Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟ​ဗက္ကုတ် 2:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သင်​သည် လူ​ကို​သတ်ဖြတ်​၍ ကမ္ဘာမြေ​ရှိ​မြို့​များ​နှင့် မြို့သူမြို့သား​အပေါင်း​တို့​အပေါ် ရက်စက်ကြမ်းကြုတ်မှု​ကို​ပြု​ပြီး လူမျိုး​များစွာ​ကို တိုက်ခိုက်လုယူ​ခဲ့​သောကြောင့် ကြွင်းကျန်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို ပြန်​၍​တိုက်ခိုက်လုယူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သင်​တို့​သည်​နိုင်​ငံ​အ​မြောက်​အ​မြား​မှ​လူ​တို့​% ကို​တိုက်​ခိုက်​လု​ယက်​ခဲ့​လေ​ပြီ။ ယ​ခု​အ​သက်​% မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့​သည် သင်​တို့​% ကူး​လွန်​ခဲ့​သည့်​လူ​သတ်​မှု​များ​ကြောင့်​လည်း​% ကောင်း၊ ကမ္ဘာ​ပေါ်​ရှိ​လူ​များ၊ မြို့​များ​အား​အ​% ကြမ်း​ဖက်​ခဲ့​မှု​တို့​ကြောင့်​လည်း​ကောင်း သင်​တို့​% အား​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်။ %

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 လူ တို့၏ သွေး သွန်း မှု၊ နေ ပြည် နှင့် မြို့ ရွာ မှ စ၍ နေ ထိုင် သ မျှ သော သူ တို့၌ ပြု ခဲ့ သည့် ကြမ်း ကြုတ် မှု အ တွက် လည်း ကောင်း၊ မြောက် မြား သော လူ မျိုး တို့ အား ပြု ခဲ့ သော လု ယက် မှု အ တွက် လည်း ကောင်း၊ ထို လူ မျိုး များ၏ အ ကြွင်း အ ကျန် တို့ သည်၊ သင်၌ လု ယက် မှု ကို တုံ့ ပြန် ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သင်​သည် များ​စွာ​သော​လူ​မျိုး​တို့​ကို လု​ယူ​သော​ကြောင့်၊ ကျန်​ကြွင်း​သော လူ​မျိုး​အ​ပေါင်း​တို့​သည် သင့်​ကို လု​ယူ​ကြ​လိမ့်​မည်။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်၊ ပြည်​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ညှဉ်း​ဆဲ​သော​အ​ပြစ်​ကြောင့် ပြု​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟ​ဗက္ကုတ် 2:8
33 ပူးပေါင်းရင်းမြစ်များ  

အို ပျက်စီး​ခြင်း​သို့​ရောက်​မည့် ဘေဘီလုံ​၏​သမီး​၊ ငါ​တို့​အပေါ် သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​၌​ဆပ်ပေး​မည့်​သူ​သည် မင်္ဂလာ​ရှိ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် သူ​တို့​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ သူ​တို့​ထံမှ​လုယူ​သော​သူ​တို့​၏​အသက်​ကို လုယူ​တော်မူ​လိမ့်မည်​။


ကိုယ်တိုင်​ဖျက်ဆီး​ခြင်း​မ​ခံရ​ဘဲ သူတစ်ပါး​ကို ဖျက်ဆီး​သော​သူ​၊ ကိုယ်တိုင် သစ္စာဖောက်​မ​ခံရ​ဘဲ သူတစ်ပါး​ကို သစ္စာဖောက်​သော​သူ​၊ သင်​သည် အမင်္ဂလာ​ရှိ​၏​။ သင်​သည် သူတစ်ပါး​ကို​ဖျက်ဆီး​ပြီး​လျှင် ပြန်​၍​အဖျက်ဆီး​ခံရ​မည်​။ သူတစ်ပါး​ကို သစ္စာဖောက်​ပြီး​လျှင် ပြန်​၍​သစ္စာအဖောက်​ခံရ​မည်​။


လူ​တို့​သည် သင်​တို့​၏​လုယက်ပစ္စည်း​ကို ကျိုင်းကောင်​အစုအအုံ​ကဲ့သို့ စုပုံ​ထား​ကြ​မည်​။ ကျိုင်းကောင်​များ​ခုန်ပေါက်​ပြေးလွှား​သကဲ့သို့ ထို​ပစ္စည်း​တို့​အပေါ် ပြေးလွှား​ကြ​မည်​။


ငါ​၏​လူမျိုး​တော်​ကို ငါ​အမျက်ထွက်​၏​။ ငါ​၏​အမွေခံ​ကို ငါ​ရှုတ်ချ​၍ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​လိုက်​၏​။ သို့သော် သင်​သည် သူ​တို့​ကို သနားစုံမက်​ခြင်း​မ​ရှိ​။ အသက်ကြီး​သူ​တို့​ကို​ပင် အလွန်​လေးလံ​သော​ထမ်းပိုး​ကို ထမ်း​စေ​၏​။


သူ​၏​နိုင်ငံ​အဆုံး​မ​ရောက်​မီ​အထိ လူမျိုး​အပေါင်း​တို့​သည် သူ​နှင့်​သူ​၏​သား​မြေး​တို့​ထံ၌ အစေခံ​ရ​လိမ့်မည်​။ ထို့နောက်မှ သူ​သည် လူမျိုး​ကြီး​များ​၊ တန်ခိုးကြီး​သော​ဘုရင်​များ​ထံ အစေခံ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


သင့်​ကို ဝါးမျို​သော​သူ​အပေါင်း​တို့​သည် ဝါးမျို​ခြင်း​ကို​ခံရ​လိမ့်မည်​။ သင်​၏​ရန်သူ​အပေါင်း​တို့​သည် တစ်ယောက်မကျန် ဖမ်းခေါ်​သွား​ရာ​သို့ လိုက်ပါ​ရ​လိမ့်မည်​။ သင့်​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​သည်​လည်း တိုက်ခိုက်လုယက်​ခြင်း​ခံရ​မည်​။ သင့်​ကို သိမ်းပိုက်​သော​သူ​အပေါင်း​တို့​သည် သိမ်းပိုက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


လေးသည်တော်​အပေါင်း​တို့​၊ ဘေဘီလုံ​မြို့​ပတ်ပတ်လည်​၌ တပ်ခင်း​ကြ​။ သူ​သည် ထာဝရဘုရား​ကို ပြစ်မှား​သောကြောင့် မြား​ကို​မ​နှမြော​ဘဲ ပစ်​ကြ​။


ဘေဘီလုံ​မြို့​မှ​ထွက်ပြေး​လွတ်မြောက်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လေ​ပြီ​။ သူ​တို့​သည် ငါ​တို့​ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်​ခြင်း​အကြောင်း​၊ ဗိမာန်တော်​အတွက် လက်တုံ့ပြန်​ခြင်း​အကြောင်း​ကို ဇိအုန်​မြို့​တွင် ကြွေးကြော်​ကြ​လေ​ပြီ​။


ဓားဘေး​ကြောင့် မြင်း​များ​၊ စစ်ရထား​များ​၊ ပြည်​ထဲ​ရှိ​လူမျိုးခြား​များ​သည် မိန်းမ​ကဲ့သို့ ကြောက်​ကြ​လိမ့်မည်​။ ဓားဘေး​ကြောင့် ဘဏ္ဍာတိုက်​များ အသိမ်း​ခံရ​လိမ့်မည်​။


မြစ်​နား​၌​နေ​၍ ဥစ္စာ​ကြွယ်ဝ​သော​မြို့​၊ သင်​၏​မတရား​အကျိုးစီးပွားရှာ​ခြင်း​များ အဆုံးသတ်​မည့်​အချိန်​ရောက်လာ​ပြီ​။


ဇိအုန်​မြို့သူမြို့သား​အပေါ် ဘေဘီလုံ​မြို့သူ ခါလဒဲ​ပြည်သား​တို့​ကျူးလွန်​ခဲ့​သည့် လုပ်ရပ်​အတိုင်း သူ​တို့​ကို သင်​တို့​မျက်စိ​ရှေ့​တွင် ပြန်ပေးဆပ်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဘေဘီလုံ​မြို့​ရှိ ဗေလ​ဘုရား​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​ဝါးမျို​ခဲ့​သမျှ​ကို သူ့​ပါးစပ်​မှ ပြန်​အန်ထုတ်​စေ​မည်​။ လူမျိုးတကာ​တို့​သည် သူ့​ကို ဆည်းကပ်​ကြ​တော့​မည်​မ​ဟုတ်​။ ဘေဘီလုံ​မြို့ရိုး​ကြီး ပြိုလဲ​သွား​လေ​ပြီ​။


မိုးကောင်းကင်​အောက်​၊ မြေကြီး​ပေါ်​ရှိရှိသမျှ​တို့​သည် ဘေဘီလုံ​မြို့​ကြောင့် အားရဝမ်းမြောက်​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ အဖျက်သမား​သည် မြောက်အရပ်​မှ​လာ​၍ ထို​မြို့​ကို တိုက်ခိုက်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဘေဘီလုံ​မြို့​ကြီး ရုတ်ခြည်း​ပြိုလဲ​ပျက်စီး​သွား​ပြီ​။ သူ့​အတွက် ညည်းတွားငိုကြွေး​ကြ​လော့​။ ဝေဒနာ​ပျောက်​ကောင်း​ပျောက်​နိုင်​မည်​ဖြစ်၍ လိမ်းဆေး​ယူလာ​ပေး​ကြ​လော့​။


သင်​၌ ကုန်သွယ်ရေးလုပ်ငန်း​များ များပြား​လာ​သည်​နှင့်အမျှ မတရားမှု​များ​လည်း များပြား​လာ​၏​။ ထိုသို့ သင်​အပြစ်ပြု​၍ ညစ်ညူး​သွား​သောကြောင့် ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်မှ သင့်​ကို ငါ​နှင်ထုတ်​ပစ်​၏​။ အတောင်​ဖြန့်မိုး​သော အို ခေရုဗိမ်​၊ သင့်​ကို တောက်ထိန်​နေ​သော​ကျောက်တုံး​များ​အလယ်​မှ ငါ​ဖယ်ထုတ်​ပစ်​ပြီ​။


ကွင်းပြင်​မှ​ထင်း​များ​ကို စုသိမ်း​စရာ​မ​လို​၊ တော​ထဲမှ ထင်း​များ​ကို ခုတ်ယူစရာ​မ​လို​။ ထို​လက်နက်​များ​ကို လောင်စာ​အဖြစ် အသုံးပြု​ကြ​လိမ့်မည်​။ သူ​တို့​ထံ လုယူ​ခဲ့​သော​အရာ​များ​ကို သူ​တို့​ပြန်လည်​လုယူ​ကြ​လိမ့်မည်​။ သူ​တို့​ထံ သိမ်းယူ​သွား​သော​အရာ​တို့​ကို သူ​တို့​ပြန်လည်​သိမ်းယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


စင်စစ် သူ​တို့​သည် မှန်ကန်​ရာ​ကို မ​ပြု​တတ်​ကြ​။ သူ​တို့​၏​ခံတပ်​တွင် အကြမ်းဖက် လုယူထား​သော​ပစ္စည်း​ကို သို​ထား​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


အကယ်စင်စစ် လူမျိုး​တကာ​တို့​ကို စီရင်​မည့် ထာဝရဘုရား​နေ့​တော်​သည် ရောက်လုနီး​ပြီ​။ ထို​နေ့​တွင်​သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ခံ​ရ​မည်​။ သင်​ပြု​သမျှ သင့်​ခေါင်း​ပေါ်​ပြန်ရောက်​လိမ့်မည်​။


သင့်​အိမ်သူအိမ်သား​တို့ အရှက်ရ​စေရန် သင်​ကြံစည်​ပြီ​။ လူ​များစွာ​ကို ဖျက်ဆီး​ခြင်း​ဖြင့် သင့်ကိုယ်သင်​ပြစ်မှား​ပြီ​။


လက်ဘနွန်​တောင်​ကို သင်​နှိပ်စက်​ခဲ့​သည့်​အတိုင်း သင်​ပြန်​ခံရ​မည်​။ တိရစ္ဆာန်​များ​ကို သင်​ညှဉ်းဆဲ​ခဲ့​သည့်​အတိုင်း သင်​ပြန်​၍​ကြောက်လန့်​နေ​ရ​မည်​။ သင်​သည် လူ​ကို​သတ်ဖြတ်​၍ ကမ္ဘာမြေ​ရှိ​မြို့​များ​နှင့် မြို့သူမြို့သား​အပေါင်း​တို့​အပေါ် ရက်စက်ကြမ်းကြုတ်မှု​ကို​ပြု​လေ​ပြီ​။


ငါ​အနည်းငယ်​အမျက်ထွက်​၍ ဂျေရုဆလင်​မြို့​ကို ဘေးပြုဆုံးမ​စေ​သော်လည်း ငြိမ်းချမ်း​စွာ​နေ​ရ​သော​လူမျိုးခြား​တို့​သည် ပို၍ ပြု​ကြ​သောကြောင့် သူ​တို့​ကို ငါ​အလွန်​အမျက်ထွက်​၏’​ဟု မိန့်​တော်မူ​၏​။


ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​သော​လူမျိုး​အပေါင်း​တို့​အား ထာဝရဘုရား​ဒဏ်ခတ်​မည့်​ကပ်ရောဂါ​ကား သူ​တို့​သည် ခြေစုံရပ်​လျက်​နေ​စဉ်ပင် အသားအရေ​ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​မျက်စိ​သည်​လည်း မျက်လုံးအိမ်​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​လျှာ​သည်​လည်း ခံတွင်း​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။


ထို​သူ​တို့​က “သန့်ရှင်း​၍ ဖြောင့်မှန်​တော်မူ​သော​သခင်၊ အကျွန်ုပ်​တို့​၏​သွေး​အတွက် ကမ္ဘာ​မြေကြီး​ပေါ်မှာ​နေထိုင်​သော​သူ​တို့​ကို တရား​မ​စီရင်၊ လက်တုံ့​လည်း​မ​ပြန်​ဘဲ မည်မျှ​ကြာအောင်​နေ​တော်မူ​မည်နည်း”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ