ထိုလမ်း၌ ခြင်္သေ့မရှိ။ ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန် တစ်ကောင်မျှ ထိုလမ်းပေါ်သို့ မတက်လာ။ မည်သည့်တိရစ္ဆာန်ကိုမျှ မတွေ့ရ။ ရွေးနုတ်ခံရသောသူတို့သာ ထိုလမ်း၌ သွားလာကြလိမ့်မည်။
ယေဇကျေလ 28:24 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့ကို စူးသောဆူး၊ နာကျင်စေသောဆူးနှင့်တူသောဝန်းကျင်မှ မကောင်းပြောသူများ ရှိတော့မည်မဟုတ်။ နောက်မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သို့ ဣ သ ရေ လ အ မျိုး သား တို့ အား၊ မုန်း ထား သော ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ အ နက်၊ နာ ကျင် စွာ စူး သော ဆူး ငြောင့် သ ဖွယ်၊ နောက် မ ရှိ ရ သော ကြောင့်၊ အ ရှင် ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း၊ ငါ ဟော ပြော ဆင့် ဆို လော့။ Judson Bible ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၌နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူးတတ်သောဆူးပင်၊ နှောင့်ယှက်တတ်သောငြောင့် တစ်စုံတစ်ခုမျှ မကျန်ကြွင်းရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
ထိုလမ်း၌ ခြင်္သေ့မရှိ။ ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန် တစ်ကောင်မျှ ထိုလမ်းပေါ်သို့ မတက်လာ။ မည်သည့်တိရစ္ဆာန်ကိုမျှ မတွေ့ရ။ ရွေးနုတ်ခံရသောသူတို့သာ ထိုလမ်း၌ သွားလာကြလိမ့်မည်။
ဆူးချုံအစား ထင်းရှူးပင်ပေါက်၍ နှင်းဆီရိုင်းပင်အစား မုရတုပင် ပေါက်လိမ့်မည်။ ဤအမှုသည် ထာဝရဘုရားအတွက်အထိမ်းအမှတ်၊ ဖျက်ဆီး၍မရသော ထာဝရအမှတ်လက္ခဏာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့ အမွေဆက်ခံရန် ငါပေးထားသောအမွေပြည်ကိုထိပါးလာသော အိမ်နီးချင်းဆိုးအပေါင်းတို့ကို သူတို့ပြည်မှ ထုတ်ပစ်မည်။ ယုဒအမျိုးအနွယ်တို့ကိုလည်း သူတို့ထဲမှ ထုတ်ပစ်မည်။
အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။
ထိုမြို့ပေါ်သို့ ကပ်ရောဂါဘေးကျရောက်စေမည်။ လမ်းများပေါ်တွင် သွေးချောင်းစီးစေမည်။ နေရာတိုင်းတွင် ဓားဖြင့်အသတ်ခံရသူတို့ လဲကျသေဆုံးလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ထိုပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အိမ်များကို ဆောက်ကြလိမ့်မည်။ စပျစ်ခြံများ စိုက်ပျိုးကြလိမ့်မည်။ သူတို့ဝန်းကျင်တွင်နေထိုင်၍ သူတို့ကို မထီမဲ့မြင်ပြုခဲ့သောလူများကို ငါဒဏ်ခတ်သောအခါ သူတို့သည် စိတ်အေးလက်အေး နေထိုင်ရလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်သွားစေခဲ့သော်လည်း သူတို့၏နေရင်းပြည်သို့ တစ်ယောက်မကျန် ပြန်လည်စုဝေးလာစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။
ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့ထံမှ အကုန်အစင်မနှင်ထုတ်လျှင် သင်တို့ချန်ထားခဲ့သောသူတို့သည် သင်တို့၏မျက်စိ၌ ငြောင့်ကဲ့သို့လည်းကောင်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ သင်တို့နေထိုင်သောပြည်၌ သင်တို့ကို ရန်ပြုကြလိမ့်မည်။
ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ထို့ကြောင့် ‘ထိုပြည်သားတို့ကို သင်တို့၏ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့၏နံဘေး၌ ဆူးကဲ့သို့ဖြစ်လိမ့်မည်။ သူတို့၏ဘုရားတို့သည်လည်း သင်တို့၌ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်’ဟု ငါဆိုပြီ”ဟူ၍ မိန့်ဆို၏။