သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
ယေဇကျေလ 23:35 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ငါ့ကိုမေ့လျော့ပြီး လျစ်လျူရှုထား၏။ ထို့ကြောင့် သင်ပြုသောညစ်ညမ်းမှု၊ ဖောက်ပြန်မှားယွင်းမှုများ၏အကျိုးဆက်ကို သင်ပြန်ခံရမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။ Garrad Bible သို့ ဖြစ်၍ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ့ ကို သ တိ လစ် လျက် ကျော ခိုင်း ပြီး ဖြစ် သော ကြောင့်၊ ကိုယ့် ကာ မ ဂုဏ် လိုက် စား ခြင်း၊ ပြည့် တန် ဆာ လုပ် ခြင်း ပြစ် ဝန် ကို ထမ်း လော့ ဟု၊ အ မိန့် ရှိ သည် ဟူ၍ တည်း။ Judson Bible သို့ဖြစ်၍၊ သင်သည် ငါ့ကိုမေ့လျော့၍၊ သင့်ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့် မတရားသော မေထုန်အမှု၏အပြစ်ကိုခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
သင်မူကား သင့်ရှေ့ကလူအပေါင်းတို့ထက် ဆိုးညစ်မှုများကို ပြုလေပြီ။ သင်သည် ငါ့ကိုကျောခိုင်းပြီး အခြားဘုရားများ၊ ရုပ်တုများကို ပြုလုပ်ကာ ငါ့ကိုအမျက်ထွက်စေပြီ။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
သင်သည် သင့်ကိုကယ်တင်တော်မူသောဘုရားသခင်ကို မေ့လျော့၍ သင်၏မှီခိုရာကျောက်ဆောင်ကို မအောက်မေ့။ ထို့ကြောင့် နှစ်သက်ဖွယ်သောအပင်တို့ကိုစိုက်ပျိုးလိမ့်မည်။ တစ်ပါးအမျိုးသား၏စပျစ်ကိုင်းကို စိုက်လိမ့်မည်။
ထာဝရဘုရားက “သင်သည် ငါ့ကိုမေ့လျော့၍ အချည်းနှီးသောအရာကို ယုံကြည်ကိုးစားသောကြောင့် ဤသည်ကား သင့်ကို ငါခွဲဝေပေးသော ဝေစုဖြစ်၏။
သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
ဘိုးဘေးတို့သည် ဗာလကို ကိုးကွယ်ပြီး ငါ့နာမကိုမေ့လျော့သကဲ့သို့ သူတို့က သူတို့အချင်းချင်းပြောဆိုသောအိပ်မက်များအားဖြင့် ငါ့လူမျိုးတို့ ငါ့နာမကိုမေ့လျော့အောင် ကြံစည်နေကြ၏။
အစ္စရေးအမျိုးသားတို့သည် ဖောက်ပြန်လမ်းလွဲ၍ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြသောကြောင့် တောင်ကတုံးများပေါ်၌ သူတို့ငိုကြွေးသောအသံ၊ အသနားခံသောအသံကို ကြားရပြီ။
သူတို့ကို အကြိမ်ကြိမ်ဆုံးမသွန်သင်သော်လည်း သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို မနာခံဘဲ ငါ့ကိုမျက်နှာလွှဲ၍ ကျောခိုင်းသွားကြပြီ။
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့ လမ်းလွဲသွားသောအခါ လေဝိအမျိုးသည်လည်း ငါနှင့်ဝေးသွားကြ၏။ ငါ့ထံမှလမ်းလွဲ၍ ရုပ်တုနောက်သို့ လိုက်ကြ၏။ သူတို့သည် ကိုယ့်အပြစ်ကိုယ်ခံကြရမည်။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်’ဟု မိန့်တော်မူ၏။
သူတို့ကို ဝလင်စွာကျွေးမွေးခဲ့၏။ သူတို့ဝလင်လာသောအခါ ထောင်လွှားသောစိတ်ဝင်၍ ငါ့ကို မေ့လျော့လာကြ၏။
အစ္စရေးသည် သူ့ကိုဖန်ဆင်းတော်မူသောအရှင်ကို မေ့လျော့၍ ဘုံဗိမာန်များစွာကို တည်လေပြီ။ ယုဒသည်လည်း ခံတပ်မြို့များကို တည်လေပြီ။ သို့သော် ငါသည် ထိုမြို့များအပေါ်သို့ မီးကိုကျရောက်စေ၍ ခံတပ်မြို့များကို လောင်ကျွမ်းစေမည်။”
သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် မိမိ၏ဘုရားသခင်ကိုကျိန်ဆဲလျှင် ထိုသူသည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
ဤတောကန္တာရထဲ၌ သင်တို့ အလောင်းကောင်ဖြစ်ကုန်သည်အထိ သင်တို့၏သားသမီးတို့သည် သင်တို့ဖောက်ပြန်သောအပြစ်ကိုဆောင်လျက် ဤတောကန္တာရထဲတွင် အနှစ်လေးဆယ်လှည့်လည်ရကြလိမ့်မည်။
သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
အစ္စရေးအမျိုးသားတို့သည် အပြစ်သင့်၍ မသေကြရမည့်အကြောင်း ယခုမှစ၍တွေ့ဆုံစည်းဝေးရာတဲတော်သို့ မချဉ်းကပ်ရ။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။