ထာဝရဘုရားသည် လူသားအားလုံးကို မီးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း တရားစီရင်တော်မူမည်။ ထာဝရဘုရားကွပ်မျက်သောသူတို့သည် များပြားလိမ့်မည်။
ယေဇကျေလ 28:18 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ကြီးလေးသောအပြစ်၊ မတရားကုန်သွယ်သောအပြစ်တို့ကြောင့် သန့်ရှင်းရာဌာန ညစ်ညူးလေပြီ။ ထို့ကြောင့် သင့်အထဲမှ မီးထတောက်၍ သင့်ကို လောင်ကျွမ်းစေမည်။ ကြည့်ရှုသူတို့ရှေ့မှောက် မြေပေါ်တွင် သင့်ကို ပြာပုံဖြစ်စေမည်။ Common Language Bible သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။- Garrad Bible မ တ ရား သော ဖောက် ကား ရေး ၌၊ ဒု စ ရိုက် များ ပြား ၍ သန့် ရှင်း ရာ ဌာ န များ ကို သင် ရှုတ် ချ ပြီး ဖြစ် သော ကြောင့်၊ ငါ သည်၊ သင့် အား ကျွမ်း လောင် သော မီး ကို၊ သင့် အ တွင်း မှ ထွက် စေ သ ဖြင့်၊ ရှု မြင် သူ အ ပေါင်း တို့ ရှေ့ မြေ ပေါ် တွင်၊ ပြာ ပုံ ဖြစ် စေ ပြီ။ Judson Bible သင့်အပြစ်သည် များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသောကြောင့်၊ သင့်ကိုမီးရှို့ဖို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။ |
ထာဝရဘုရားသည် လူသားအားလုံးကို မီးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း တရားစီရင်တော်မူမည်။ ထာဝရဘုရားကွပ်မျက်သောသူတို့သည် များပြားလိမ့်မည်။
သင့်ကိုဖန်ဆင်းသည့်နေ့မှစ၍ သင်ပြုခဲ့သောမတရားမှုပေါ်လာသည့်နေ့တိုင်အောင် အပြစ်တင်စရာတစ်စုံတစ်ခုမျှမရှိခဲ့။
သင်၌ ကုန်သွယ်ရေးလုပ်ငန်းများ များပြားလာသည်နှင့်အမျှ မတရားမှုများလည်း များပြားလာ၏။ ထိုသို့ သင်အပြစ်ပြု၍ ညစ်ညူးသွားသောကြောင့် ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်မှ သင့်ကို ငါနှင်ထုတ်ပစ်၏။ အတောင်ဖြန့်မိုးသော အို ခေရုဗိမ်၊ သင့်ကို တောက်ထိန်နေသောကျောက်တုံးများအလယ်မှ ငါဖယ်ထုတ်ပစ်ပြီ။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
တစ်ဖန် ထိုအထဲမှ အနည်းငယ်ကိုယူပြီး မီးထဲသို့ပစ်ချ၍ မီးရှို့ပစ်လော့။ ထိုမီးသည် အစ္စရေးတစ်မျိုးနွယ်လုံးသို့ ပြန့်သွားလိမ့်မည်။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် မောဘပြည်အပေါ် မီးကိုလွှတ်၍ ကေရုတ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။ မောဘပြည်သည် မြည်ဟည်းသံများ၊ ကြွေးကြော်သံများ၊ တံပိုးမှုတ်သံများကြားတွင်ပင် ကျဆုံးသွားရလိမ့်မည်။
ထို့ကြောင့် ငါသည် ယုဒပြည်အပေါ် မီးကိုလွှတ်၍ ဂျေရုဆလင်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ဘုရားရှင်သည် သူပိုင်ဆိုင်သမျှကိုသိမ်းပိုက်၍ သူ့အစွမ်းကို ပင်လယ်ပြင်တွင် ဖျက်ဆီးတော်မူမည်။ မီးဖြင့် လောင်ကျွမ်းစေတော်မူမည်။
သင်တို့သည် ဆိုးယုတ်သောသူတို့ကို နင်းချေလိမ့်မည်။ အကြောင်းမူကား ငါစီရင်ရာနေ့ရက်၌ သူတို့သည် သင်တို့၏ခြေဖဝါးအောက်သို့ရောက်သော ပြာမှုန့်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။
ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်