလှံတံလည်း ကွယ်ပျောက်ရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။