ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။
ယေဇကျေလ 26:14 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကို ကျောက်တလင်းပြင်ဖြစ်စေမည်။ ပိုက်ကွန်လှန်းစရာနေရာဖြစ်စေမည်။ သင့်ကို ပြန်လည်တည်ဆောက်တော့မည်မဟုတ်။ ငါထာဝရဘုရားမိန့်ဆိုပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible ရေလုပ်သားတို့ပိုက်ကွန်လှန်းရန်ကျောက် သားပကတိကိုသာလျှင်ချန်ထားမည်။ မြို့ကိုအဘယ်အခါမျှပြန်လည်တည် ဆောက်ရမည်မဟုတ်ဟု ငါထာဝရဘုရား မိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။'' Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ချက် အ ရ၊ ပြောင် သော ကျောက်၊ ပိုက် ကွန် ဖြန့် ရာ၊ ငါ ထား သော သင် သည်၊ ပြု စု ခွင့် ရ တော့ မည် မ ဟုတ် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို၏။ Judson Bible သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ပိုက်ကွန်လှန်းရာအရပ်ဖြစ်ရလိမ့်မည်။ နောက်တစ်ဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသည်ကို မည်သူဖျက်မည်နည်း။ ဆန့်ထားလျက်ရှိသောလက်တော်ကို မည်သူပြန်ရုပ်သိမ်းမည်နည်း။
ကိုယ်တော်က “နှိပ်စက်ခြင်းခံရသောဆီဒုန်သမီးပျို၊ သင်သည် နောက်တစ်ဖန် ရွှင်မြူးရတော့မည်မဟုတ်။ ထ၍ ဆိုက်ပရပ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း သင့်အတွက်ငြိမ်းချမ်းခြင်းရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်သည် လောင်စာဖြစ်မည်။ ဤပြည်တွင် သင်အသတ်ခံရမည်။ သင့်ကို အောက်မေ့တော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင့်ကို ဒဏ်ခတ်သောအခါ သင်ခံရပ်နိုင်မည်လော။ သင့်လက်တို့ အားကြီးနိုင်မည်လော။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်း ပြုမည်။
သင်၏ဥစ္စာပစ္စည်းများကိုလုယူမည်။ ကုန်ပစ္စည်းများကို သိမ်းယူမည်။ မြို့ရိုးတို့ကိုဖြိုဖျက်လိမ့်မည်။ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ကျောက်များ၊ သစ်သားများကို အမှုန့်ပါမကျန် ပင်လယ်ထဲသို့ပစ်ချကြလိမ့်မည်’ဟု မိန့်တော်မူ၏။
မြစ်ချောင်းများကို ခန်းခြောက်စေမည်။ ပြည်ကို လူဆိုးတို့လက်သို့ အပ်လိုက်မည်။ တစ်ပါးအမျိုးသားတို့လက်ချက်ဖြင့် ပြည်တစ်ပြည်လုံးကို ဖျက်ဆီးပစ်မည်ဟု ငါထာဝရဘုရား မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
အင်္ဂေဒိမှ ဧနေဂလိအရပ်တိုင်အောင် ကမ်းစပ်တစ်လျှောက်သည် တံငါသည်တို့ကျင်လည်ရာ၊ သူတို့၏ပိုက်ကွန်များဖြန့်ရာအရပ် ဖြစ်လိမ့်မည်။ မြေထဲပင်လယ်ရှိငါးများကဲ့သို့ ထိုအရပ်၌ ငါးတို့သည် အမျိုးအလိုက် အလွန်များပြားကြလိမ့်မည်။
‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။
သင်တို့ထံ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို စေလွှတ်မည်၊ သားရဲတိရစ္ဆာန်တို့ကို စေလွှတ်မည်။ သင်တို့သည် သားသမီးမဲ့ ဖြစ်ကြလိမ့်မည်။ ကပ်ရောဂါဘေး၊ သေဘေးတို့ သင့်ထံရောက်လာမည်။ သင့်အပေါ် ဓားဘေးကျရောက်စေမည်’ဟူ၍ ငါထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်ဆိုလေ၏။
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို လဟာပြင်အလယ်၌စုပုံ၍ သင်၏ဘုရားသခင်ထာဝရဘုရားထံ ထိုမြို့နှင့်တကွ တိုက်ယူသောပစ္စည်းရှိသမျှတို့ကို အကုန်အစင်မီးရှို့ပူဇော်ရမည်။ ထိုမြို့သည် အပျက်အစီးပုံကြီး အစဉ်ဖြစ်ရမည်။ နောက်တစ်ဖန် မတည်ဆောက်ရ။