တောလည် 18:22 - မြန်မာ့စံမီသမ္မာကျမ်း22 အစ္စရေးအမျိုးသားတို့သည် အပြစ်သင့်၍ မသေကြရမည့်အကြောင်း ယခုမှစ၍တွေ့ဆုံစည်းဝေးရာတဲတော်သို့ မချဉ်းကပ်ရ။ အခန်းကိုကြည့်ပါ။Common Language Bible22 အခြားသောဣသရေလအနွယ်ဝင်တို့သည် တဲတော်အနီးသို့မချဉ်းကပ်ရ၊ ချဉ်းကပ်မိ သောသူတို့သည်သေဒဏ်ခံရမည်။- အခန်းကိုကြည့်ပါ။Garrad Bible22 ဣ သ ရေ လ အ မျိုး သား တို့ သည် အ ပြစ် ဝန် ကို ထမ်း၍ သေ ဘေး နှင့် မ တွေ့ ရန် တွေ့ ဆုံ ရာ တဲ တော် သို့ နောက် တစ် ဖန် မ ချဉ်း ကပ် ဘဲ၊ အခန်းကိုကြည့်ပါ။Judson Bible22 ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကိုခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ်ရကြ။ အခန်းကိုကြည့်ပါ။ |
ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။