ယေဇကျေလ 26:14 - Common Language Bible14 ရေလုပ်သားတို့ပိုက်ကွန်လှန်းရန်ကျောက် သားပကတိကိုသာလျှင်ချန်ထားမည်။ မြို့ကိုအဘယ်အခါမျှပြန်လည်တည် ဆောက်ရမည်မဟုတ်ဟု ငါထာဝရဘုရား မိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။'' အခန်းကိုကြည့်ပါ။Garrad Bible14 ငါ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ချက် အ ရ၊ ပြောင် သော ကျောက်၊ ပိုက် ကွန် ဖြန့် ရာ၊ ငါ ထား သော သင် သည်၊ ပြု စု ခွင့် ရ တော့ မည် မ ဟုတ် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible14 သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ပိုက်ကွန်လှန်းရာအရပ်ဖြစ်ရလိမ့်မည်။ နောက်တစ်ဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင့်ကို ကျောက်တလင်းပြင်ဖြစ်စေမည်။ ပိုက်ကွန်လှန်းစရာနေရာဖြစ်စေမည်။ သင့်ကို ပြန်လည်တည်ဆောက်တော့မည်မဟုတ်။ ငါထာဝရဘုရားမိန့်ဆိုပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။
ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-