ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ယေဇကျေလ 28:16 - မြန်မာ့စံမီသမ္မာကျမ်း သင်၌ ကုန်သွယ်ရေးလုပ်ငန်းများ များပြားလာသည်နှင့်အမျှ မတရားမှုများလည်း များပြားလာ၏။ ထိုသို့ သင်အပြစ်ပြု၍ ညစ်ညူးသွားသောကြောင့် ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်မှ သင့်ကို ငါနှင်ထုတ်ပစ်၏။ အတောင်ဖြန့်မိုးသော အို ခေရုဗိမ်၊ သင့်ကို တောက်ထိန်နေသောကျောက်တုံးများအလယ်မှ ငါဖယ်ထုတ်ပစ်ပြီ။ Common Language Bible သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။- Garrad Bible သင့် အ လေ့ အ လာ စုံ လင် သော် လည်း၊ ဖောက် ကား ရေး များ ပြား သည့် အ တွက်၊ အ ဓ မ္မ မှု နှင့် ပြည့်၍ ပြစ် မှား သော ကြောင့်၊ တောက် ထိန် သော ကျောက် မျက် ရှိ ရာ၊ ငါ ဘု ရား၏ တောင် တော် မှ၊ သင့် ကို ငါ ရှုတ် ချ ဖျက် ဆီး လေ ပြီ။ Judson Bible သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သောသူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ်မည်။ အို လွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။ |
ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ထိုအချိန်၌ မြေကြီးသည် ဘုရားသခင်ရှေ့တော်၌ ယိုယွင်းပျက်စီးလျက်ရှိ၏။ မြေကြီးသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
ငါသည် သင့်ကို သင့်အရိုက်အရာမှ ဖယ်ရှားမည်။ သင့်တာဝန်မှ သင့်ကိုဖြုတ်ချမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ထိုသို့ ကြံစည်တော်မူ၏။ ဤသည်ကား ဂုဏ်သရေမာန်တက်ခြင်းအလုံးစုံကို ရှုတ်ချရန်နှင့် မြေကြီးပေါ်တွင် ချီးမြှောက်ခံရသောသူအပေါင်းတို့ကို နှိမ့်ချရန်အတွက် ဖြစ်၏။
ငါသည် သင့်ကို အတောင်ဖြန့်မိုးသောခေရုဗိမ်တစ်ပါးအဖြစ် ဘိသိက်ပေးပြီး ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်၌ နေရာချထား၏။ သင်သည် မီးတောက်နေသောကျောက်တုံးများအလယ်တွင် သွားလာ၏။
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။
အာဇုတ်မြို့ခံတပ်များနှင့် အီဂျစ်ပြည်ခံတပ်များတွင် ကြွေးကြော်လော့။ “ရှမာရိတောင်ပေါ်မှာ စုဝေး၍ မြို့ထဲတွင် ဝရုန်းသုန်းကားမှုကြီးဖြစ်နေသည်ကို၊ ညှဉ်းပန်းနှိပ်စက်မှုဖြစ်နေသည်ကို ကြည့်ကြလော့။
ကျောက်ဆောင်များကြား မြင့်မားသောနေရာ၌နေ၍ ‘မည်သူသည် ငါ့ကို မြေကြီးပေါ်ဆွဲချနိုင်မည်နည်း’ဟု သင်တွေး၏။ သင့်မာနက သင့်ကိုလှည့်စားလေပြီ။
ထကြ။ ထွက်သွားကြ။ ဤပြည်သည် ငြိမ်းချမ်းသောပြည် မဟုတ်တော့ပြီ။ ဤပြည်သည် ညစ်ညူးသောကြောင့် ကြီးစွာသောပျက်စီးခြင်းဖြင့် ပျက်စီးရလိမ့်မည်။
သူတို့သည် တပ်မက်သဖြင့် လယ်မြေများကို လုယူကြ၍ အိမ်များကိုလည်း သိမ်းပိုက်ကြ၏။ ဤသို့ဖြင့် တစ်ပါးသူနှင့်သူ၏အိမ်၊ တစ်ပါးသူနှင့်သူ၏အမွေဥစ္စာကို အနိုင်အထက်ပြုကြ၏။
မြို့သားသူဌေးတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ မြို့သူမြို့သားတို့သည် အလိမ်အညာစကားကိုသာ ပြောတတ်ကြ၏။ သူတို့၏လျှာသည် လိမ်လည်လှည့်စားသောစကားကိုသာ ဆိုတတ်ကြ၏။
လက်ဘနွန်တောင်ကို သင်နှိပ်စက်ခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ တိရစ္ဆာန်များကို သင်ညှဉ်းဆဲခဲ့သည့်အတိုင်း သင်ပြန်၍ကြောက်လန့်နေရမည်။ သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုလေပြီ။
သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုပြီး လူမျိုးများစွာကို တိုက်ခိုက်လုယူခဲ့သောကြောင့် ကြွင်းကျန်သောသူအပေါင်းတို့သည် သင့်ကို ပြန်၍တိုက်ခိုက်လုယူလိမ့်မည်။
ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း“ဤဥစ္စာများကို ဤနေရာမှယူသွားကြလော့။ ငါ့ခမည်းတော်၏အိမ်တော်ကို ဈေးရုံမဖြစ်စေကြနှင့်”ဟု မိန့်တော်မူ၏။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။